Popular Posts

Music

Powered by Blogger.

Movies

Games

Pictures

Slider

Flickr Images

Blog Archive

Sports

Blogger templates

Blogroll

မိုးမျှော် (မင်းတုန်း) ဆိုက်ကလေးကို လာသူများစိတ်၏ချမ်းသာခြင်းနှင့်ပြည့်စုံပါစေခင်ဗျာ

About

Pages - Menu

ဒွေးမယ်နော်


ဒွေးမယ်နော် ဒဏ္ဍာရီအကျဉ်း
အယုဒ္ဒယပြည့်ရှင် ဘုရင်တစ်ပါး၏ သားတော် သုဓနုအမည်ရှိသောမင်းသားလေးတစ်ပါးသည် ငွေတောင်ပြည်သို့ ရောက်သောအခါ ကိန္နရီ
မျိုးနွယ်ဝင် ဒွေးမယ်နော် မင်းသမီးကလေးရေကစားနေသည်ကိုတွေ့ ၍နဂါးပတ်ကျော့ကွင်း ဖြင့် ဖမ်းယူပြီးနောက် အချစ်ရေးဆိုခဲ့သည်။ ရှေးဘ၀အဆက်ဆက်က ရှိခဲ့ဖူးသည့် ပန္နက်နှံခဲ့ဖူးသည့် သစ္စာတို့ကြောင့် တစ်ဦးနှင့်တစ်ဦးချစ်ခင်နှစ်သက် သွားကြသည်။ ထို့နောက် ဒွေးမယ်နော် မင်းသမီးကလေးနှင့် သဘောကြည်ဖြူစွာအတူနေရန် သုဓနုမင်းသားလေးကအယုဒ္ဒယပြည်သို့ ခေါ်ဆောင်ပြန်သွားသည်။
မင်းသားလေးမရှိသောတစ်နေ့တွင် မင်းသားလေးနှင့် ဒွေးမယ်နော် တို့၏ချစ်ချင်းကိုမလိုမုန်းထားသူများကကွေကွင်းစေရန် နည်းအမျိုးမျိုးဆင်ပြီးကုန်းချောလေသောကြောင့် ဒွေးမယ်နော် မင်းသမီးလေးသည် ချစ်ခြင်းဝေတနာကို ရင်နှင့် အောင် ခံစားရင်းမိမိပျော်စံရာငွေတောင်ပြည်သို့ ပြန်ခဲ့ရလေသည်။ သုဓနုမင်းသားလေး ပြန်ရောက်လာသောအခါ ချစ်သူဒွေးမယ်နော်ကိုမတွေ့ရသောကြောင့် ကြီးစွာသောချစ်ဒုက္ခကိုရင်မှာပိုက်လျှက် ဒွေးမယ်နော်တို့ပျော်စံရာငွေတောင်ပြည်သို့ တောတောင် ကန္တာရခရီးကြမ်းအသွယ်သွယ်ကို ဖြတ်ကျော်ပြီးလိုက်သွားရာနောက်ဆုံးတွင် ချစ်သူနှစ်ဦး ပြန်လည်ပေါင်းဖက်ရသောလွမ်းမောဖွယ် ဇာတ်လမ်းလေးပင်ဖြစ်သည်။
သုဓနုမင်းသားနှင့် ဒွေးမယ်နော် ဇာတ်လမ်းလေးကို ဖြစ်ရပ်မှန် ဇာတ်လမ်းအဖြစ်လည်းကောင်း၊ ဒဏ္ဍာရီပုံပြင်ကလေးအဖြစ်လည်းကောင်း၊ စာဖတ်ပုရိတ်သတ်များ ကြိုက်နှစ်သက်သလိုယုံကြည်ခံစားနိုင်ပါသည်။
သမိုင်းကို အတိုလေးတာတင်ရတာခွင့်လွှတ်ပါခင်ဗျာ
ရေးဖို့အချိန်မရှိသောကြောင့်ပါ နောက်များတွင်အချိန်ရှိပါလျှင် အပြည့်အစုံရေးပါမည်။
ဒါပေမယ့်
အပြည့်အစုံကို Video နားထောင်နိုင်ပါသည်ခင်ဗျာ
အားလုံးကိုကျေးဇူးတင်လျှက် မိုးမျှော် (မင်းတုန်း)
< >
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

Get Update Article on FacebookX

Find Us on Facebook

Get Update Article on Google+X

Follow Us on Google+