M.W.R.N အကြောင်း
M.W.R.N ကို ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာ အလုပ်သမား များ၏ အခွင့်အရေးနှင့် တရားမျှတရေး ဆိုင်ရာ ကိစ္စများ၊ အလုပ်သမားများ၏ ပညာရေး၊ ကျန်းမားရေးနှင့် လူမှုရေး ဆိုင်ရာ ကိစ္စများတွင် အလုပ်သမားများနှင့် ပူးပေါင်းကူညီ ဆောင်ရွက်ရန် ရည်ရွယ်၍ ဖွဲ့စည်းထားပါသည်။ M.W.R.N ကို ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းမြန်မာ လုပ်သားများ အများဆုံးနေထိုင်လုပ်ကိုင်နေသော စမွတ်ဆာခွန်ခရိုင် မဟာချိုင်ဒေသ တွင် စတင်တည်ထောင် ဖွဲ့စည်းခဲ့ပါသည်။
စမွတ်စာခွန်ခရိုင် မဟာချိုင်တွင် အလုပ်သမားများ၃သိန်းကျော်ခန့်ရှိနေပြီး ထိုင်းတစ်နိုင်ငံလုံးအတိုင်းသာနှင့်တွက်ရင် ရွှေ့ပြောင်းအလုပ်သမား ၃ သန်းကျော်ရှိတဲ့အထဲမှာ မဟာချိုင်ဟာ ရွှေ့ပြောင်းအလုပ်သမားအများဆုံးဖြစ်ပြီး လုပ်ငန်းခွင်အများဆုံးသောနေရာဖြစ်သည်နှင့်အညီ ဘာသာရေးနှင့်လူမှုရေးအသင်းအဖွဲ့များစွာ ဖွဲ့စည်းတည်ထောင်၍ သာရေးနာရေးကိစ္စရပ်များလုပ်ဆောင်နေခဲ့ကြသည်မှာ ၇-၈နှစ်နီးပါးကြာခဲ့ပြီဖြစ်သည်။ သို့သော် အလုပ်သမားများကြုံတွေ့နေရသော အလုပ်သမားအခွင့်အရေးနှင့်ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရခြင်းများဆိုင်ရာကိစ္စရပ် များအတွက် ဖြေရှင်းဆောင်ရွက်ရာတွင် အလုပ်သမားကိုယ်စားပြုနိုင်သောအလုပ်သမားအဖွဲ့ဟူ၍မရှိခဲ့ရာ ထိုသို့ကိုယ်စားပြုဖြေရှင်းနိုင်ရန်သော်လည်းကောင်း၊ အလုပ်သမားများမိမိတို့အခွင့်အရေးကို နားလည်သိရှိ၍ တောင်းဆိုနိုင်ရန်အတွက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက်(M.W.R.N)အဖွဲ့ကို အလုပ်သမားများ မိမိတို့အရေးမိမိတို့ကိုယ်တိုင်လုပ် ဆောင်ဖြေရှင်းမှသာ အောင်မြင်နိုင်မည်ဟုယုံကြည်ယူဆသည့်အလုပ်သမားများက စုစည်းတည်ထောင်ခဲ့သည့် အလုပ်သမားအခြေပြု အဖွဲ့အစည်းဖြစ်သည်။ MWRNကို ၂၉.၃.၂၀၀၉ နေ့ရက်တွင် စိတ်သဘောတူညီသောအလုပ်သမား၁၈ဦးက စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်။
စတင်တည်ထောင်စဉ်က ထိုင်းအလုပ်သမားသမဂ္ဂနှင့်ချိတ်ဆက်ပြီး ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးနှင့်ဖွံ့ဖြိုးတိုး တက်ရေးဖေါင်ဒေးရှင်း(HRDF) က ကူညီထောက်ပံ့ပေးခဲ့သည်။ MWRN ကို ဦးတည်ချက်၎ရပ်ဖြင့်ဖွဲ့စည်းခဲ့ပြီး ဖွဲ့စည်း ပုံကိုလည်း ထိုင်းအလုပ်သမားသမဂ္ဂများပုံစံယူ၍ ကော်မတီ၊ဆပ်ကော်မတီများဖွဲ့ကာ လုပ်ဆောင်ခဲ့သည်။ အဖွဲ့ဝင်များ အနေဖြင့် အသင်းဝင်ကြေး ၅၀ဘတ်နှင့်လစဉ်ကြေး၃၀ဘတ်တို့ပေးဆောင်ရမည်ဖြစ်သည်။ ကော်မတီအစည်းအဝေး ကိုလစဉ်ပြုလုပ်ပြီး သင်းလုံးကျွတ်အစည်းအဝေးကိုနှစ်စဉ်ပြုလုပ်၍ ထိုအသင်းလုံးကျွတ်အစည်းအဝေးတွင် တာဝန်ထမ်းဆောင်မည့်ကော်မတီကို အသင်းသားများက မဲစနစ်ဖြင့်ရွေးချယ်တင်မြှောက်ရပြီး ထိုရွေးချယ်ခံကော်မတီ များက အသင်း၏လုပ်ငန်းစဉ်များရေးဆွဲ၍ အကောင်ထည်ဖေါ်ဆောင်ရွက်ရမည်ဖြစ်သည်။
အသင်း၏ လုပ်ဆောင်ခဲ့သော လုပ်ဆောင်နေသောလုပ်ငန်းစဉ်များမှာ-
၁။ အလုပ်သမားအခွင့်အရေးဆိုင်ရာပညာပေးဟောပြောပွဲများပြုလုပ်ခြင်း
၂။အသိပညာတိုးတက်ရေးများဆောင်ရွက်ခြင်း
၃။အလုပ်သမားသမဂ္ဂများ၊အန်ဂျီအိုများနှင့်ပူးပေါင်း၍ လှုံ့ဆော်တောင်းဆိုမှုများပြုလုပ်ခြင်း
၎။ ဘာသာရေးနှင့်ရိုးရာယဉ်ကျေးမှုဆိုင်ရာများတွင် ရပ်ကွက်နယ်မြေများနှင့်ပူးပေါင်းဆောင်ရွက်ခြင်း
၅။ အခွင့်အရေးချိုးဖေါက်ခံရသောအလုပ်သမားများကို အမှုကိစ္စနှင့် အမှုရင်ဆိုင်ရစဉ်စားဝတ်နေရေးများကူညီပံ့ပိုးခြင်း တို့ကို ဆောင်ရွက်လျက်ရှိသည်။

အဖွဲ့ဝင်မယ်ဆိုဘယ်လိုဝင်ရပြီးဘာတွေလိုအပ်လဲ?
1 ရွှေ့ပြောင်းအလုပ်သမားနှင့် ရွှေ့ပြောင်းအလုပ်သမားဖြစ်ဖူးသူဖြစ်ရမည်။
2 အမှန်တကယ် အလုပ်သမားအရေးကိုစိတ်ဝင်တစားကူညီလိုသော စေတနာ ဝါသနာ အနစ်နာရှိဖို့လိုပါတယ်။
3 တစ်လက်မ ဓါတ်ပုံ 2 ပုံ (အသင်းဝင်ကဒ်ပြုလုပ်ရန်)
4 အလုပ်သမားစာရွက်စာတမ်း(ပတ်စ်ပို့)နှင့် အလုပ်ရုံ
5 အသင်းဝင်ကြေး 50
6 တစ်လပြည့်လျှင် လစဉ်ကြေး 30
ပုံမှန်ပေးသွင်းရမည်ဖြစ်သည်( ခြွင်းချက် အချို့ဆိုတစ်နှစ်စာပေးသွင်းသူများလည်းရှိသလို 6 လတစ်ခါပေးသွင်းသူများလည်းရှိပါတယ်။
လစဉ်ကြေးကိုဘယ်နေရာမှာအသုံးပြုသလဲ?
အမှုသည်များအားကူညီပေးရာတွင် လမ်းစာရိတ်အဖြစ်ဖြင့် လည်းကောင်း/အစည်းဝေးများပြုလုပ်ရာတွင်လည်းအသုံးပြုသလို ရုံး၏အထွေထွေအသုံးစာရိတ်အဖြစ်လည်းအသုံးပြုပါသည်(မည်သူတစ်ဦးတစ်ယောက်ကိုမျှ အသင်းဝင်ကြေးဖြင့် လစာပေးခြင်းမရှိ)
By:နောင်နောင် တောင်ပေါ်သား
0 comments:
Post a Comment