Popular Posts

Music

Powered by Blogger.

Movies

Games

Pictures

Slider

Flickr Images

Blog Archive

Sports

Blogger templates

Blogroll

မိုးမျှော် (မင်းတုန်း) ဆိုက်ကလေးကို လာသူများစိတ်၏ချမ်းသာခြင်းနှင့်ပြည့်စုံပါစေခင်ဗျာ

About

Pages - Menu

၎နှစ်ဗီဇာသက်တမ်းကုန်လွန်သွားသောမြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက်တောင်းဆိုချက်ထုတ်ပြန်ခြင်း

 
                                                                                                                     ၂၀၁၃၊ နိုဝင်ဘာလ (၁၁)

အသေးစိတ်အချက်အလက်အတွက်ဆက်သွယ်ရန်
၁။ဦးအောင်ကျော် ( ဥက္ကဌ MWRN +66 8675 55337  (မြန်မာဘာသာ)
၂။ကိုစိန်ဌေး ( ဒါရိုက်တာ MWRN ရန်ကုန်) +95 949278500 (ထိုင်း/မြန်မာဘာသာ)
၃။ကိုထွန်း (တာဝန်ခံ MWRN ရန်ကုန်) +95 9313 89989 (အင်္ဂလိပ်/မြန်မာဘာသာ)
၎။ မဟန်သာ ( တာဝန်ခံ MWRN  မဟာချိုင်) +66 843759868 ( အင်္ဂလိပ် /မြန်မာဘာသာ)



မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားတို့သည် ထိုင်းနိုင်ငံသို့ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်
အလုပ်လုပ်ကိုင်နေကြသည်မှာ ဆယ်စုနှစ်ကျော်နေပြီး စုစုပေါင်း ၂သန်းကျော် ၃သန်းခန့်ရှိမည်ဟု ခန့်မှန်းထားကြပါ
သည်။ ၎င်းအလုပ်သမားများကို တရားဝင်အလုပ်သမားဖြစ်စေရေးအတွက် ထိုင်းနှင့်မြန်မာအစိုးရတို့က ၁၅ဇူလိုင်
၂၀၀၉ခုနှစ်မှစတင်၍ နိုင်ငံသားစီစစ်ခြင်းနှင့်ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်းတို့လုပ်ဆောင်ခဲ့ရာ ၁၁ သြဂုတ်
၂၀၁၃ခုနှစ်အထိ မြန်မာအလုပ်သမားဦးရေ ၁.၇ သန်းကျော်တို့ကို ယာယီနိုင်ငံကူးလက်မှတ်နှင့်ဗီဇာများ ပြုလုပ်ပေး
နိုင်ခဲ့ပြီးဖြစ်သည်။ ဤကဲ့သို့ တရားဝင်အလုပ်သမားဖြစ်ရန်လုပ်ဆောင်ပေးမှုသည် အလွန်ကောင်းမွန်သောလမ်းစဉ်
ဖြစ်ပြီးမြန်မာရွှေ့ပြောင်းအလုပ်သမားတို့ အခွင့်အရေးများရရှိရန် အထောက်အကူဖြစ်ခဲ့ပါသည်။ သို့သော် ၂နိုင်ငံအစိုးရ
တို့ကချမှတ်သော လမ်းစဉ်များကိုအကောင်အထည်ဖေါ်ဆောင်ရွက်ရာတွင် အလုပ်သမားများအား ခေါင်းပုံဖြတ်ခြင်း၊
ကိုယ်ကျိုးရှာခြင်း စသည်တို့လည်းတွဲလျက်ပါရှိလာသဖြင့် ၂နိုင်ငံအစိုးရတို့၏ရည်မှန်းချက်များကို ဖျက်ဆီးနေသည်ဟု
ဆိုရပေလိမ့်မည်။ ပြီးခဲ့သော ၄နှစ်တာကာလအတွင်း နိုင်ငံသားစီစစ်ခြင်းလုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ်လျှင် အလုပ်
သမားနှင့်အလုပ်ရှင်တို့သည် နိုင်ငံသားစီစစ်ရန်အတွက် မိမိဖာသာလုပ်ဆောင်၍မရပဲ ပွဲစားကုမ္ပဏီများမှတဆင့်ဖြတ်
သန်းလုပ်ဆောင်မှသာလျှင် ယာယယီနိုင်ငံကူးလက်မှတ်နှင့်ဗီဇာတို့ရရှိနိုင်ခဲ့သည်။ ထို့ကြောင့် ၂နိုင်ငံအစိုးရတို့သတ်
မှတ်ထားသောဈေးနှုန်းထက် အဆပေါင်းများစွာပိုမိုပေးဆောင်ခဲ့ရသည်။  နိုင်ငံသားစီစစ်ပြီးသော မြန်မာအလုပ်သမား
၁.၇သန်းခန့်တို့သည် အစိုးရကသတ်မှတ်ထားသောကုန်ကျစားရိတ် ယာယီနိုင်ငံကူးလက်မှတ် ဘတ်၅၅၀နှင့် ဗီဇာခ
ဘတ်၅၀၀ စုစုပေါင်း ၁၀၅၀ဘတ်သာ ကုန်ကျရမည်ဖြစ်သော်လည်း ပွဲစားကုမ္ပဏီများနှင့်လုပ်ကိုင်ရသောကြောင့်
ဘတ်၅၅၀၀ မှ ဘတ်၁၂၀၀၀ ထိ အဆပေါင်းများစွာ ပိုမိုပေးဆောင်ခဲ့ရသည်။ အလုပ်သမားတစ်ဦးလျှင် ပျမ်းမျှအားဖြင့်
ဘတ် ၃၀၀၀ ခန့်အမြတ်ထုတ်ခံခဲ့ရသည်ဟုတွက်ကြည့်လျှင်ပင် နိုင်ငံသားစီစစ်ပြီးသော မြန်မာအလုပ်သမား ၁.၇သန်း
ခန့်တို့သည် ဘတ်ငွေသန်းပေါင်း ၅၁၀၀ခန့် (ဒေါ်လာသန်း၁၇၀ခန့်) ပွဲစားကုမ္ပဏီနှင့်အကျင့်ပျက်ဝန်ထမ်းတို့က မြန်မာ
အလုပ်သမားများအပေါ် ကိုယ်ကျိုးရှာ အမြတ်ထုတ်ခံခဲ့ရသည်ဟု ဆိုနိုင်ပါသည်။ လုပ်အားခ၀င်ငွေနည်းပါးလှသော
မြန်မာအလုပ်သမားတို့အတွက် နောက်ဆက်တွဲအနေဖြင့် ကြွေးမြီတင်ရှိခြင်း၊ ကြွေးမီဖြင့်ချည်နှောင်ခိုင်းစေခံရခြင်းတို့
ကိုလည်း ကြုံတွေ့ခဲ့ရပါသည်။
ယခုအခါတွင် လွန်ခဲ့သော၂၀၀၉ခုနှစ်အတွင်း နိုင်ငံသားစီစစ်ပြီးယာယီနိုင်ငံကူးလက်မှတ်နှင့်ဗီဇာရရှိထားသူများသည်
၂နိုင်ငံအစိုးရတို့ခွင့်ပြုထားသော ၄နှစ်နေထိုင်လုပ်ကိုင်ခွင့်ဗီဇာကုန်ဆုံးခဲ့ပြီဖြစ်သည်။ ၎င်းအလုပ်သမားတို့ ထိုင်းနိုင်ငံ
တွင်ဆက်လက်နေထိုင်အလုပ်လုပ်ကိုင်နိုင်ရန်အတွက် ၂နိုင်ငံအစိုးရတို့၏ တိကျထင်ရှားသောမူဝါဒများကို အမြန်ဆုံး
ချမှတ်ပြီး အကောင်အထည်ဖေါ်ဆောင်ရန် အရေးတကြီးလိုအပ်နေပါသည်။ ၄နှစ်ဗီဇာကုန်ဆုံးသွားသော ထောင်၊
သောင်းချီနေသော မြန်မာအလုပ်သမားတို့မှာ ၎င်းတို့၏အနာဂတ်အတွက် တိကျရေရာသောသတင်းအချက်အလက်
များကို ယခုထိတိုင် မသိရှိသေးပါ။ နောက်ဆက်တွဲပြဿနာများအနေဖြင့် ပွဲစားများက ဗီဇာဆက်ပေးမည်ဟုဆိုပြီး
အလုပ်သမားများထံ လိမ်လည်လှည့်ဖျား၍ တစ်ဦးလျှင်ဘတ်၃၅၀၀ မှ ဘတ်၅၀၀၀ ထိလိမ်လည်ယူဆောင်သွားခြင်း
များ စမွတ်စာခွန်၊ နွန်ထဘူရီ၊ ချွန်ဘူရီနှင့် ဘန်ကောက်တို့တွင်ဖြစ်ပွားနေပါသည်။ အလုပ်ရှင်တို့ကလည်း ၄နှစ်ဗီဇာ
ပြည့်သွားသော အိုဗာစတေးအလုပ်သမားများကို အလုပ်မှရပ်ဆိုင်းထားပြီး ဗီဇာအသစ်ရရှိပြီးမှသာ အလုပ်ပြန်ဝင်ရန်
ပြောဆိုခြင်းကြောင့် အလုပ်လက်မဲ့ဖြစ်နေရပြီဖြစ်သည်။ ထိုအကြပ်အတည်းကိုအခွင့်ကောင်းယူ၍ လိမ်လည်လှည့်ဖျား
သောပွဲစားများ၏ အခွင့်ကောင်းယူအမြတ်ထုတ်ခြင်း ခံနေရကြောင်း ကာယကံရှင်အလုပ်သမားများ၏ပြောပြချက်အရ
သိရှိနေရပါသည်။ ထို့အပြင် ပွဲစားများက အလုပ်ရှင်များနှင့်ဆက်သွယ်၍ ၄နှစ်ဗီဇာဆက်ခြင်းနှင့်နိုင်ငံကူးလက်မှတ်လုပ်
ရန်အတွက် တစ်ဦးလျှင် ဘတ်၁၀၀၀၀ မှ ၁၅၀၀၀ ထိပေးဆောင်ရမည်ဖြစ်ကြောင်း ပြောဆို၍ ကြိုတင်တောင်းခံလျှက်
ရှိနေသည်ဟု အလုပ်ရှင်အချို့ထံမှသိရှိရပါသည်။
ထို့ကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတို့မှာ တရားဝင်အလုပ်သမားဖြစ်ဖို့အရေးအတွက် ငွေကြေးကုန်ကျမှုများစွာ
ပေးဆောင်ခဲ့ရပြီးနောက်တွင်လည်း အကျိုးရှာအမြတ်ထုတ်မှုများ အဖန်တလဲလဲ ခံရဖွယ်ရှိနေပြီဖြစ်ပါသည်။ ထိုင်းနိုင်ငံ
ရောက်ရွှေ့ပြောင်းမြန်မာအလုပ်သမားတို့၏ဘ၀မှာ အလုပ်သမားအခွင့်အရေးချိုးဖေါက်ခံရခြင်း၊ အာဏာပိုင်များ၏
ဥပဒေမဲ့အနှောင့်အယှက်အမျိုးမျိုးပေးခံရခြင်း၊ ခွဲခြားဆက်ဆံခံရခြင်း စသောနေ့တဓူဝအခက်အခဲများအပြင် ယခုကဲ့သို့
ထိုင်းနှင့်မြန်မာပွဲစားများ၏ ခေါင်းပုံဖြတ်အမြတ်ထုတ်မှုများကိုလည်း ရင်ဆိုင်ကြုံတွေ့နေရပြီဖြစ်ပါသည်။ ထိုင်းနိုင်ငံ
ရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတို့အရေးအတွက် ထိုင်းနှင့်မြန်မာအစိုးရတို့က ၅ စက်တင်ဘာ၂၀၁၃ နေ့ နှင့်
၁၂ အောက်တိုဘာ ၂၀၁၃နေ့ များတွင် ၂ကြိမ်တိုင် ဆွေးနွေးပွဲပြုလုပ်ပြီးသည်မှစ၍ ယနေ့တိုင်အောင်ပင် မည်သို့
မည်ပုံ ဆက်လက်ဆောင်ရွက်မည်ကို အများပြည်သူများအားအသိပေးခြင်းသော်လည်းကောင်း၊ ရက်ချိန်းပေးခြင်း
သော်လည်းကောင်း လုပ်ဆောင်ခြင်းများမတွေ့ရသေးပါ။ အတည်မပြုနိုင်သော သတင်းများ၊ ကောလဟာလများသာလျှင်
ဖြစ်ပေါ်လျှက် အလုပ်ရှင်နှင့်အလုပ်သမားတို့အား စိုးရိမ်စိတ်များမြင့်တက်စေလာပါသည်။ သို့ဖြစ်ပါ၍ ထိုင်းနိုင်ငံရောက်
မြန်မာရွှေ့ပြောင်းအလုပ်သမားတို့၏ တရားဝင်နေထိုင်လုပ်ကိုင်မှုများကိုကာကွယ်ပေးရန်အတွက် ထိုင်းနှင့်မြန်မာအစိုးရများ
ထံ ကျွန်ုပ်တို့က အောက်ပါအချက်များကို တောင်းဆိုအပ်ပါသည်။

၁။ အလုပ်သမားနှင့်အလုပ်ရှင်များ၏အကျိုးအတွက် ဤလုပ်ငန်းစဉ်များကို နယ်စပ်စခန်းများသို့သွားရောက်စေခြင်း
မပြုပဲ ထိုင်းနိုင်ငံအတွင်းရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးစခန်းများတွင်သာပြုလုပ်ပေးရန်။ 

၂။ ၄နှစ်ဗီဇာသက်တမ်းပြည့်ပြီးသောအလုပ်သမားများအတွက် လုပ်ဆောင်ရမည့်အဆင့်များနှင့်ကုန်ကျစားရိတ်ကို
အများပြည်သူကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် တိကျစွာထုတ်ပြန်ပေးရန်။
၃။ လုပ်ဆောင်ရမည့်အဆင့်တိုင်းတွင် ကြာမြင့်မည့်အချိန်ကို တိကျစွာသတ်မှတ်ရန်နှင့် ထိုသတ်မှတ်ထားသည့်ကြာ
မြင့်ချိန်အတိုင်း လုပ်ဆောင်ပေးရန်။
၎။ ကြားခံပွဲစားများ၏၀န်ဆောင်မှုနှုန်းထားများကို တရားမျှတသည့်နှုန်းထားဖြင့် အစိုးရများကသတ်မှတ်ချက်ထုတ်
ပြန်ရန်နှင့် မလိုက်နာလျှင်ထိရောက်စွာအရေးယူရန်။
၅။ ဗီဇာရက်ကျော် (Over Stay) ဖြစ်နေသောအလုပ်သမားများကို သတ်မှတ်ထားသောဒဏ်ကြေး( တစ်ရက်လျှင်
ဘတ်၅၀၀နှုန်းဖြင့် ၂၀၀၀၀ဘတ်ထက်မပိုသောဒဏ်ကြေး)မှ ကင်းလွတ်ခွင့်ပြုပေးရန်။




ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် ( Migrant Worker Rights Network ) သည် ထိုင်းနိုင်ငံ
မဟာချိုင်အခြေစိုက်မြန်မာရွှေ့ပြောင်းအလုပ်သမားအဖွဲ့အစည်းဖြစ်ပါသည်။ရွှေ့ပြောင်းအလုပ်သမားများ၏အရေးကိုရွှေ့ပြောင်းအလုပ်သမားများကိုယ်တိုင်ဆောင်ရွက်နိုင်
ရန်ဖွဲ့စည်းခဲ့ပြီး၊ အဖွဲ့ဝင်အင်အား ၃၀၀၀ ကျော်ရှိသောအလုပ်သမားအခြေပြုအဖွဲ့အစည်းဖြစ်ပါသည်။

< >
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

Get Update Article on FacebookX

Find Us on Facebook

Get Update Article on Google+X

Follow Us on Google+