Popular Posts

Music

Powered by Blogger.

Movies

Games

Pictures

Slider

Flickr Images

Sports

Blogger templates

Blogroll

မိုးမျှော် (မင်းတုန်း) ဆိုက်ကလေးကို လာသူများစိတ်၏ချမ်းသာခြင်းနှင့်ပြည့်စုံပါစေခင်ဗျာ

About

Pages - Menu

မိဘကျေးဇူးဘယ်သူက ပိုကြီးမားလဲ



ဒီစာလေးရေးဖို့ကျွန်တော်ပြင်ဆင်ခဲ့ရပါတယ် ငယ်ငယ်တုန်းက ကိုရင်ဝတ်သုံးက စာတွေဖတ်ခဲ့ပြီး ဆရာတစ်ယောက်ပြောခဲ့တာတွေကိုလည်း နားနဲ့ပါစာဖတ်ခဲ့ရပါတယ်
အဲဒီအချိန်မှစပြီး မိဘမေတ္တာ ဘယ်သူက ပိုကြီးမားလဲဆိုတာသိခဲ့ရပါတယ် ဒီစာသားတွ ရဲ့ အကျဉ်းချုပ်ကို ကျွန်တော့်ဘဝမှာ အရေးကြီးတဲ့သူကိုပြောပြခဲ့ဖူးတယ် အခုတော့ အားလုံးသိအောင်ပြောလိုက်ချင်ပါတယ်......
ဟိုး...အရင်တုန်းက မိသားစုလေးတစ်စုရှိခဲ့တယ် အဖေရယ် အမေရယ် အကိုရယ် ညီမလေးရယ် ကျွန်တော်ရယ်ပေါ့ ငယ်ငယ်လေးကတည်းက အမေမေတ္တာကို ရေးဖွဲ့ သီကုံးတဲ့ ကဗျာတွေ စာစီစာကုန်းတွေမှာဆို ကျွန်တော်ပထမရဖူးခဲ့ပါတယ် ဒါကြောင့် အမေ့ကျေးဇူးက ပိုပြီးကြီးမားတယ်ဆိုပြီး အဖေ့ရှေ့မှာကြွားမိပါသေးတယ် အဖေက ကျွန်တော်ပြောတာကို ပြုံးပြပြီး အဖေ့ကိုရှင်းပြပါအုံးကွ လို့ ကျွန်တော်ကိုပြောတယ် ဒါကြောင့် ကျွန်တော်က အဖေရေ အမေဟူသည်မှာ--သားသမီးတို့ ပူဇော်အပ်သူ၊ မြတ်နိုးတတ်သူ သားသမီးကိုချီ၍သွားတတ်သူ၊ သားသမီးကိုမွေးဖွား
ပေးသူ၊ သားသမီးကိုနို့ချိုတိုက်ကျွေးသူ၊ သားသမီးကိုရင်အုပ်မကွာစောင့်ရှောက်တတ်သူ
သားသမီးကို ကြင်နာမှု မြတ်နိုးမှုပေးသည်ဟု အဖေကိုပြောတော့ အဖေကထပ်မေးတယ်
သား အမေဆိုတာ ဘယ်လိုကနေဖြစ်ပေါ်လာတာလဲ ကျွန်တော်ထပ်ပြောပါတယ် ဟိုအရင်ခေတ်တွေက မိခင် လိုခေါ်ဝေါ်ကြပါတယ် မိခင်ဟူသည် "မာတာ"ဟူသော ပါဠိ ဘာသာမှ ဆင်းသက်လာတာပါအဖေ လို့ပြောလိုက်ပါတယ် အေးမင်းတော်တော်လေး တတ်သားပဲ ဒါပေမယ့် ငါ့သား မင်းတို့အမေ မင်းတို့ကိုနို့ချိုတိုက်ကျွေးဖို့လွယ်ကူ
အောင် အဖေ ဘယ်လိုလုပ်ပေးခဲ့ရလဲ မင်းသိလားငါ့သား အဖေကြွားပြောချင်လို့ မဟုတ်ပါဘူး အဖေတွေကို နောင်လာနောင်သားတွေမုန်းမှာစိုးလို့ပါ မင်းအဖေ မေတ္တာတွေကိုတနေ့ဖေါ်ကြူးနိုင်ပါစေလို့ အဖေ ဆုတောင်းပေးပါတယ် လို့အဖေပြောခဲ့ဖူးပါတယ်.......
ကျွန်တော် အဖေ့အကြောင်းတွေကို စာအုပ်တွေဖတ် ကိုတိုင်အနီးကပ်လေ့လာကာ အဖေကျေးဇူးကို ပြန်လည်ဖေါ်ကြူးကာ လူအများသိအောင် စာစီစာကုံးလေးဝင်ပြိုင်ခဲ့ပါ တယ် စာစီစာကုံးဆိုတာတော့ ကျောင်း၌မဟုတ်ပေ ဘုန်းကြီးကျောင်းသားအချင်းချင်း ပညာစမ်းတတဲ့သဘောပါ အဖေဟူသည် ဖခင် ဖခင်ဟူသည် "ပိတာ" ပဠိဘာသာ မှ ဆင်းသက်လာသည် "ပါတိ ပုတ္တန္တိ ပိတာ။ ပါတိ ရက္ခတီတိ ပိတာ ပုတ္တံ ပိယာယတီတိ ပီတာ" လို့ပါဠိလိုရေးထားပါတယ် အနက်မှာ-- သားသမီးတို့ကို မေတ္တာ၊ကရုဏာ၊ မုတိတာ၊ဥပေက္ခာဟူသော ဗြဟ္မဝိဟာရတရားတို့ဖြင့် စောင့်ရှောက်တတ်၊ ရောင့်ရဲ စေတတ်၊ နှစ်သက်စေတတ်သောကြောင့် ဖခင်ဟုခေါ်ပါသည်။
ကျွန်တော်တို့လောကကြီးကို ရောက်ဖို့အတွက် အဖေမရှိပဲ အမေတစ်ယောက်ထဲမွေး လို့မရပါဘူး အဖေတစ်ယောက်တည်းနဲ့လည်းမွေးလို့မရပါဘူး ဒါကြောင့် အဖေနဲ့ အမေရဲ့ ကျေးဇူးဟာ သံတစ်ပိဿာ နှင့် ဂွမ်းတစ်ပိဿာ လိုတူတယ်ဆိုပြီး လူတွေအများအပြားကိုပြောပြနိုင်တဲ့အချိန်မှာ ကျွန်တော့်အဖေကတော့ လူလောကကြီး ထဲမှာမရှိတော့ဘူး အဖေလို့ဝဝတောင်မခေါ်ခဲ့ရဘူး ဒါကြောင့် အဖေ၊အမေရှိသူတွေကို မိဘအပေါ်မမှားစေဖို့ အသိပေးစေကာ ဤ စာလေးရေးရခြင်းဖြစ်ပါတယ် အဖေ့ ကျေးဇူးသည် ဂွမ်းတစ်ပိဿာနှင့်တူတယ် အမေ ကျေးဇူးဟာ သံတစ်ပိဿာ နဲ့တူတယ် ဒီလောက်ဆိုရင် နားလည်လောက်မယ်လို့မျှော်လင့်ပါတယ် ဆုံးအောင်ဖတ်ပေးလို့ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ......

အားလုံးကိုလေးစားလျှက် (မိုးမျှော် မင်းတုန်း)
< >
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

Get Update Article on FacebookX

Find Us on Facebook

Get Update Article on Google+X

Follow Us on Google+