Popular Posts

Music

Powered by Blogger.

Movies

Games

Pictures

Slider

Flickr Images

Sports

Blogger templates

Blogroll

မိုးမျှော် (မင်းတုန်း) ဆိုက်ကလေးကို လာသူများစိတ်၏ချမ်းသာခြင်းနှင့်ပြည့်စုံပါစေခင်ဗျာ

About

Pages - Menu

လုပ်ငန်းခွင်ပြဿ နာ

လုပ်ငန်းခွင်ပြဿနာ

         







လုပ်ငန်းခွင်နှင့်ပြဿနာနဲ့ပတ်သတ်ပြီး တချို့သောအလုပ်ရုံတွေမှာတော့ လူမျိုးရေးခွဲခြားဆက်ဆံခံ ရတယ် 
အထူးသဖြင့်အလုပ်ရုံကြီးများဖြစ်ပါတယ် တချို့သောအလုပ်ရုံတွေမှာ ယခုလိုနှစ်ကုန် အလုပ်သမားတွေကို လက်ဆောင်အဖြစ်ပြန်လည်ပေးတာမျိုးရှိပေမယ့်လို့ (ဘောနပ်) အများသောအားဖြင့်တော့ အလုပ်သမားထံမှ တစ်ဦးလျှင် ငွေကြေး ၂၀၀ ထက်မနဲ ပြန်လည်ကောက်ခံ ပြီး အလုပ်သမားခေါင်းဆောင်နှင့် အကြီးအကဲများအား လက်ဆောင် ပဏ္ဏာများ ဝယ်ပေးရတယ်။ မပေးတဲ့အလုပ်သမားကို သူ့တို့မှ မကြည်ဖြူခြင်း အခြားသူများထက် အလုပ်ပိုမို ခိုင်းစေခြင်း ပြုလုပ်ကြတယ်..ကျွန်တော့် သူငယ်ချင်းလုပ်တဲ့အလုပ်ရုံမှာဆိုရင် အလုပ်သမားခေါင်းဆောင် (ဝဏ္ဏ)က ထိုင်းလူမျိုး သူတို့ကြတော့ဘာမှ မလုပ်ပဲအချောင်နေတယ် အလုပ်သမားတွေမှာတော့ တနေရာပြီးတနေရာဆက်တိုက် ဆိုသလိုလုပ်နေရတယ်။ အလုပ်သမားတွေ ဦးထုပ်မဆောင်းတာမျိုး တခါတရံ အလုပ်ရုံဖိနပ်မဟုတ်တဲ့အိမ်စီး ဖိနပ်စီးလာတာမျိုး ကျန်းမာရေးဆိုင်ရာ ရှုဆေး အသေးအမွှားလေးကစ တစ်ခုမှ အခွင့်မပြုပေမယ့် ဝဏ္ဏ QC ဖုံမင် အစွတ် အစရှိတဲ့ ဒီပုဂ္ဂိုလ် တွေကြတော့ သူတို့လိုချင်တာအကုန်လုံးယူလို့ရတယ်။ အချို့သောအလုပ်တွေမှာ သောက်သုံးရေ မသန့်ရှင်းသလို လုံလောက်မှုလဲမရှိဘူး။ အလုပ်ရုံမှာ ခန့်အပ်ထားသော ဘာသာပြန် အဲဒီပုဂ္ဂိုလ်တွေက အလုပ်သမားတွေအပေါ်မှာ ငဲ့ညှာတာမှုမရှိဘူး။ အလုပ်ရုံမှ တာဝန်ယူဆောင်ရွက်ပေးသော ၃ လတစ်ကြိမ် ပတ်စပို့ တံဆိပ်တုံး ထုသောစာအုပ်များကို အငယ်ခံ ၁၅ ရက်ထက်မနဲ ကြာမြင့်ခြင်းကြောင့် ဘာသာစကားမကျွမ်းကျင်သော ကျွန်တော်တို့တွေ မှာ ပုလိပ် တွေရဲ့ ငွေညစ်ခြင်းကိုခံရတယ်။ နောက်ဆုံးအနက်ချုပ်အနေနဲ့ ပြောရရင် အလုပ်ရှင် အလုပ်သမား တစ်ဦးနှင့်တစ်ဦး အမှီပြုနေတာဖြစ်ခြင်းကြောင့် အလုပ်ရှင်များမှ အလုပ်ရှင်နှင့်အလုပ်သမားဥပဒေကို လိုက်နာကျင့်သုံးဖို့လိုပါတယ် အချို့သောကိစ္စတွေမှာ အလုပ်ရှင်တွေက အခြားသောအကြောင်းအရာများကို မသိရှိနိုင်ခြင်းကြောင့်  မိမိ၏ အလုပ်ရုံအတွင်း ဖြစ်ပေါ်နေသောအကြောင်းအရာများကို သိရှိနားလည်အောင် လေ့လာစေချင်ပါတယ် ဟု ပြောဆိုရင်း ကျွန်တော့်ရဲ့တင်ပြချက်ကိုဒီနေရာတွင် နိဂုန်းချုပ်အပ်ပါတယ်ခင်ဗျာ

< >
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

Get Update Article on FacebookX

Find Us on Facebook

Get Update Article on Google+X

Follow Us on Google+