" အားလုံးပဲမင်္ဂလာပါ "
M.W.R.N ရဲ့ အလုပ်သမားနေ့ အခန်းအနား
---------------------------------------------------------------
မေလ ၁ ရက်နေ့ ၅ လပိုင်းတွင် အလုပ်သမားနေ့ ဖြစ်သည့်အတွက် M.W.R.N အဖွဲ့သားများက ဖျော်ဖြေရေးသံချပ်တို့နှင့် အလုပ်သမားနေ့ကို ကြိုဆိုခဲ့ကြပါတယ် ပထမဆုံး မြန်မာတစ်နိုင်ငံလုံးရဲ့ ဖခင်ဗိုလ်ချုပ်အောင်ဆန်းသီချင်းနဲ့ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါတယ်။ထို့နောက် နိုင်ငံသီချင်း နိုင်ငံတော်ကိုအလေးပြုခြင်း M.W.R.N ဥက္ကဌဦးအောင်ကျော်မှအဖွင့်အမှာ စကား ပြောပြီးနောက် ပိုင်းမှာ M.W.R.N သံချပ် ဖြင့်အလုပ်သမားရေးများကို သီဆိုခြင်း အစီအစဉ်အပါဝင် ထိုင်းယူနစ် အဖွဲ့တို့ရဲ့ ကချင်ရိုးရာအက ထိုင်းရိုးရာ အက တို့နှင့် ခေတ်ပေါ်တေးဂီတ တို့ကို ဖျော်ခဲ့ကြပါသည်။
.ဥက္ကဌ ဦးအောင်ကျော် ပြောသွားသော စကားလေးကို ပြောပြခွင့်ပြုပါ လူငယ်တွေ အပါအဝင် အလုပ်သမားများသည် ပိုက်ဆံတွေ အကုန်များတဲ့ ရှုးပွဲတွေကို အများသွား ကြသလို အလုပ်သမား ရေးကို လိုက်စားကြတာ အရမ်းအားနည်း နေတယ်လို့ ဥက္ကဌဦးအောင်ကျော်မှ ထောက်ပြသွားတာကို ကျွန်တော် အရမ်းလေးစားမိပါတယ်။
M.W.R.N ဆိုတဲ့အသင်းကြီးဟာ သူဌေးတွေဖွဲ့စည်းထားတာ မဟုတ်ပါဘူး အလုပ်သမားထဲက အလုပ်သမားတွေနဲ့ အလုပ်သမားတွေရဲ့ တစ် ၁ ဘတ်နှုံးဖြင့် ဖွဲ့စည်းထားတာပါခင်ဗျာ တစ်ချို့တွေက ပြောကြတယ် M.W.R.N ဘာလုပ်ပေးနိုင်လို့လဲ
လို့မေးကြတဲ့သူငယ်ချင်းတွေကို ဥပမာလေးပေးပါရစေ ထိုင်းနိုင်ငံမှာ နေတဲ့သူတွေ CP အလုပ်ရုံကို သိကြမှာ မဟာချိုင် CPF ပုစွန်စက်ရုံက မြန်အလုပ်သမား 1200ခန့်ကို အလုပ်ဖြုတ်ခဲ့ပါတယ်။ MWRNက အလုပ်သမားတွေကို တိုင်ပင်ဆွေးနွေးပေးနေတဲ့အတွက် ဥပဒေပါအတိုင်း နစ်နာကြေးနဲ့ခံစားခွင့်တွေစုစုပေါင်း ဘတ်သန်း၅၀ ရရှိခံစားရှိခဲ့ပါတယ် အဓိကလိုအပ်ချက်က အလုပ်သမားဖြစ်တဲ့ ကျွန်တော်တို့တွေပါပဲ ကျွန်တော် တို့တွေ ကူညီတောင်းမှ အလုပ်သမားဖွဲ့ အစည်းတွေက ကူညီလို့ရတာပါ။
ကျွန်တော်ရုံးလေးကို လာလည်ဖို့ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့ရုံးလေးက 93/260 စီကထစ်လမ်း၊အဇုံ 7၊ ထာ့စိုင်းနယ်မြေ၊စမွတ်ဆာခွန်မြို့၊စမွန်စာခွန်ခရိုင်။ ဝေလ ( 9 ) လမ်းထိပ်၊ အိမ်အမှတ် 93/260 ၊မဟာချိုင်မြို့မှာ တည်ရှိနေပါတယ်။ အားလုံးကိုဖိတ်ခေါ်ပါတယ်။ ရွှေနိုင်ငံက ရွှေမြန်မာ့အလုပ်သမားများအားလုံး ခွင့်အရေး အပြည့်အဝရကြပါစေခင်ဗျာ။
အားလုံးကို လေးစားလျှက် မိုးမျှော် (မင်းတုန်း)

0 comments:
Post a Comment