အပန်းရောင်ဘတ်ပေါ်ပေါက်လာခြင်း
ဒီနေ့ အလုပ်သမားတွေနဲ့ ပတ်သတ်တဲ့
ပို့လေးကိုရေးပါရစေ။ ထိုင်းနိုင်ငံတွင် 2014
မေလ (22)ရက်နေ့မှစ၍ စစ်အာဏာသိမ်း ပြီးခဲ့ကတည်းက စပ်အစိုးရ တက်တက်ခြင်း အကောင်အထည်ဖေါ်ခဲ့တာကတော့
နယ်စပ်ဒေသများရှိ မြန်မာ၊ခမင်၊လာအိအလုပ်သမားများအားဖမ်းဆီးပြီး နေရပ်သို့ပြန်ပို့တာကိုအရင်အကောင်အထည်
ဖေါ်ခဲ့ပါတယ်။
ထိုအချိန်တွင် ခမင်-(200000)
ယောက်ခန့် ဆန္ဒပြပြီး နေရပ်သို့ အိုးစည် ဗုံမောင်းများ တီးခေတ်၍ ပြန်သွားကြသည်ကို ထိုင်းသတင်းဌာနများမှဖေါ်ပြတာကိုတွေ့နိုင်ပါတယ်။ ခမင် အစိုးအရကလည်း အလုပ်သမားများပြန်လာတာကို ကြည်ဖြူစွာ
ခေါ်ယူခဲ့သည်။
ထိုအချိန်တွင် ခမင် အလုပ်သမားများသည်
မြန်မာအလုပ်သမားအများကဲ့သို့ အလုပ်ရုံများမှာ လုပ်ကြသူများမဟုတ်ပါ သူတို့သည် ကမ္ဘာ့အဆင့်မှီ
အဆောက်ဦး များကိုဆောက်လုပ်နေသော အလုပ်သမားများဖြစ်ကြသည်။ ထိုကြောင့် ကန်ထရိုက်ဆွဲထားသော
ဆောက်လုပ်ငန်းရှင် သူဌေးများ မှ ထိုင်းအစိုးရအား တိုက်ခိုက်ကာပြောဆိုကြသည် ဤသို့ဤ နယ်ဆုံးရှုံးသွားသော
ငွေကြေးများကို ဘယ်လို လုပ်ပေးမလဲ လို့တိုက်ခိုက်ခိုက်ကာ အလုပ်သမားများအတွက် ဖိအားပေးခဲ့ခြင်းများကြောင့်
ထိုင်းအစိုးရမှ တရားဝင်ကြေငြာခဲ့တာက 2014 June လ 30 ရက်နေ့ မှစ၍ October 31 ရက်နေ့အထိ
မြန်မာ၊ခမင်၊လာအို အလုပ်သမားများအား ဘတ်အသစ်ပြုလုပ်ပေးမည်လို့တရားဝင်ကြေငြာခဲ့ပြီး။
ဘတ်အသစ်များ ပြုလုပ်ပေးသည့် အစီအစဉ်ပေါ်ပေါက်လာခဲ့ပြီး ထိုဘတ် သက်တမ်းကုန်ဆုံးအချိန်တွင်
မြန်မာအစိုးရမှ မြန်မာအလုပ်သမားများအတွက် ပတ်စပို့စ် ပြုလုပ်ပေးရမည်ဖြစ်သည်။ ဘတ်ရိုက်ပြီးစီး
အချိန်တွင်မြန်မာ အလုပ်သမားများ 648000 ယောက် ကိုပြုလုပ်ပေးခဲ့ပြီးပြီဖြစ်ပြီး ခမင်
လာအို အားလုံးပေါင်း (၁) သန်း ကျော်အား ဘတ်အသစ်ပြုလုပ်ပေးခဲ့ပြီဖြစ်သည်။
အားလုံးကိုလေးစားလျှက် မိုးမျှော်
(မင်းတုန်း)
Photo By: Ye Min
0 comments:
Post a Comment