ကမ္ဘာ့အလုပ်သမားနေ့သည် လွန်ခဲ့သည့်နှစ်ပေါင်းတစ်ရာကျော်လောက်က ဥရောပနှင့်အမေရိကတိုက်က အလုပ်ကြမ်းသမားတွေ မိမိတို့အခွင့်အရေးအတွက် တိုက်ပွဲဝင်တောင်းဆိုခဲ့ရာမှစတင်ခဲ့ပါတယ်
MAY DAY မွေးဖွားခြင်း
=================
1886 တွင်အမေရိကန်နိုင်ငံချီကာဂိုမြို့မှ အလုပ်သမားများတို့က မိမိတို့အပေါ် ဖိနှိပ်သည့် အရင်းနှီးရှင် အာဏာရှင်များထံ 888 လုံးဥပဒေခေါင်းစဉ်ဖြင့် ဆန့်ကျင့်ဆန္ဒပြခဲ့ကြပါတယ် ဒါကိုအစွဲပြုပြီးတော့1889 ခုနှစ်တွင် နိုင်ငံတကာ အသိုင်းဝိုင်းကောင်စီမှ ညီလာခံပွဲကြီး တရပ်ကို ပြင်သစ်နိုင်ငံပါရီမြို့မှကျင်းပကာ နှစ်စဉ် 5 လပိုင်း 1 ရက် နေ့ကို ကမ္ဘာတည်သရွေ့ ကမ္ဘာ့အလုပ်သမားနေ့ဟုသတ်မှတ်ရန် တညီတညွတ်ဆုံြး့ဖတ်သတ်မှတ်ခဲ့သည့်အတွက် မေးဒေလ်းမွေးဖွားခဲ့ခြင်းဖြစ်သည်..။

ထိုင်းနိုင်ငံတွင် မေဒေလ်းရောက်ရှိခြင်း
========================
1946 မှာထိုင်းနိုင်ငံဘန်ကောက်မှ အလုပ်ကြမ်းသမားများနှင့် သုံးဘီးကားသမားများ လူမှုဖူလုံရေးအဖွဲ့တို့နှင့်တကွ အလုပ်သမားပေါင်း 3000 ကျော်တို့ကစတင်ကျင်းပခဲ့ကြပါတယ်

ဒါပေမယ့် 1947 မှာထိုင်းက စစ်တပ်အာဏာသိမ်းတော့ မေဒေလ်း ကို စိတ်ကလေးနဲ့ပဲ ကျင်းပခွင့်ရခဲ့ကြပါတယ် ထိုနောက် အရင်းနှီးရှင် စစ်အာဏာရှင်တို့၏ဖိနှိပ်မှုကို မခံနိုင်သည့်အဆုံး 1956 ခုနှစ်မှာပြန်လည်ကာ လုပ်ငန်းပေါင်း 16 ခုမှ အလုပ်သမားပေါင်းများစွာတို့က ထိုဖိနှိပ်မှုတို့ကို တွန်းလှန်ဖို့ရန်အတွက် မေဒေလ်းနေ့သတ်မှတ်ပေးရေး အလုပ်သမားများအတွက် အကာကွယ်ပေးနိုင်သည့် ဥပဒေပြဌာန်းရေးတို့ကို အရဲစွန့်ကာ တိုက်ပွဲဝင်တောင်းဆိုခဲ့ကြပါသည်
စစ်တပ်က လက်ခံခြင်းမရှိခဲ့ပေမယ့် အသိမှတ်ပြုပေးခဲ့သည့်အတွက် ထိုင်းနိုင်ငံတွင်လည်း
MAY DAY ကျင်းပခွင့် တနည်း မွေးဖွားလာခြင်းဖြစ်သည်....။

ထိုမေဒေလ်းနေ့တွင် အရင်းနှီးရှင် လုပ်ငန်းရှင်တို့၏ စီးပွားရေး တိုးတက်အောင်မြင်စေရေး ကြီးပွားချမ်းသာစေရေးအတွက် အခြေခံအလုပ်သမားတွေက မိမိတို့ရဲ့ဘဝရပ်တည်ရေးအတွက် အားနဲ့မာန်နဲ့ လုပ်ပေးခဲ့ရပါတယ် အရှင်းနှီးရှင်တွေက တစ်နေ့တစ်ခြားကြီးပွားလာပေမယ့် အလုပ်သမားတွေရဲ့ဘဝက ထူးမခြားနားဖြစ်ကာ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းခံရပါတယ်..။
မေဒေလ်နေ့ ရင်တွင်းပေါက်ကွဲသံ
======================
ကျွန်တော်တို့အလုပ်သမားတွေအနေနဲ့ ဘာကြောင့်များ ကမ္ဘာ့အသီးသီးနိုင်ငံများက လူတန်းစားမရွေး အားတက်သရော လက်ခံကျင်းပသော မေဒေလ်းကို မသိကျိုးကျွံပြု နေတာလဲ နေ့စဉ်နှင့်အမျှ ကုန်ဈေးနှုံးက မြင့်တတက်မြင့်လာတယ် ဒါပေမယ့် ကျွန်တော်တို့အလုပ်သမားတွေရဲ့လုပ်အားခက မြင့်တက်လာခြင်းမရှိဘူးဒီတော့ နိုင်ငံတကာက အလုပ်သမားပေါင်းများစွာတို့က မိမိတို့ လုပ်ရသောအလုပ်နဲ့တူမျှသော
လုပ်အားခ ရရှိရေး
ဖိနှိပ်မှုတွေပပျောက်ရေး
အပြစ်မဲ့ အလုပ်မှရပ်ဆိုင်းရေး
ကိုယ်ဝန်ဆောင်မိခင်များအား အလုပ်မှရပ်ဆိုင်းရေး
အစရှိသည့် အရေးပေါင်းများစွာတောင်းဆိုနေကြတာကို
ကျွန်တော်တို့တွေက ဘာလို့များပူးပေါင်းပါဝင်မှုအားနည်းနေတာလဲ
ဘာကိုကြောက်နေတာလဲ အဲဒီကြောက်စိတ်တွေကြောင့် အခုလိုအဖိနှိပ်ခံနေရတာကိုမသိလေရော့သလား....။
ယနေ့ပူးပေါင်းပါဝင်လာသူများအားလုံးကိုကျေးဇူးတင်ရင်းနဲ့ နောင်များ ဒီထက်မက ပူးပေါင်းပါဝင်ကြဖို့တိုက်တွန်းပါတယ်...။

0 comments:
Post a Comment