Popular Posts

Music

Powered by Blogger.

Movies

Games

Pictures

Slider

Flickr Images

Sports

Blogger templates

Blogroll

မိုးမျှော် (မင်းတုန်း) ဆိုက်ကလေးကို လာသူများစိတ်၏ချမ်းသာခြင်းနှင့်ပြည့်စုံပါစေခင်ဗျာ

About

Pages - Menu

နေ့စားခ အပြည်အဝမရသေး

ထိုင်းစိုးတစ်နိုင်ငံလုံးအတိုင်းအတာထိနေ့စားဘတ်ငွေ(၃၀၀)ပေးထားသော်လည်းအလုပ်ရုံတိုင်းယနေအထိမရရှိသေး


ဒီတစ်ခါတင်ပေးချင်တာကတော့ ထိုင်းနိုင်ငံအစိုင်းရဥပဒေက ပေးထားတဲ့ အလုပ်သမားများရဲ့ နေ့စား   ခလေးကိုတင်ပေးချင်ပါတယ် ထိုင်းနိုင်ငမှာ 2012 ခုနှစ်ကတည်းက နေ့စား (၈)နာရီ တစ်နေ့လျှင် (၃၀၀)ဘတ် အချိန်ပို (၁) နာရီလျှင် (၅၆) ဘတ်ကို တရားဝင်အလုပ်သမားဖြစ်ဖြစ် တရားမဝင် အထောက်အထား မရှိသောအလုပ်သမားများဖြစ်စေ ထိုင်းနိုင်ငံသားများသာမက မည်သည့်နိုင်ငံသား မဆို အလုပ်သမားမှန်ရင် အကုန်ရစေလို့ ပြောထားသော်လည်း ထိုင်းဥပဒေအရ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် လုပ်အားခတစ်နေ့ ၃၀၀ ဆိုပေမယ့်လို့ အလုပ်ရုံပေါင်း ၆ ထောင်ကျော်လောက်ရှိတဲ့ မဟာချိုင်နယ်မြေ မှာ ၃ ထောင်လောက်တောင် နေ့စား ၃၀၀ အပြည့်အဝမရကြပါဘူး အချို့ဆိုလို့ရှိ ရင် မနက် ၈ ည ၈ ဆင်းတာတောင်မှ ၂၅၀ ဘတ်ပဲရကြတယ် နယ်စပ်ဒေသဖြစ်တဲ့ မဲဆောက် ရင်နှောင်း တို့လို နေရာတွေမှာ ဆို တစ်နေကုန်လုပ်မှ ၂၀၀ ဝန်းကျင်လောက်ပဲ  ရတာရှိ သလို ရတာထက် မသန်အောင် ပြန်ပေးဆပ်ရတာတွေ အများကြီးပါပဲ သူဌေးများက ထင်ကြတယ် ငါ့တို့ဘတ်၃၀၀ ကြီးပေးထားပြီးပြီလို့ ဒါပေမယ့် သူတို့ပေးတဲ့ ဘတ် ၃၀၀ ထက်အလုပ်သမားတွေဟာ မတန်အောင်လုပ်ပေးကြရပါတယ။် ဘတ် ၃၀၀ ပေးပြီးနောက်ပိုင်းမှာ အလုပ်ရှင်များမှ ပစ္စည်းတွေကို သူတို့လိုတာထက်ကို အလုပ်သမားတွေက လုပ်ပေးရတယ်။ အလုပ်နည်းပါးအချိန်မှာ အလုပ်သမားတွေကို ပုတ်ပြတ်သဘောအနေနဲ့ လုပ်ခိုင်းကြတယ်။ ဥပမာ မဟာချိုင် ထလေထိုင်း အနီးနားပုဇွန်ရုံတစ်ရုံမှာဆိုရင် ပုဇွန်အကောင်သေးခြင်းကြောင့် အလုပ်ရှင်က အလုပ်မသွင်ဟုဆိုကာ မနက် ၈ မှ ည ၁၂ နာရီအထိ ပြီးအောင်လုပ်ခဲ့ရပြီး ၃၀၀ ပဲရကြရပါတယ် ဒါဟာ တစ်နေကုန်လုပ်ကြရတာပါ။ အလုပ်သမားတွေအနေနဲ့ အလုပ်ရုံတစ်ရုံမှာလုပ်ရင် လိုအပ်တဲ့  အလုပ်ခွင် ပစ္စည်းတွေကို အလုပ်ရှင်က ထုတ်ပေးတာမဟုတ်ပဲ အလုပ်သမားတွေက ဝယ်ယူနေရတယ်။ အလုပ်ရုံတစ်ရုံမှာ သန့်စင်ခန်း အများဆုံး ၆ခန်း၇ခန်း ရှိမယ် အလုပ်သမားတွေဟာ ရာနဲ့ချီ ရှိတယ် ဒီအလုပ်သမားတွေအတွက် သန့်စင်ခန်းသွားဖို့ရန် အချိန် ၁၀ မိနစ် ဒီထက်ပိုကြာသွားရင် အလုပ်သမားတွေရဲ့အချိန်ပိုလုပ်အားခဖြတ်တောက်တယ်။ အလုပ်ဝင်အချိန် ထွက်ချိန်ကို ၁၅ မိနစ်စီပိုနေခြင်းကြောင့် တစ်နေ့လျှင် မိနစ် ၃၀ ထက်မနည်း အလုပ်သမားတွေက လုပ်ပေးရပြီး လုပ်အားခများမှာ ဘတ်ငွေ(၃၀၀)ထက်မပိုပါ အလုပ်သမားများသက် မနက်အလုပ်ဝင်ချိန် (၈) နာရီရှိသလို အခြားသောရုံများမှာ နံနက်(၅)နာရီ နံနက်(၆)နာရီ နံနက်(၇) နှင့် နံနက် (၈) နာရီရှိသလို ညဆင်းအလုပ်သမားများမှာလည်း အထက်ပါဖေါ်ပြအတိုင်းရှိကြပြီး ဥပမာ အလုပ်ဝင်ချိန်နံနက်(၈)နာရီ ထားပါစို့ အလုပ်သမားများမှာ နံနက် (၈)နာရီထိုးဖို့ ၁၀ မိနစ် အလို ၁၅ မိနစ်အလိုဝင် အလုပ်လုပ်ပေး နေကြပါသည်။ ထို့ကြောင့် တစ်နေ့လျှင် မိနစ် (၃၀) ထက်မနည်းသော အချိန် တွေကို အလုပ်ရှင်များက ခိုးယူနေတာကို ထိုင်းရောက်ရွှေ့ပြောင်းအလုပ်သမားတိုင်း သိကြမည်လို့ထင်ပါသည် အချို့သော အလုပ်ရုံများမှာ ကျွန်တော်ပြောတာထက်စိုးရွားသော အလုပ်ရုံများရှိနေပါသေးသည်။ ကျွန်တော် ဆိုလိုချင်သော ရည်ရွယ်ချက်မှာ နေ့စား ဘဘ်ငွေ (၃၀၀) နောက်ပိုင်းမှာ အလုပ်သမားများ ခေါင်းပုံ ဖြတ်မှုများကို အလုပ်ရှင်များက မသိမသာ ဖြတ်ယူနေသည် ဆိုတာကို အလုပ်သမား များသိစေရန်ရည်ရွယ်ချက်ဖြင့်ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော့်ကို ဒီနေရာမှာပဲ နိဂုန်းချုပ်ခွင့်ပြုပေးခင်ဗျာ...

အားလုံးကိုလေးစားလျှက် မိုးမျှော် (မင်းတုန်း)
< >
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

Get Update Article on FacebookX

Find Us on Facebook

Get Update Article on Google+X

Follow Us on Google+