၁။သာမန်အလုပ်ချိန်။
သာမန်အလုပ်ချိန်သည်တရက်လျှင်(၈)ထက်မကျော်လွန်စေရ သို့မဟုတ်အလုပ်ရှင်နှင့်အလူပ်သမားတို့၏
သဘောတူညီမှုအရ ဖြစ်နိုင်သော်လည်းရက်သတ္တပါတ်လျှင်(၄၈)နာရီထက်မကျော်စေရ။
တရက်လျှင်(၇)နာရီထက်မကျော်လွန်သော သို့မဟုတ်ရက်သတ္တပါတ်လျှင်(၄၂)ထက်မကျော်လွန်သော အလုပ်ချိန်ကို ဘေးအန္တရာယ်ရှိသော အလုပ်များအတွက်ခွင့်ပြုမည်ဖြစ်ပါသည်။(ဥပမာ ) မြေအောက်လုပ်ငန်းများ၊ရေအောက်လုပ်ငန်းများ၊လှိုင်းခေါင်းအတွင်း၌လုပ်ရသောလုပ်ငန်းများ၊ကန့်သတ်ဧရိယာအတွင်းရှိလုပ်ရသောလုပ်ငန်းများ၊ဂဟေဆော်လုပ်ငန်းများ ရောင်ခြည်လုပ်ငန်းများ၊ အန္တရာယ်ရှိသော ဓါတ်ပစ္စည်ပို့ဆောင်ခြင်းလုပ်ငန်းများ၊ ဓါတ်ပစ္စည်းထုတ်လုပ်ခြင်းလုပ်ငန်းများ၊ စက်ယန္တရားတို့၏တုန်လှုပ်ခြင်းကြောင့်အလုပ်သမားများအားထိခိုက်နိုင်သည့်လုပ်ငန်းများ၊ အပူချိန်မြင့်မားလွန်းသောလုပ်ငန်းများ၊ အအေးဓါတ်မြင့်မားလွန်းသောလုပ်ငန်းများ စရှိသည့်လုပ်ငန်းများ ဖြစ်ကြပါသည်။အလုပ်သမားများထိခိုက်နိုင်မှုနှင့်လုံခြုံရေးအတွက် လုပ်ငန်းငန်းများကို အကာအကွယ်များဖြည့်ဆည်းဆောင်ရွက်ထားရှိရမည်။
၂။နားချိန်နေချိန်သာမန်အလုပ်ချိန်အတွင်းနားနေချိန်
အလုပ်သမားတဦးသည်တရက်လျှင်(၅)ရီဆက်တိုက်အလုပ်လုပ်ပြီးပါက တနာရီထက်မနည်းသော နားနေချိန်ကိုခံစားပိုင်ခွင့်ပါရှိသည်။စားသောဆိုင်လုပ်ငန်းများ၊ ယမကာရောင်းချသောဆိုင်လုပ်ငန်းများ တွင် စဉ်ဆက်မပြတ်ဖွင့်ထားသောလုပ်ငန်းများမဟုတ်ပါကတရက်လျှင်(၂)ရီနားပိုင်ခွင့်ရှိပါသည်။
လုပ်ငန်းသဘောအရစဉ်ဆက်မပြတ်လုပ်ရသောလုပ်ငန်းများမှာ အရေးပေါ်ရှိသောလုပ်ငန်းများတွင် အလုပ်သမားများ၏သဘောဆန္ဒအတိုင်းနားချိန်ကိုလုပ်ငန်းရှင်ကစီစဉ်ပေးမည်မဟုတ်ပါ။ လုပ်ငန်းရှင်စီစဉ်သောအချိန်၌သာလျှင်နားနေရမည်ဖြစ်ပါသည်။
အချိန်ပိုမလုပ်ခင်နားနေချိန်။
အလုပ်ရှင်သည် လုပ်ငန်းလိုအပ်ချက်အရ သာမန်အလုပ်ချိန်အပြီး(၂)နာရီထက်မနည်းသောအချိန်ပို လုပ်ဆောင်ရန်လိုအပ်ပါက အလုပ်သမားတစ်ဦးအား(၂၀)မိနစ်ထက်မနည်းသောနားနေချိန်ကို စီစဉ်ဆောင်ရွက်ပေးရမည် ဖြစ်ပါသည်။
၃။အလုပ်ပိတ်ရက်။
အပတ်စဉ်အလုပ်ပိတ်ရက်သည် ရက်သတ္တပတ်လျှင်(၁)ရက်ထက်မနည်းစေရ။အပတ်စဉ်အလုပ်ပိတ်ရက်နှင့် တပတ်အကြားအနည်းဆုံး(၆)ရက်ထက်မကျော်လွန်စေရ၊ ဟိုတယ်လုပ်ငန်း ပိုပဆောင်ရေးလုပ်ငန်းများ၊သစ်တောတွင်းထွက်လုပ်ငန်းများ၊ အခြေခံလိုအပ်ချက်များမပြည့်စုံသည့် လုပ်ငန်းခွင်များဝန်ကြီးဌာနာ၏လုပ်ထုံးနည်းများအရ သတ်မှတ်ပြထားသောခွင်များတွင် အပတ်စဉ်အလုပ်ပိတ်ရက်ကို(၄)ပတ်ကာလအတွင်း ရွှေ့ဆိုင်းခြင်းကိုအလုပ်ရှင်နှင့်အလုပ်သမားတို့၏ သဘောတူညီမှုအတွက်ဆောင်ရွက်နိုင်သည်။
ရိုးရာဓလေ့အလုပ်ပိတ်ရက်
ရိုးဓလေ့အလုပ်ရက်များတွင် အမျိုးသားနေ့၊ အလုပ်သမားနေ့၊ အပါအဝင် အစိုးရရုံးပိတ်ရက်များ၊ ဘာသာရေးဆိုင်ရာရုံးပိတ်ရက်များ သို့မဟုတ်ဒေသဆိုင်ရာရိုးရာဓလေ့အလုပ်ပိတ်ရက်များ ကိုအလုပ်သမားတိုင်း တစ်နှစ်လျှင်(၁၃) ရက်ထက်မနည်းသောပိတ်ရက်ခံစားပိုင်ခွင့်ရမည်ဖြစ်ပါသည်။
အကယ်၍ရိုးရာဓလေ့အလုပ်ပိတ်ရက်သည် အပတ်စဉ်အလုပ်ပိတ်ရက်နှင့် တထပ်းတည်းကျရောက်ခဲ့ပါက ရှေ့ ရက်တွင် အစားနားပိုင်ခွင့်ပါသည်။ အထက်ပါနားရက်များသည် အလုပ်သမားတိုင်း၏ အခွင့်ရေးဖြစ်ပါသည်။
ဟိုတယ်လုပ်ငန်းများ၊ ဖျော်ဖြေရေးလုပ်ငန်းများ၊ ယမကာရောင်းချသောလုပ်ငန်းများ၊ အစားအသောက်ဆိုင်တွင်ဆိုင်လုပ်ငန်များတွင် အလုပ်ရှင်နှင့်အလုပ်သမားတို့သည် သဘောတူညိချက်ကိုယူ၍ အခြားသောနေ့တရက်ရက်တွင် ရိုးရာဓလေ့အလုပ်ပိတ်ရက်ကို အစားထိုးနားပြီး ပိတ်ရက်အဖြစ်နားပိုခွင့်ရှိသည်။
နှစ်စဉ်အလုပ်ပိတ်ရက်များ
အလုပ်သမားတစ်ဦးသည် တစ်နှစ်တာအစဉ်ဆက်မပြတ် အလုပ်လုပ်ပြီးပါက တနှစ်လျှင်(၆)ရက်ထက်မနည်းသော အလုပ်ပိတ်ရက်များကိုနှစ်စဉ် အလုပ်ပိတ်ရက်များအဖြစ် တနှစ်တွင်းခံစားပိုင်ခွင့်ရှိပါသည်။အလုပ်ရှင်အလုပ်သမားတို့ ကြိုတင်သဘောတူညိ၍ နှစ်စဉ်အလုပ်ပိတ်ရက်ကိုရှေ့ နှစ်အပါအဝင်တစ်နှစ်အတွင်းသင့်လျော်သည့်နေ့ရက်အထိရွှေ့ ဆိုင်းခံစားပိုင်ခွင့်ရှိပါသည်။
၎။အချိန်ပို အလုပ်နှင့် အလုပ်ပိတ်ရက်တွင်အလုပ်လုပ်ခြင်း။
အချိန်ပိုအလုပ်နှင့်အလုပ်ပိတ်ရက်တွင် အလုပ်လုပ်ခြင်းကိုအလုပ်ရှင်သည် အလုပ်သမားများအား ကြိုတင်သဘောထားယူ၍ အလုပ်စေခိုင်းနိုင်သည်။
လုပ်ငန်းခွင်သဘာဝနှင့်အခြေအနေများအရ စဉ်ဆက်မပြတ်ဆောင်ရွက်ရန် လိုအပ်သောလုပ်ငန်းများ၊ လုပ်ငန်းရပ်ဆိုင်းထားခြင်းဖြင့်လုပ်ငန်းစွမ်းအင်ဆုံးရှုံးခြင်း လုပ်ငန်းပြစ်ဆီးခြင်းရှိနိုင်သောလုပ်ငန်းများတွင် အလုပ်ရှင်သည်အလုပ်သမားကိုအချိန်ပိုအလုပ်လုပ်ခြင်းနှင့် အလုပ်ပိတ်ရက်အလုပ်လုပ်ခြင်းကို တောင်းဆိုပိုင်ခွင့်ရှိပါသည်။
ဟိုတယ်လုပ်ငန်းများ၊ ဖျော်ဖြေရေးလုပ်ငန်းများ၊ ပို့ဆောင်ရေးလုပ်ငန်းများ၊ အစားအသောက်ဆိုင်များ၊ ကလပ်များ။ ဘားဆိုင်များ၊ ဆေးကုသမှုဆိုင်ရာဆေးရုံလုပ်ငန်းများ၊ အလုပ်ရှင်သည်အလုပ်သမား၏ သဘောထားကိုကြိုတင်ရယူမှုမရှိဘဲ အပတ်စဉ်အလုပ်ပိတ်ရက်တွင် အလုပ်တာဝန် ပေးအပ်နိုင်ခွင့်ရှိပါသည်။
အချိန်ပိုအလုပ်များ၊ အလုပ်ပိတ်ရက်အလုပ်လုပ်ခြင်းများ၊ရတ္တပတ်လျှင် (၃၆) နာရီထက် မကျော်လွန်စေရ။၅။ နာမကျန်းခွင့်။
အလုပ်သမားသည်တကယ်မနာမကျန်းဖြစ်ခဲ့ပါက ပြည်လည်ကျန်းမာသည့်နေ့ အထိနာမကျန်း ခွင့်ကိုခံစားပိုင်ခွင့်ရှိပါသည်။(၃) ရက်နှင့်အထက်မနာမကျမ်းဖြစ်ခဲ့ပါက အလုပ်သမားသည် သက်ဆိုင်ရာ ဆေးရုံ၊ဆေးခန်းများ၏ဆရာဝန်ထောက် ထောက်ခံချက်ဆေးစစ်လက်မှတ်ကို တင်ပြနိုင်ရမည်ဖြစ်ပါသည်။အကယ်၍တင်ပြနိုင်ပါက လုပ်ငန်းရှင်လက်ခံနိုင်သည့်အထောက်အထားနှင့် ရှင်းလက်ချက်ကိုတင်ပြနိုင်ရမည်ဖြစ်ပါသည်။
တစ်ရက်တာမျိုးထိခိုက်မှုအနည်းငယ်နှင့်သားဖွားခွင့်များကို နာမကျန်းခွင့်အဖြစ်သတ်မှတ်မည်မဟုတ်ပါ။
လုပ်ငန်းလိုအပ်ချက်အရခွင့်ယူခြင်း။
လုပ်ငန်းခွင်အနေအထားလိုအပ်ချက်များအရ လုပ်ငန်းခွင်နှင့်လိုက်လျောညီထွေမှု ဖြစ်သော လုပ်ငန်းအလိုက် အလုပ်သမားသည်ခံစားပိုင်ခွင့်ရှိပါသည်။
သန္ဓေတားခွင့်။
သန္ဓေသားမှုလုပ်ဆောင်ခြင်းနှင့် ဆက်စပ်နေသောရက်များအတွက် ဆရာဝန်၏ ထောက်ခံချက်ဆေးစာရွက်အတိုင်းခွင့်ကိုခံစားရမည်ဖြစ်ပါသည်။
စစ်မှုထမ်းခြင်းခွင့်။
စစ်မှုထမ်းခြင်းဆိုင်ရာ ဥပဒေအရ စစ်ရေးလေ့ကျင့်ခြင်း၊ စမ်းသပ်ခြင်း၊ စစ်ဆေးခြင်း၊ ကိစ္စများအားလုံး အတွက်အလုပ်သမားသည်စစ်မှုထမ်းခြင်း ခွင့်ကိုခံစားပိုင်ခွင့်ရှိပါသည်။
သားဖွားခွင့်။
ပဋိသန္ဓေရှိသောအလုပ်သမားသည် ရက်ပေါင်း(၉၀) ထက်မကျော်လွန်သော သာဖွားခွင့်ကိုခံစားခွင့် ရှိပါသည်။
သင်တန်းခွင့်။
အလုပ်သမား၏အသိပညာနှင့်ကျွမ်းကျင်ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်သမားဘဝသာယာရေး၊ လုပ်ငန်းစွမ်းရည်မြင့်မားရေး၊ အစိုးရမှကျင်းပသောစာမေးပွဲများဖြေဆိုခြင်း၊ စသည်တို့အတွက်ခွင့် ရှိပါသည်။
သို့သော်တိကျ ပြတ်သားသော အချိန်ကာလရှိရမည်ဖြစ်ပါသည်။
အလုပ်သမားသည် အလုပ်ရှင်အနည်းဆုံး(၇)ရက်ကြိုတင်၍ခွင့်ယူရမည်ဖြစ်ပါသည်။
သင်တန်းခွင့်ယူခြင်းကြောင့် အလုပ်ရှင်၏လုပ်ငန်းနစ်နာခြင်း၊ တစ်နှစ်လျှင်(၃)ကြိမ်ထက်ပို၍ခွင့်ယူခြင်း၊ ခွင့်တာခါယူလျှင်ရက် (၃၀)ခန့်ကြာခြင်းများကိုလုပ်ငန်းရှင်က လက်ခံမည်မဟုတ်ပါ။
၆။လစာနှင့်လုပ်အားခ။
၁။လုပ်အားခ
လုပ်အားခကိုငွေသားဖြင့်သာပေးရမည်။
သတ်မှတ်ထားသောလုပ်ခနှုံးထားအတိုင်းပေးရမည်ဖြစ်သည်။
ပုံမှန်အလုပ်ချိန်သည်တရက်လျှင်(၈)နာရီဖြစ်ပါသည်။
(၈)နာရီထက်မကျော်လွန်ပါက အချန်ပိုဖြစ်ပြီးအချိန်ပိုအတွက် လုပ်အားခမှာ ပုံမှန်ထက်တဆခွဲဖြစ်ရမည်။
အလုပ်ပိတ်ရက်လုပ်အားခ
အလုပ်ရှင်သည်အလုပ်သမားအား အပတ်စဉ်အလုပ်ပိတ်ရက် ရိုးရာဓလေ့အလုပ်ပိတ်ရက် နှစ်စဉ်အလုပ်ပိတ်ရက်များတွင် လခစားအလုပ်သမားများဖြစ်ပါကလခကိုခံစားပိုင်ခွင့်ရှိပါသည်။ နေ့စားနှင့်
နာရီစားအလုပ်သမားများမူခံစားပိုင်ခွင့်ရမည်မဟုတ်ပါ။
ခွင့်လစာ
တစ်နှစ်လျှင်ရက်ပေါင်း(၃၀)ထက်မကျော်လွန်သော နာမကျန်းခွင့်အတွက် လစာရပိုင်ခွင့်ရှိပါသည်။
သန္ဓေတာခြင်းခွင့်အတွက်လည်းလုပ်အားခကိုခံစားပိုင်ခွင့်ရှိပါသည်။
တနှစ်လျှင်ရက်ပေါင်း(၆၀)ထက်မကျောလွန်သောစစ်မှုထမ်းခြင်းအတွက် လုပ်ခကိုခံစားပိုင်ခွင့်ရှိပါသည်။
တစ်နှစ်လျှင်(၄၅)မကျော်လွန်သောသားဖွား ပိုင်ခွင့်အတွက် လစာကိုခံစားပိုင်ခွင့်ရှိပါသည်။
၂။ အချိန်ပိုလုပ်အားခ
အချိန်ပိုလုပ်အားခကိုသတ်မှတ်ထားသောနာရီအလိုက် လုပ်အားခနှုံး၏တစ်ဆခွဲပေးရမည်ဖြစ်ပါသည်။
၃။ အလုပ်ပိတ်ရက်လုပ်အားခ
အလုပ်ပိတ်ရက်တွင်အလုပ်ဆင်းခဲ့ပါက ပုံမှန်လုပ်အားခ၏နှစ်ဆကိုပေးရမည်ဖြစ်ပါသည်။
အလုပ်ပိတ်ရက်တွင်လစာခံစားပိုင်ခွင့်မရှိသူများကိုလည်း နာရီအလိုကနှစ်ဆပေးရမည်ဖြစ်ပါသည်။
၎။ အလုပ်ပိတ်ရက်အချိန်ပိုလုပ်အားခ
အလုပ်ပိတ်ရက်အချိန်ပိုလုပ်အားခကို နာရီအလိုက်လုပ်အားခ၏ သုံးပေးရမည်ဖြစ်ပါသည်။
အကယ်၍လုပ်ငန်းရှင်သည်အလုပ်နားခွင့်မပေးပါက(သို့)ဥပဒေသတ်မှတ်ချက်ထက်နည်းပြီးနာခွင့်ပေးပါက
အလုပ်နားရက်နှင့်အလုပ်နားရက်အချိန်ပို လုပ်အားခအတိုင်းပေးချေရမည်ပါမည်။
အချိန်ပိုလုပ်အားခနှင့် နားရက်အချိန်ပိုမခံစားပိုင်မရှိသောသူများ-
-လုပ်ငန်းရှင်ကိုယ်စားလုပ်ငန်းတာဝန်အသီးသီးကို ခွဲဝေတာဝန်ယူရသူများ။
-အရောင်းကိုစလှယ်များနှင့်ကော်မရှင်စားအလုပ်သမားများ။
-ရထားပို့ဆောင်ရောက်ရေးလုပ်ငန်းများ၊ ရေတံခါးတွင်တာဝန်ကျသူများ။ မီးသတ်ဖွဲ့ဝင်များ၊ ကာကွယ်ရေးအဖွဲ့ဝင်များ၊ အစောင့်အလုပ်သမားများ အစရှိအချိန်ပိုခကိုခံစားပိုင်ခွင့်မရှိပါ။
လစာနှင့်လုပ်အားခပေးမှုဆိုင်ရာစည်းမျဉ်းများ
-အမျိုးစားတူ၊ ပမာဏတူ၊ လုပ်ငန်းသဘောတူ သောလုပ်ငန်းများအတွက် လုပ်အားခကိုအမျိုးသား အမျိုးသမီး တန်းတူပေးရမည်ဖြစ်ပါသည်။
-အလုပ်သမားသဘောတူညီမှသာလျှင် အခြားသော ငွေဖြင့်သော်လည်းကောင်း၊ ငွေလွဲစနစ်ဖြင့်သော်လည်းကောင်း ပေးပိုင်ခွင့်ရှိပါသည်။
လုပ်အားခကိုအနည်းဆုံး တစ်လလျှင်တစ်ကြိမ်ပေးရမည်ဖြစ်ပါသည်။ လုပ်အားခကို လုပ်ငန်းတာဝန်ရပ်စဲပြီး
(၃)ရက်အတွင်းပေးဆောင်ရမည်ဖြစ်ပါသည်။
လုပ်အားခဖြတ်တောက်ခြင်း
အပေါ်ပြပါအကြောင်းများမှလွဲ၍ လုပ်အားခ အချိန်ပိုခ ပိတ်ရက်လုပ်ခ အလုပ်ပိတ်ရက်အချိန်ပိုခ များကိုဖြတ်တောက်ခြင်းမပြုလုပ်ရပါ။
၁။အလုပ်သမားက ပေးရန်အစိုးရသတ်မှတ်ထားသော အခွန်ငွေ
၂။အလုပ်သမားသဂ္ဂသို့
ပေးဆောင်ရမည့်စည်းကမ်းချက်ပါငွေပမာဏ
၃။အလုပ်သမားသဘောတူညီမှုအရ သက်ဆိုင်ရာအဖွဲ့အစည်း တခုခုသို့ ပေးဆောင်ရမည့်ငွေပမာဏ
၎။အလုပ်သမားသဘောတူညီချက်အရလုပ်ငန်း ပျက်ဆီးခြင်းအတွက်လျှော်ရသောငွေပမာဏ
၅။အလုပ်သမား၏ကြိုတင်သဘောတူထားသော ရံပုံငွေပမာဏ
၇။အလုပ်သမားတာဝန်မှရပ်စဲခြင်း
အလုပ်သမား၏ပြစ်မှုကို စစ်စေးဆုံစမ်းရန်အတွက် အလုပ်ခန့်ထားစဉ်ကထိုသို့ ဆောင်ရွက်ရန် သဘောတူညီမှု(သို့) အလုပ်ရှင်၏လုပ်ငန်းခွင် စည်းကမ်းစည်းမျဉ်းအရ စည်းမျဉ်းချိုးဖေါက်ပါက လုပ်ငန်းရှင်သည်အလုပ်သမားအား အလုပ်မှရပ်စဲပိုင်ခွင့်ရှိပါသည်။
ထိုအမိန့် စာကိုအလုပ်သမား၏ကျုးလွန်သောပြစ်မှုနှင့် အလုပ်ဖြုတ်ခြင်းကာလတို့ ကိုဖေါ်ပြလျှက် (၇)ရက်ထက်မကျော်လွန်စေပဲကြိုတင်၍ ရေးသားထုတ်ပြန်ပေးရမည်။
အလုပ်တာဝန်မှမရပ်စဲမီ လုပ်ခလစာ၏ (၅၀)ရာခိုင်နှုန်းထက်မနည်းသော လုပ်ခငွေကိုပေးရမည်။
အကယ်၍အလုပ်သမားတွင် ပြစ်မှုကျုလွန်ခြင်းမရှိပါက ပေးရန်ရှိသောလုပ်အား (၁၅)ရာခိုင်နှုန်းကို ထိုကာလအတွက်အတိုးငွေ နှင့် အတူပေးရမည်ဖြစ်ပါသည်။
၈။ လုပ်ငန်းခေတ္တရပ်နားခြင်း။
ထိန်းချုပ်နိုင်စွမ်းမရှိသော မခြေအနေမရှိပဲ လုပ်ငန်းအစိတ်ပိုင်းကိုသော်လည်းကောင်း၊ လုပ်ငန်းတခုလုံးကိုသော်လည်းကောင်း၊ အလုပ်ရှင်ကလုပ်ငန်းကို ခေတ္တရပ်နားခဲ့လျှင် လုပ်သားကြီးကြပ်မှုရေးထံနှင့် အလုပ်သမားတို့ကို လုပ်ငန်းမရပ်နားမှီ ကြိုတင်ပြောကြားရမည်။ လုပ်ငန်းရပ်နားထားသော ကာလတလျှေက်လုံးအလုပ်ရှင်သည် အလုပ်သမားများအတွက်လုပ်ခ၏ (၅၀)ရာခိုင်နှုန်းကိုပေးရမည်ဖြစ်ပါသည်။
၉။ လုပ်ငန်းတာဝန်ရပ်ဆိုင်းခြင်း
လုပ်ခနစ်နာကြေးများ
သတ်မှတ်ထားသော ကာလပိုင်းအခြားဖြင့် အလုပ်ခန့်ထားခဲ့ပါက သန့်မှတ်ထားသော ကန်ထရိုက်ကာလပြိးသည့်နေ့တွင် လုပ်ငန်းတာဝန်မှရပ်ဆိုင်းရမည်ဖြစ်ပါသည်။
အကယ်၍အချိန်သတ်မှတ်ထားသောလုပ်ငန်းမျိုးမဟုတ်ပါ အလုပ်ရှင်သည် အလုပ်ကို ရပ်ဆိုင်းလိုက်သည်ဖြစ်စေ၊ အလုပ်သမားသည်အလုပ်ထွက်ချင်သည်ဖြစ်စေ ကြိုတင်သည်၍ သက်ဆိုင်ရာသို့ အကြောင်းကြားရမည်ဖြစ်ပါသည်။
လုပ်ငန်းတာဝန်မှထုတ်ပယ်ခြင်း
-လုပ်ငန်းကန်ထ၇ိုက်ပြည့်မြောက်၍ သွားသော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် အလုပ်ရပ်ဆိုင်းခြင်းကိုလည်းကောင်းဆိုလိုပါသည်။
-လုပ်ငန်းရှင်မှလုပ်ငန်းဆုံးရှုံးခြင်းကြောင့် အလုပ်သမားသည် လုပ်အားခမရခြင်းနှင့် အလုပ်လုပ်ခွင့်မှရပ်ဆိုင်းရခြင်း။
လုပ်ခနစ်နာကြေး
အလုပ်သမား၏လုပ်ငန်းတာဝန် ရပ်ဆိုင်းသွားပါက အလုပ်သမားအားလုပ်အားခ နစ်နာကြေးကို အောက်ပါတိုင်း ပေးဆောင်ရမည်ဖြစ်ပါသည်။
-အလုပ်သမားတဦးသည် စဉ်ဆက်မပြတ်ရက်ပေါင်း (၁၂၀)အထက်နှင့်တစ်နှစ်မပြည့်သော လုပ်ငန်းတာဝတ်ဆောင်ရွက်ခံပါက ထိုသူ၏နစ်နာကြေးမှာ ရက်ပေါင်း(၃၀)ဖြစ်မည်။နောက်ဆုံးရသော လစာ၏ရက်ပေါင်း(၃၀) စာကိုလုပ်ခခံစားရမည်ဖြစ်ပါသည်။
အလုပ်သမားတဦးသည် စဉ်ဆက်မပြတ်ရက်ပေါင်း(၁)နှစ် နှင့် (၃)နှစ်ကြားရှိပါက သူသည်နစ်နာကြေး ကိုနောက်ဆုံးရရှိသောလစာ၏ ရက်ပေါင်း(၁၈၀) စားခွင့်ရှိမည်ဖြစ်ပါသည်။
အလုပ်သမားတဦးသည် စဉ်ဆက်မပြတ်လုပ်သက်(၆)နှစ် နှင့် (၁၀) နှစ်အကြားရှိပါက သူသည်နစ်နာကြေး ကိုနောက်ဆုံး ရရှိသောလစာ၏ ရက်ပေါင်း(၂၄၀)စာခံစားခွင့်ရှိပါသည်။
အလုပ်သမားတဦးသည်စဉ်ဆက်မပြတ်လုပ်သက် (၁၀)နှစ် နှင့်အထက်ရှိခဲ့ပါက ထိုအလုပ်သမားသည် နစ်နာကြေးအတွက် နောက်ဆုံးရသောလစာအတိုင်း ရက်ပေါင်း(၃၀၀) ကိုခံစားပိုင်ခွင့်ရှိမည်ဖြစ်ပါသည်။
လုပ်ခနစ်နာကြေးမှကင်းလွတ်ခြင်း
အောက်ပါအကြောင်းရပ်များတွင် လုပ်ခနစ်နာကြေးကိုပေးရန်မလိုအပ့်ပါ။
၁။ သီးသန့် ပရောဂျက်တစ်ခုအတွက် သတ်မှတ်ကာလအတွင်း ကန်ထရိုက်ဖြင့်အလုပ်ခန့် ထားခဲ့ပြီး ထိုသတ်မှတ်ကာလ ကန်ထရိုက်လုပ်ငန်းပြီးမြောက်သွားခြင်း၊ ထိုပရောဂျက်သည် ပုံမှန်လုပ်ငန်းရပ်တွင် အကြုံးမဝင်၊ အလုပ်ရှင်၏လုပ်ငန်းနှင့်မပတ်သတ်ခြင်းများတွင် အလုပ်မှရပ်ဆိုင်းခြင်း(အလုပ်ပြီးသွားပါက) နစ်နာကြေးကိုခံစားရမည်မဟုတ်ပေ။
၂။ လုပ်ငန်းတာဝန်သည်အောက်ပါအကြောင်း တရပ်ရပ်ကြောင့် ရပ်ဆိုင်းခြင်း
၁ အလုပ်သမားသည် မရိုးဖြောင့်စွာ (သို့)ကြိုတင်ကြံရွယ်ခြင်းဖြင့်အလုပ်ရှင်အား ဆန့်ကျင်သောရာဇဝတ်မှုတစ်ခုခုကျူးလွန်ခြင်း၊
၂ ကြိုတင်ကြံရွယ်ခြင်းဖြင့်
အလုပ်ရှင်းအားဆုံးရှုံးနစ်နာမှုဖြစ်စေရန်ဆောင်ရွက်ခြင်း၊
၃ အလေးထားခြင်းမရှိသေားကြောင့်အလုပ်ရှင်မှအလုပ်ထုပ်ခံရခြင်း၊
၎ အလုပ်ရှင်၏အမိန့် ကိုမနာခံခြင်း၊ လုပ်ငန်းခွင်စည်းကမ်းချိုးဖောက်ခြင်း သတိပေးကြောင်းကြားစားကိုဂရုမစိုက်ဘဲ အလုပ်ဖြုပ်ခုံရခြင်း၊
၅ ခိုင်လုံသေားအကြောင်းပြချက်မရှိဘဲးနှင့် ၃ ရက်ဆက်ခွင့်မယူဘဲအလုပ်မပျက်ခြင်း၊
၆ တရားရုံ၏ဆုံးဖြတ်ချက်ဖြစ်ထောင်ကျရန် ပြစ်မှုသင့်သူများ၊ အထက်ပါအချက်များနှင့်ပြည်စုံသော သူများအားနစ်နားကြေးကို ခံစားပိုင်ခွင့်ပေးမည်မဟုတ်ပါ။
အထူးလုပ်နစ်နာကြေးများ
၁။ လုပ်ငန်းခွင်နေရာပြောင်းခြင်းများအတွက် အလုပ်သမားများ၏ မိသားစုနစ်နာခြင်းမဖြစ်စေရန်အတွက် လုပ်ငန်းရှင်သည် ရက်ပေါင်း ( ၃၀ ) အကြောင်းကြားရမည်ဖြစ်ပါသည်။
အလုပ်ရှင်သည် အလုပ်သမားများအား ကြိုတင်၍အကြောင်းမကြားခဲ့ပါက ရုတ်တရက်လုပ်ငန်းနေရာ ပြောင်းသောကြောင့် အလုပ်သမားသည် အလုပ်ထွက်လိုပါက နာက်ဆုံးလစာ၏ ( ၅၀ ) ရာခိုင်နှုန်းကို ခံစားပိုင်ခွင့်ရှိပါသည်။
၂။ အကယ်၍ အလုပ်နေရာ ပြောင်းခြင်းမရှိသော်လည်း လုပ်ငန်းခွင်အစိတ်ပိုင်းတချို့တို့ကိုပြုပြင်ရန် လုပ်အားအစား စက်ယန္တရန်း တို့ကိုအစားထိုးပြီး ခိုင်းရန်ကြုံလာပါက လုပ်ငန်းရှင်သည်ရက်ပေါင်း ( ၆၀ ) ကြိုတင်၍ အကျိုးအကြောင်းကို အလုပ်သမားအားရှင်းပြရမည်ဖြစ်ပြီး အလုပ်တာဝန်ရပ်စဲရန်
ပြင်ဆင်ထားသော အလုပ်သမား စာရင်းများကို ကြိုတင်၍အကြောင်းကြား ထားရမည်ဖြစ်ပါသည်။
အကယ်၍ လုပ်ငန်းရှင်သည် အကြောင်းကြားခြင်းမရှိပါက အလုပ်သမားအား အထူးနစ်နာကြေးအဖြစ်
နောက်ဆုံးရသောလစာ၏ ရက်ပေါင်း (၆၀ ) စာအတွက် ခံစားပိုင်ခွင့်ကို ပေးရမည်ဖြစ်ပါသည်။
ခြောက်နှစ်အထက်အလုပ်လုပ်သော အလုပ်သမားများဖြစ်ခဲ့ပါက တစ်နှစ်စာအတွက် (၂၅ ) ရာခိုင်နှုန်းကို လုပ်ခခံစားပိုင်ခွင့်ပေးရမည်ဖြစ်ပါသည်။
၁၀။ လုပ်ငန်းခွင်နှင့်ပတ်သက်သောမှတ်တမ်းသတ်မှတ်ချက်များ။
အလုပ်ရှင်သည် အလုပ်သမားအနည်းဆုံး (၁၀ ) ဦးထက်ခန့်ထားပါက အလုပ်သမားနှင့်သက်ဆိုင်သော စည်းကမ်းချက်များကို အောက်ပါအတိုင်းထုတ်ထားရမည်ဖြစ်ပါသည်။
၁။ ။ လုပ်ငန်းခွင်ဆိုင်ရာစည်းကမ်းများသည် ထိုင်းဘာသာဖြင့် ရေးထားမည်ဖြစ်ပြီး အဓိကပါဝင်သော အချက်များမှာ အလုပ်လုပ်ရက်၊ ပုံမှန်အလုပ်လုပ်ချိန်၊ နားရက်နှင့် အမှန်တကယ်လိုက်နာ လုပ်ဆောင်ရမည့်
နေရာ အချိန်ပိုလုပ်အားခ နားရက်အတွင်းလုပ်အားခ နားရက်အတွင်းအချိန်ပိုခ ခွင့်ရက်နှင့် ခွင့်ပိုင်းဆိုင်ရာ စည်းကမ်းချက်များ နစ်နာကြေးနဲ့အထူး နစ်နာကြေးတို့ ပါဝင်ရမည်ဖြစ်ပါမည်။
၂။ ။ အလုပ်သမားနှင့်ဆိုင်သောမှတ်တမ်းများတွင် ထိုင်းဘားသာနှင့်ရေးရမည်ဖြစ်ပြီး အမည် ကိုယ်ပိုင်နံပါတ်နှင့်လိင်အမျိုးစားတို့ အသက် လက်ရှိနေရပ်လိပ်စာ အလုပ်ဖြုတ်လိုက်သည့်နေ့ အလုပ်ဖြုတ်လိုက်သည့် အလုပ်သမားဦးရေများ နောက်ဆုံးလစာထုတ်ပေးသည့်နေ့ရက်
ဖြတ်ပိုင်းများပါရှိရမည်ဖြစ်ပါသည်။
၃။ ။ အလုပ်နားရက်အတွင်းနှင့် အချိန်ပိုဆင်းသော ငွေချေဖြတ်ပိုင်းများကိုလည်းကောင်း အချိန်နာရီများကိုလည်းကောင်း အလုပ်ဆင်းချိန်နှင့် အလုပ်ဖြုတ်ချိန်များကိုလည်းကောင်း စာရွက်တရွက်ထဲမှာဖြစ်စေ နှစ်ရွက်ခွဲ၍ ဖြစ်စေ မှတ်တမ်းပြုစုထားရမည်ဖြစ်ပါသည်။ ငွေချေပေးတဲ့ပုံစံ ဘဏ်သို့ငွေလွှဲပေးခြင်း ( သို့မဟုတ် ) ငွေသားပေးခြင်း မှတ်တမ်းများကို အဆင်သင့်ပြနုင်ရမည်ဖြစ်ပါမည်။
အထက်ပါသတ်မှတ်ထားသည့် လုပ်ငန်းပိုင်းဆိုင်ရာ ဖြတ်ပိုင်းနှင့်ငွေချေဖြတ်ပိုင်း လက်ခံများကို လုပ်ငန်းရှင်သည် အလုပ်သမားအလုပ်ထွက်သွားသည့်နောက်ကို အနည်းဆုံး၂နှစ်ထက်မနည်းအောင် သိမ်းဆည်းထားရပါမည်ဖြစ်ပါသည်။ အထက်ပါစည်းကမ်းချက်များအတိုင်း သက်ဆိုင်ရာအလုပ်ရုံ နှင့် လုပ်ငန်းစစ်ဆေးရေးအဖွဲ့များ မှလာရောက် စစ်ဆေးပါက ဘီအီး ၂၅၄၁ ပါဥပဒေများနှင့် အလုပ်သမားများ အပ်ါညီညွှတ်မှုမရှိခြင်း အလုပ်သမားများ၏ ခံစားချက်အတိုင်းထွက်ဆိုမှုများအပေါ် ဆုံးဖြတ်ပြီး လုပ်ငန်းရှင်အား ဥပဒေအရအရေးယူသွားမည်ဖြစ်ပါသည်။ အလုပ်သမားသည်လုပ်ငန်းရှင်အား တရားစွဲဆိုမှုများ ရှိခဲ့ပါက လုပ်ငန်းရှင်သည် အလုပ်သမား၏ မှတ်တမ်းအထောက်ထားများကို တရားရုံးသို့ ယူဆောင်ပြသနိုင်ရမည်ဖြစ်ပါသည်။
၁၁။ အပြစ်ဒဏ်များ
မည်သည့်အလုပ်ရှင်မဆို အလုပ်သမားကာကွယ်ရေးဥပဒေ ( ၂၅၄၁) အတိုင်းလိုက်နာဆောင်ရွက်မှုမရှိပါက
( သို့မဟုတ် ) ဥပဒေချိုးဖေါက်ခဲ့ပါက ငွေဒဏ်အဖြစ် ဘတ် ( ၅၀၀၀ ) ငါးထောင်မှ ( ၂၀၀၀၀၀ ) နှစ်သိန်း အထိ ကိုသော်လည်းကောင်း၊ တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ကိုလည်းကောင်း နှစ်မျိုးစလုံးကို
လည်းကောင်း အပြစ်ဒဏ်ခံစားပိုင်ခွင့်ရှိပါသည်။
စာရေးသူသည်အသက်ငယ်အားဖြင့် ၁၉ လောက်တာရှိပါသောကြောင့် အမှာများပါရင် ခွင့်လွှတ်ပေးကြပါခင်ဗျာ MWRN လက်ကမ်းစာစောင်မှမြန်မာ့ရွှေ့ပြောင်း အလုပ်သမား များအတွက် မိုးမျှော် တင်ပေးလိုက်တာပါခင်ဗျာ အားလုံးကိုကျေးဇူးတင်လျှက် မိုးမျှော်
လူမှုဖူလုံရေးအာမခံရန်ပုံငွေ(ပကန်စန်ခုမ်)
လူမှုဖူလုံရေးအာမခံရန်ပုံငွေ(ပကန်စန်ခုမ်) ဆိုသည်မှာ လုပ်ငန်းခွင်ပြင်ပတွင် အကြောင်းအမျိုးမျိုးကြောင့်
ဖြစ်ပေါ်လာသော ဖျားနာခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ ဒုက္ခိတဖြစ်ခြင်း၊ သေဆုံးတို့အပြင် ကလေးမွေးခြင်း၊
ကလေးစရိတ်ရရှိခြင်း၊ ပင်စင်စားစရိတ်ရရှိခြင်းနှင့် အလုပ်လက်မဲ့ဖြစ်ခြင်းစသည့်ကိစ္စများ၌ ခံစားခွင့်များ
ရှိစေရန်စီစဉ်ပေးသည့် အာမခံတစ်ရပ်ဖြစ်ပါသည်။ လူမှုဖူလုံရေးအာမခံရန်ပုံငွေ(ပကန်စန်ခုမ်) အားဥပဒေ
တရပ်အဖြစ် ပြဌာန်းထားပြီးအလုပ်ရှင်နှင့် တကွထိုင်းနိုင်ငံအတွင်း အလုပ်လုပ်နေကြသော အလုပ်သမား
တိုင်းအတွက် လူမျိုးဘာသာမခွဲခြားပဲ လိုက်နာလုပ်ဆောင်ရန်ပါရှိသည်။လိုက်နာဆောင်ရွက် ခြင်းမရှိသော
အလုပ်ရှင်များအား ငွေဒဏ်ထောင်ဒဏ်အထိ အပြစ်ပေးနိုင်သည်။
အာမခံရန်ပုံငွေစုဆောင်းရမည့်စည်းကမ်းများ
အာမခံရနပုံငွေကို အလုပ်ရှင်နှင့် အလုပ်သမား တို့ကလစဉ် ဝင်ငွေကိုတွက်ချက်ပြီး လစဉ်အတိုင်းပေးသွင်း
ရမည်ဖြစ်ပါသည်။ထို့သို့ တွက်ချက်ရာတွင် အနိမ့်ဆုံးဝင်ငွေ ၁၆၅၀ ဘတ်မှအမြင့်ဆုံး ၁၅၀၀၀ ဘတ်ကိုမူ
တည်၍ တွက်ချက်မည်ဖြစ်ပြီး အစိုးရကလည်း တစိတ်တပိုင်းထည့်ဝင်ရမည်ဖြစ်ပါသည်။ ထိုရန်ပုံငွေကိုထိုင်း
အလုပ်သမားများနှင့် ပတ်စပို့စ် ရှိပြီးသောမြန်မာအလုပ်သမားတိုင်း မဖြစ်မနေထည့် ဝင်ရမည်ဟု အလုပ်သမား ဥပဒေက ပြဌာန်းထားရှိသည်။
ဘယ်သူတွေကဘယ်လိုဘယ်လောက်ထည့်ဝင်ရမည်နည်း။
အလုပ်ရှင်၊ အလုပ်သမားအစိုးရတို့က သုံးပွင့်ဆိုင်ထည့် ဝင်ရမည်ဖြစ်ပြီး အလုပ်သမားရရှိသောဝင်ငွေ၏
၅% ကိုအလုပ်ရှင်နှင့် အလုပ်သမားတို့က ညီတူညီမျှထည့်ဝင်ရမည်။ အစိုးရက ၂.၇၅% ထည့်ပေးရမည်ဖြစ်သည်။
လူမှုဖူလုံရေးအာမခံရန်ပုံငွေ(ပကန်စန်ခုမ်)ကိုဘယ်လိုသွင်းရမလဲ
အလုပ်ရှင်အလုပ်သမားများအား လုပ်အားခရှင်းသည့်အခါ သတ်မှတ်ထားသော ရာခိုင်နှုန်းအတိုင်းလုပ်အား
ခထဲမှာ ဖြတ်တောက်ပြီးအလုပ်ရှင်သည်လည်း အလုပ်သမားထည့်ဝင်သည့် ငွေပမာဏအတိုင်း ထပ်မံ
ပေါင်းထည့်ကာနယ်မြေမြေ၊ ခရိုင်ဌာနခွဲများသို့ လစဉ် (၁၅) ရက်နေ့ နောက်ဆုံးထားပြီး ကိုယ်တိုင်ဖြစ်စေ၊
စာတိုက်မှဖြစ်စေ ပို့ဆောင်ပေးသွင်းရမှာ ဖြစ်ပါသည်။ အကုယ်၍ သတ်မှတ်ထားသော ရက်အတွင်းငွေသွင်း
ရန်ပျက်ကွက်ပါကပျက်ကွက်သည့် ငွေပဏအားတစ်လ(၂%) အတိုးပေါင်းကာသက်ဆိုင်ရာ ပကန်စန်ခုမ်ရုံး
တွင်သွားရောက်သွင်းရမည်။ အကယ်၍ လူမှုဖူလုံရေးအာမခံရန်ပုံငွေ(ပကန်စန်ခုမ်) အား (၆လ) အထိ
ဆက်တိုက်မသွင်းပါက လူမှုဖူလုံရေး အာမခံရန်ပုံငွေ (ပကန်စန်ခုမ်) မှအကျိုးခံစားခွင့်များရရှိတော့မှာ မဟုတ်ပါ။
လူမှုဖူလုံရေးအာမခံရန်ပုံငွေ(ပကန်စန်ခုမ်)မှရရှိသောခံစားခွင့်များ
၁။လုပ်ငန်းကြောင့်မဟုတ်သောထိခိုက်ဒဏ်ရာရောဂါများအတွက် ဆေးကုသမှုခံစားခွင့် လုပ်အားခခံစား
ခွင့်ဖျားနာသွားနှုတ်၊ သွားဖာ၊သွားချေးချွတ်၊ သွားတုတပ်၊ ခန္ဓကိုယ်အစိတ်အပိုင်း အစားထိုးခြင်းနှင့် ကုသ
ခြင်း ကျောက်ကပ်အတုဖြင့်ကျောက်ကပ်ဆေးခြင်း၊ အူလမ်းကြောင်းဆေးခြင်းနှင့် ကျောက်ကပ်၊ ဆီးချူခြင်း၊
ရိုးတွင်းချဉ်ဆီလဲခြင်း မျက်ကြည်လွှာ ခွဲစိတ်ကုသခြင်းများကို လုပ်ဆောင်နိုင်ပြီး ထိုခံစားမှုမျိုးများ အတွက်
လူမှုဖူလုံရေးအာမခံရန်ပုံငွေ(ပကန်စန်ခုမ်) သို့ ၃ လငွေ သွင်းပြီးမှခံစားပိုင်ခွင့်ရှိပါသည်။
၂။ဒုက္ခဖြစ်ခြင်းအတွက်ဆေးကုသခြင်းနှင့် ဝန်ဆောင်မှုများစရိတ် ဝင်ငွေလျော့ခြင်းအတွက် နစ်နာကြေး
ခန္ဓာကိုယ်အစား ထိုးတပ်ဆင်ခနှင့် ကုသခြင်းခန္ဓာကိုယ် ပြန်လည်ကြံ့ခိုင်ရေး လေ့ကျင့်ခြင်း အသက်ဆုံးရူံး
သွားပါက အသုဘစရိတ်နှင့် ထောက်ပံ့ကြေးအပ်ခြင်းတို့ကို ပကန်စန်ခုမ် သို့အနည်းဆုံး(၃) လပေးသွင်းပြီး
မှခံစားပိုင်ခွင့်ရှိသည်။ ဒုက္ခိတဖြစ်သွားသူသည် ဝင်ငွေဆုံးရူံးခြင်းအတွက် နစ်နာကြေးအဖြစ် လုပ်အားခ၏
၅၀%ကို လစဉ်တိုင်းတစ်စက်တာရရှိမည်ဖြစ်ပါသည်။ ဆေးကုသစရိတ်အဖြစ် အမှန်တကယ်ကုန်ကြသည့်
အတိုင်းတစ်ကြိမ်လျှင်၂၀၀၀ဘတ်ထက် မကျော်သော ငွေကိုခံစားပိုင်ခွင့်ရရှိမည်။ စိတ်ပိုင်းကိုယ်ခန္ဓာပိုင်း
ဆိုင်ရာပြန်လည် ကျန်းမာကြံ့ခိုင်မှုလေ့ကျင့်ခြင်းနှင့် အသက်မွေးဝမ်းကျောင်း ပညာသင်ယူခြင်းတို့အတွက်
လူမှုဖူလုံရေးရန်ပုံငွေမှ သတ်မှတ်ထားသောချက်များနှင့် ကိုက်ညီသောလေ့ကျင့်စရိတ်ကို အမှန်တကယ်
ကုန်ကျသည့်အတိုင်း တစ်ဦးလျှင် (၄၀၀၀၀) ဘတ်ထက်မကျော်သော ငွေကိုခံစားပိုင်ခွင့်ရရှိမည်။
၃။သေဆုံးခြင်းအတွက်အသုဘစရိတ်နှင့်ထောက်ပံ့ကြေး အဖြင့်(၄၀၀၀၀) ကိုရရှိမည်ဖြစ်ပြီး ပကန်စန်ခုမ်ကို
၁လပေးသွင်းပြီးမှ ခံစားပိုင်ခွင့်ရှိပါသည်။
၎။မီးဖွားခြင်းအတွက်ဆေးကုသခြင်းနှင့် ဝန်ဆောင်မှုစရိတ်အဖြစ် (၁၃၀၀၀) ဘတ်ကိုရရှိမည်ဖြစ်ပါသည်။
ပကန်စန်ခုမ်သို့အနည်းဆုံး (၇) လပေးသွင်းပြီးမှခံစားခွင့်ရှိပါမည်။
၅။သားသမီးစရိတ်ထောက်ပံ့ခြင်း အသက်(၆)နှစ် ထက်မကျော်သေးသည့် တရားဝင်သာသမီးများအတွက်
တစ်လလျှင်(၄၀၀) ဘတ်ကိုရရှိမည်ဖြစ်ပြီး ပကန်စန်ခုမ်သို့ (၁၂) လပေးသွင်းပြီးမှ ခံစားခွင့်ရရှိပါမည်။
၆။အလုပ်လက်မဲ့ထောက်ပံ့ကြေး အလုပ်ထုတ်ခံရပါက ထောက်ပံ့ကြေးအဖြစ်လစာ ၅၀%ကိုတစ်ကြိမ်လျှင်
ရက်ပေါင်း(၁၈၀) ထက်မကျော်တဲ့ လစာကိုခံစားပိုင်ခွင့်ရရှိမည်ဖြစ်ပြီး၊ အလုပ်မှနှုတ်ထွက်ခြင်း(သို့)စာချုပ်
သက်တမ်းပြည့်၍ အလုပ်မှရစ်ဆဲခြင်း များအတွက်လစာ၏ ၃၀% ကိုရက်ပေါင်း(၉၀) ထက်မကျော်သော
ကာအထိရှိရမည်။ ပကန်စန်ခုမ်သို့ အနည်းဆုံး (၆လပေးပြီးမှသာခံစားခွင့်ရှိပါသည်။
မှတ်ချက်။ ။အလုပ်လက်မဲ့ဖြစ်သည့်နေ့ကစပြီး ရက်ပေါင်း (၃၀) အတွင်း အလုပ်လက်မဲ့မှတ်ပုံတင်ကို
အလုပ်သမားရှာဖွေရေးဌာနတွင် သွားရောက်ပြုလုပ်ထားမှသာ ထောက်ပံ့ကြေးတောင်းခံနိုင်သည်။ မြန်မာ့ရွှေ့ပြောင်းအလုပ်သမားများ ခံစားရရှိရန်မလွယ်ကူပါ။
၇။အသက်ကြီးပင်စင်စရိတ် အသက်(၅၅)နှစ်ပြည့်ပြီး လူမှုဖူလုံရေးရန်ပုံငွေသို့ လပေါင်း ၁၈၀ (၁၅) နှစ်ပေး
သွင်းထားရမည် အသက်ကြီးပင်စင်စရိတ် အဖြစ်နောက်ဆုံးလစာပေါင်း၆၀၏ ၂၀%ရရှိမည်ဖြစ်ပြီး လူမှုဖူလုံ
ရေးရန်ပုံငွေသို့ ငွေပေးသွင်းပြီးသူအဖြစ် ရပ်ဆိုင်းထားသူဖြစ်ရမည်။ လပေါင်း ၁၈၀ အထက်ကျော်တဲ့အထိ
ငွေသွင်းထားသူဖြစ်ပါက အထက်ဖော်ပြပါ ၂၀% နှုန်းအပြင် တစ်ရာလျှင် ၁.၅% ကိုတစ်နှစ်ပြည့်တိုင်း
ထပ်ပေါင်းထောက်ပံ့ကြေားရရှိမည်ဖြစ်ပြီး မိမိပေး သွင်းသောကာလ အလိုက်လစဉ် အငြိမ်းစားလခခံစား
ပိုင်ခွင့်ရရှိမည်။
မြန်မာ့ရွှေ့ပြောင်းအလုပ်သမား များ ရရှိမယ့် အခွင့်ရေးတွေ ကို နားလည်သဘောပေါက် နိုင်ပါစေလို့ မိုးမျှော် ဆုတောင်းပေး လိုက်ပါတယ်။
နောက်ထပ်လည်းထပ်မံ၍တင်ပေးပါအုံးမယ်အားလုံးကိုကျေးဇူး တင်လျှက် မိုးမျှော်
0 comments:
Post a Comment