Popular Posts

Music

Powered by Blogger.

Movies

Games

Pictures

Slider

Flickr Images

Blog Archive

Sports

Blogger templates

Blogroll

မိုးမျှော် (မင်းတုန်း) ဆိုက်ကလေးကို လာသူများစိတ်၏ချမ်းသာခြင်းနှင့်ပြည့်စုံပါစေခင်ဗျာ

About

Pages - Menu

သင့်ကိုယ်သင်ယုံကြည်ပါ ( Believe In yourself ) ( ၁ )



သင့်ကိုယ်သင်ယုံကြည်ပါ ( Believe In yourself ) ( ၁ )
လူအများယုံကြည်မှု ရအောင်ဘယ်လိုလုပ်မလဲ ( How to get other persons' believes )
 




ယုံကြည်မှုသည် မည်သည့်ကိစ္စတွင်မဆို ရှိသင့်သော အခြေခံအုတ်မြစ်ကောင်းတစ်ခု ဖြစ်သည်။ မိမိကိုယ်ကိုယ် ယုံကြည်ခြင်း, သူတစ်ပါးကို ယုံကြည်ခြင်း, နိင်ငံအချင်းချင်း ယုံကြည်ခြင်း, ခေါင်းဆောင်အချင်းချင်းယုံကြည်ခြင်း, အလုပ်သမားက အလုပ်ရှင်အပေါ် ယုံကြည်ခြင်း, လုပ်ဖေါ်ကိုင်ဘက်ချင်းယုံကြည်ခြင်း, မိဘကသားသမီးအပေါ် ယုံကြည်ခြင်း, သားသမီးကမိဘအပေါ်ယုံကြည်ခြင်း စသည့်ယုံကြည်မှုများ အပြန်အလှန် အပြည့်အဝရှိရန် လွန်စွာအရေးကြီးသည်။ ကလေးငယ်တစ်ဦးသည် ၁နှစ်,ခွဲအရွယ်တွင် သူကိုယ်သူ လမ်းလျှောက်နိုင်သည်ကို ယုံကြည်နေသည်။ သူတစ်ကယ်ကောလမ်းလျှောက်တတ်ပြီလား။ တစ်ကယ်လမ်းလျှောက်တတ်ဖို့ ဝေးစွ ကြာကြာပင်မရပ် နိုင်သေးပေ။ သို့ပေမယ့် မိဘက လက်ခုပ်တီးကာ" ရပ်နိင်ပေ, ရပ်နိင်ပေ" ဟုလက်ခုပ်လက်ဝါးတီးပေးသောအခါ ယိုင်ထိုးယိုင်နဲ့ နှင့်ပင် ကြိုးစားလမ်းလျှောက်သည်မဟုတ်ပါလား။ စာရေးသူတို့လူသားတိုင်း ထိုယုံကြည်မှုမျိုးကိုရဘူး ကြသည်။

ယုံကြည်မှုအား မည့်သည့်အရာက ထိရောက်စွာဖျက်စီးပစ်ပါသလဲ။ စာရေးသူအမြင်ကလေးအား လှစ်ပြပါရစေ။ မဖြစ်နိင်ဘူးဆိုသောထင်မြင်ချက်.( Take for impossibility in which you are trying ) , ကိုယ်ကိုယ်ကို လေးစားမှုအားနည်းခြင်း, မရှိခြင်း ( lack of self- esteem ), အပြစ်တင်မှုကိုကြောက်ရွံ့ခြင်း ( Afraid of Blame ), ကိုယ်ကိုယ်ကိုအလွန်တရာ ချစ်မြတ်နှိုးခြင်း ( self - right ) , ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းခြင်း ( high- conceit ) စသည်တို့က ယုံကြည်မှုကို အားကောင်းကောင်းနှင့်ဖျက်ဆီးနိင်သော အစွမ်းရှိသည်။


ယနေ့လူငယ်အများစုမှာ ပွဲမဝင်ခင်ကရှုံးနေကြသည်ကို စာရေးသူတွေ့မြင်နေရသည်။ ရှုံးလောက်အောင်လည်း ပတ်ဝန်ကျင်ကထောက်ပံ့ပေးကြသည်။ မင်းလုပ်ရင် မဖြစ်ပါဘူး။ မယုံရင်လုပ်ကြည့်လောင်းရဲတယ်ဆိုသော သူတို့၏ စကားများကလည်း လူငယ်တို့၏ မိမိကိုယ်ကိုယ် ယုံကြည်မှုကို ပျက်ဆီးစေသော အကြောင်းရင်းဖြစ်သည်။ မှတ်မှတ်ရရ စာရေးသူ အင်္ဂလိက်စာ စသင်ခါစက သူငယ်ချင်းတစ်ယောက်က အလားတူအားပေးဖူးသည်။ သူအားပေးပုံက ကြမ်းသည်။ သူသည် တဲ့ရော့ပညာရှင်တစ်ဦးလည်းဖြစ်သည်။ ကျွန်တော်နားမလည်သော ကတ်များကိုဆွဲကာ ခေါင်းတရမ်းရမ်းနှင့်" မင်းဒီတစ်သက် စာသင်စားဖို့ ဖဖြစ်နိင်ဘူး, မင်းစာသင်ဖို့ ဆိုင်းပုဒ်တင်ရင် အဲ့ဒီဆိုင်းပုဒ်ကို မိုးကြိုးပစ်ချလိမ့်မယ်" တဲ့။ စာရေးသူကလည်းစိန်ခေါ်မှုကို လက်ခံတုပြိုင်သောသူတစ်ယောက်ဖြစ်သည်။

သူပြောသလိုပင် အစမှာတော့ တပည့် ၄ ယောက်ရသည်။ ထိုထဲတွင်တစ်ယောက်က ညီအရင်း, ကျန်တစ်ယောက်က သူငယ်ချင်း, ကျန်နှစ်ယောက်ကသာ တစ်စိမ်းဖြစ်သည်။ စာသင်ချိန် တော်တော်များများမှာ ညီဖြစ်သူနှင့် သူငယ်ချင်းက အတန်းမတတ်ကြပေ။ စာရေးသူ စာသင်နေချိန်တွင် ပတ်ဝန်ကျင်က တပည့်နှစ်ယောက်နှင့်ဆရာဟူ၍ ပင်စနောက်ခဲ့ကြသည်။ ထိုအချိန်က စာရေးသူသာ သူငယ်ချင်း၏ ကောင်းချီးပေးမှုအတိုင်း " ငါမဖြစ်နိင်ပါဘူး" ဟုလက်လျော့ခဲ့လျှင် လမ်းဘေးရောက်နေမည်မှာ မြေကြီးလက်ခတ်မလွဲပေ။ ဤလောကတွင် မဖြစ်နိင်သောမရာဟူ၍ မရှိပါ။ မဖြစ်နိင်ဘူးထင်သောစိတ်ကြောင့်သာ ဘာမှဖြစ်မလာသည်ကို လူငယ်များကျေကျေလည်လည် တိတိပပ သိရန်လိုအပ်သည်။

အများ၏လေးစားခြင်း,ယုံကြည်ခြင်း ခံလိုသူသည်ကိုယ့်ကိုယ်ကိုလေးစားအထင်ကြီးခြင်း ( Self - esteem ) ရှိရန်လိုအပ်သည်။ လူအများသည် သူများအထင်ကြီးရန် တန်ဖိုးကြီးဖုန်း, ကား, အဝတ်အစားများကို ဝတ်စားရန်ကြိုးပမ်းအားထုတ်ကြသည်။ မိမိ၏စိတ်ကိုတော့ တန်ဆာဆင်ရန် မေ့မြောနေသည်ကများကြသည်။ စာရေးသူဖတ်ဖူးသော " သူလိုလူ " စာအုပ်မှ ဆရာကြီး ဂျာနယ်ကျော်ဦးချစ်မောင်ကို လူအများအထင်ကြီးလေးစားရသော အချက်ကား သူ့ကိုသူ ဆင်မြန်းတဲ့ အရာတစ်ခုကြောင့်ဖြစ်သည်။ ထိုအရာကား ရိုးဂုဏ်ပင်။ ထိုထဲမှာအနည်းအကျဉ်းအား ကူးယူဖေါ်ပြပါရစေ။ ဆရာကြီးဂျာနယ်ကျော်ဦးချစ်မောင်နှင့် ဂျာနယ်ကျော်မမလေးတို့ ရည်းစားမဖြစ်ခင်ကာလက ဖြစ်သည်။ ဂျာနယ်ကျော်မမလေးက ဆရာကြီးအား " ဦးချစ်မောင်, ဦးချစ်မောင်ဘယ်ဂုဏ်ကို အမြတ်နိုးဆုံးလဲ, ဘယ်ဂုဏ်ကို ရဖို့ကြိုးစားပါသလဲ" ဟုမေးခဲ့သည်။ ဒါကို ဆရာကြီးဦးချစ်မောင်က " မတင်တင်, ကျွန်တော်ကတော့ ရိုးဂုဏ်ကိုရဖို့ ကြိုးစားပါတယ်" လို့ဖြေခဲ့သည်။ ရိုးဂုဏ်ကို ဆင်မြန်းခဲ့သော ဆရာကြီးဂျာနယ်ကျော်ဦးချစ်မောင်လိုလူမျိုး, ဗိုလ်ချုပ်လိုလူမျိုးကို စာရေးသူတို့ ယနေ့တိုင်အထင်ကြီးလေးစား နေကြသည်မဟုတ်ပါလား။ မိမိကိုယ်ကို လေးစားနိင်ရန် ရိုးဂုဏ်ကိုဆင်မြန်းပါ။

စာရှည်သွာမည်စိုး၍ ခေတ္တရပ်နားပါရစေ
ဆက်ရန်

သျှင်နေမင်း ( စိုက်/ မွေး )
ကောင်းသောစာများနှင့်သမိုင်းများကို မျှဝေပါမည်။
အားလုံးကိုကျေးဇူးတင်လျှက် မိုးမျှော် (မင်းတုန်း)
< >
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

Get Update Article on FacebookX

Find Us on Facebook

Get Update Article on Google+X

Follow Us on Google+