မေဒေးနေ့အထိမ်းအမှတ်
ရွှေ့ပြောင်းအလုပ်သမားရေရာ ချီတက်တောင်းဆိုပွဲကို ချင်းမိုင်မြို့မှာ
သွားရောက်ပူးပေါင်းချီတက်တောင်းဆိုခဲ့ပါတယ်။ MWRNက အတွင်းရေးမှူး
မနန်းအေးမွန်နဲ့ ကော်မတီဝင်တွေက MWRNကိုယ်စား ပါဝင်ခဲ့ပြီး ဒီချီတက်ပွဲဟာ
MWRNနဲ့အတူ အလုပ်သမားသွေးစည်းရေးအဖွဲ့(WSA)၊
ရွှေ့ပြောင်းအလုပ်သမားအစည်းအရုံး(MWF)၊ ထိုင်းအထည်ချုပ်အလုပ်သမားသမဂ္ဂ၊
ထိုင်းကျောက်မျက်ရတနာနှင့်လက်ဝတ်ထည်အလုပ်သမားသမဂ္ဂ၊ ချီတက်ခဲ့တာဖြစ်ပြီး
မြန်မာနိုင်ငံမှ ၈၈မျိုးဆက်
ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းကိုယ်စား ဆရာမဒေါ်မာမာဦးလည်း
ပါဝင်ခဲ့ပါတယ်။
Popular Posts
-
အချစ်ရေလုံအောင်ပုန်း အခုတစ်ကျွန်တော်တင်ပေးမှာကတော့ လူသေသွားသော်လည်းနာမည်မသေတဲ့အဆိုတော်ကြီး တစ်ယောက်ကိုတင်ပေးမှာဖြစ်ပါတယ် ဒီအဆိုတော်ကြီးက...
-
သခင်ဖိုးလှကြီး - အတ္ထု ပ္ပတ္တိ အာဠာဝက သခင်ဖိုးလှကြီးသည် တောသူတောင်သား သာမန်မျိုးရိုးမှဆင်းသက်လာသူ ဖြစ်သည်။ ၎င်း၏ ဇာတိမှာ မကွေးခရိုင် သရ...
-
မိဘကျေးဇူးဘယ်သူကပိုကြီးမားလဲ ဒီစာလေးရေးဖို့ကျွန်တော်ပြင်ဆင်ခဲ့ရပါတယ် ငယ်ငယ်တုန်းက ကိုရင်ဝတ်သုံးက စာတွေဖတ်ခဲ့ပြီး ဆရာတစ်ယောက်ြေ...
-
ဒွေးမယ်နော် ဒဏ္ဍာရီအကျဉ်း အယုဒ္ဒယပြည့်ရှင် ဘုရင်တစ်ပါး၏ သားတော် သုဓနုအမည်ရှိသောမင်းသားလေးတစ်ပါးသည် ငွေတောင်ပြည်သို့ ရောက်သောအခါ...
-
၁။သာမန်အလုပ်ချိန်။ သာမန်အလုပ်ချိန်သည်တရက်လျှင်(၈)ထက်မကျော်လွန်စေရ သို့မဟုတ်အလုပ်ရှင်နှင့်အလူပ်သမားတို့၏ သဘောတူညီမှုအရ ဖြစ်နိုင်သော်လည်း...
-
အခုတစ်ခါတင်ပေးခြင်ပါတယ် သီချင်းမြူးမြးလေးတွေကြိုက်တဲ့ သူငယ်ချင်းများအတွက်ပါခင်ဗျာ မြန်မာ့ဆိုင်းသံလေးအပါအဝင် Drum အသံလေးတွေနှင့်ရောစပ်က...
-
သင့်ကိုယ်သင်ယုံကြည်ပါ ( Believe In yourself ) ( ၁ ) လူအများယုံကြည်မှု ရအောင်ဘယ်လိုလုပ်မလဲ ( How to get other persons' believe...
-
ဆရာစံ - အတ္ထု ပ္ပတ္တိ လယ်သမားခေါင်းဆောင်ကြီး ‘သုပဏ္ဏကဂဠုနရာဇာ’ ဘွဲ့ခံ ဆရာစံကို ၊မြန်မာသက္ကရာဇ်၁၂၃၈ခုနှစ် တန်ဆောင်မုန်းလဆန်း ၈ရက်(၁...
-
အခုတစ်ခါတင်ပေးမှာကတော့ မန္တလေးစိန်တင့်လွင်ရဲ့ ဇောတိကသူဌေး အလှူကြီးပေးမယ်ဆိုတဲ့ VCD ခွေလေးကိုတင်ပေးမှာဖြစ်ပါတယ် ကြာတော့ကြာပါပြီ ဒါပေမယ့် မရရ...
-
" အားလုံးပဲမင်္ဂလာပါ " M.W.R.N ရဲ့ အလုပ်သမားနေ့ အခန်းအနား --------------------------------------------------------------- ...
Music
Powered by Blogger.
Movies
Games
Pictures
Slider
Flickr Images
Sports
Category
- M.W.R.Nအကြောင်း
- Mp3 သီချင်းများ
- ကဗျာ
- ကျန်းမာရေး
- ခံစားပိုင်ခွင့်
- ဆရာလျှင်နေမင်း(စိုက်/မွေး)ရဲ့ဆောင်းပါးများ
- ထိုင်းသတင်းများ
- နည်းပညာ
- ဘာသာရေး
- မှတ်တမ်းများ
- မိုးမျှော်ကိုတိုင်ရေးသောပို့များ
- မြန်မာ့ဆိုင်း
- မြန်မာသံစဉ် Mp3 သီချင်းများ
- မြန်မာ့သမိုင်း
- လုပ်ငန်းခွင်ပြဿ နာ
- သတင်းများ
- အတ္ထု ပ္ပတ္တိများ
- အလုပ်သမားအခွင့်အရေး
- ရွှေ့ပြောင်းအလုပ်သမားများသတင်း
Blogger templates
Blogroll
Ads
Blogroll
မိုးမျှော် (မင်းတုန်း) ဆိုက်ကလေးကို လာသူများစိတ်၏ချမ်းသာခြင်းနှင့်ပြည့်စုံပါစေခင်ဗျာ
About
Pages - Menu
စမွတ်စာခွန်ခရိုင်
အုမ်းနွဲ့မှာရှိတဲ့ အမ်ဖွန်စားသောက်ကုန်စက်ရုံက အလုပ်သမားတွေ
2.5.2014ကဆန္ဒပြကြပါတယ်။ဒီစက်ရုံမှာ အလုပ်သမား၁၂၀၀လောက် ရှိပြီး အဲ့ဒီအထဲမှာ
မြန်မာအလုပ်သမား၉၀၀လောက်ရှိတယ်လို့သိရပါတယ်။လုပ်အားခရှင်းပေးရာမှာ
ရသင့်ရထိုက်တာထက် လျော့နည်းနေလို့ဆန္ဒပြကြ
တာဖြစ်ပါတယ်။ အလုပ်သမားတွေက ဆက်သွယ်အကူအညီတောင်းခံ လာသည့်အတွက် MWRN
ဥက္ကဌနှင့်အဖွဲ့ဝင်များ သွားရောက်ပြီး အလုပ်သမားတွေနဲ့တွေ့ဆုံလို့
အခွင့်အရေးပိုင်ဆိုင်ရာများကိုရှင်းပြခဲ့ပါတယ်။ အဲ့ဒီနောက်အလုပ်သမားတွေက
မိမိတို့ကြုံနေရသောအခက်အခဲပြဿ နာများ ၅ ချက်အဖြစ်တင်ပြ တောင်းဆိုပါတယ်။
at
09:10
No comments:
Labels:
M.W.R.Nအကြောင်း
မိုးမျှော်မင်းတုန်း မြန်မာ့ရိုးရာ ပစ္စည်းအရောင်းဌာန's Admin
We are.., This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
“ ကျွန်တော်ချစ်သော သမ္မတကြီး ( သို့မဟုတ် ) ကတ္တီပါ လိပ်ပြာ ”
===================================
တစ်ခါက ကျနော့်အဖေနဲ့နေပြည်တော်ကို သမ္မတကြီးကအစည်းအဝေးခေါ်တဲ့အတွက် ကျနော်လိုက်သွားရပါတယ်..
အမှန်တော့ ကျနော့်အလုပ်တစ်ပြားဖိုးမှမပါ ပါဘူး..
အဖေကနေကောင်းခါစဆိုတော့ ကျန်းမာရေးအတွက်စိတ်မချလို့လိုက်သွားတာပါ..
ပြည်နယ်နဲ့တိုင်းဒေသကြီး ဝန်ကြီးတွေအားလုံးကိုအစည်းအဝေးခေါ်တာ..
သမ္မတကြီးက လယ်ယာကိစ္စအတွက်လုပ်တဲ့အစည်းအဝေးမို့ စိုက်/မွေး ဝန်ကြီးတွေအားလုံးတက်ရပါတယ်..
အဲလိုအစည်းအဝေးမျိုးကို သမ္မတကြီးက သူ့ရဲ့လယ်တဲမှာပဲလုပ်ပါတယ်..

09:01
No comments:
Labels:
မြန်မာ့သမိုင်း
မိုးမျှော်မင်းတုန်း မြန်မာ့ရိုးရာ ပစ္စည်းအရောင်းဌာန's Admin
We are.., This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
" အားလုံးပဲမင်္ဂလာပါ "
M.W.R.N ရဲ့ အလုပ်သမားနေ့ အခန်းအနား
---------------------------------------------------------------
မေလ ၁ ရက်နေ့ ၅ လပိုင်းတွင် အလုပ်သမားနေ့ ဖြစ်သည့်အတွက် M.W.R.N အဖွဲ့သားများက ဖျော်ဖြေရေးသံချပ်တို့နှင့် အလုပ်သမားနေ့ကို ကြိုဆိုခဲ့ကြပါတယ် ပထမဆုံး မြန်မာတစ်နိုင်ငံလုံးရဲ့ ဖခင်ဗိုလ်ချုပ်အောင်ဆန်းသီချင်းနဲ့ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါတယ်။ထို့နောက် နိုင်ငံသီချင်း နိုင်ငံတော်ကိုအလေးပြုခြင်း M.W.R.N ဥက္ကဌဦးအောင်ကျော်မှအဖွင့်အမှာ စကား ပြောပြီးနောက် ပိုင်းမှာ M.W.R.N သံချပ် ဖြင့်အလုပ်သမားရေးများကို သီဆိုခြင်း အစီအစဉ်အပါဝင် ထိုင်းယူနစ် အဖွဲ့တို့ရဲ့ ကချင်ရိုးရာအက ထိုင်းရိုးရာ အက တို့နှင့် ခေတ်ပေါ်တေးဂီတ တို့ကို ဖျော်ခဲ့ကြပါသည်။

လူငယ်နှင့် မှန်ကန်သောရွေးချယ်မှု ၁
Knowledge to action
သျှင်နေမင်း ( စိုက် / မွေး )
" ကျွန်တော်ဘာလုပ်ရမလဲ။ " "ကျွန်မစိတ်လေနေတယ်ဆရာ…။ " "ကျွန်တော်ဘာကိုအဓိကရွေးချယ်ရမှန်းမသိဘူး ဖြစ်နေတယ်။" " ပညာရေးကိုပဲ ဆက်လိုက်ရမှာလား။ စီးပွားရေးကိုဘက်ကိုပဲ လိုက်ရမလားဖြစ်နေတယ်ဆရာ …" ဆိုပြီး စာရေးသူထံတိုက်ရိုက်မေးလာသော မောင်ငယ်, ညီမငယ်များ အတော်ကိုများနေပါပြီ။ ဒါကြောင့် သူတို့နဲ့ဆွေးနွေးမှုကနေဖြစ်ပေါ်လာတဲ့ " လူငယ် နှင့် မှန်ကန်သောရွေးချယ်မှု" ခေါင်းစဉ်ကို စာဖတ်သူလူငယ်တို့ထံ ဆောင်ကျဉ်းပေးလိုက်ပါတယ်။
မေးလာတဲ့လူငယ်လေးဟာ ပညာတတ်ဘွဲ့ရတစ်ယောက်ပါ ။ မြန်မာပြည်မှာနေပြီး ဧည့်လမ်းညွှန်လုပ်နေတယ်။ သူမှာဇဝေဇဝါဖြစ်နေတာကတော့ တစ်ခြားမဟုတ်ဘူးး။ သူ့ပညာရေးကိုပဲနိုင်ငံခြားမှာဆက်ပြီး လေ့လာရမှာလား။ မြန်မာပြည်မှာပဲဆက်ပြီး စီးပွားရေးလုပ်ရမလား ဝေဝါးနေတယ်။ " နိုင်ငံခြားထွက်ဖို့လုပ်နေတာလည်း ၂ နှစ်လောက်ရှိပြီ ဘာမှထူးမလာဘူးဆရာ, အဲ့ဒါအကြံလေးပေးပါအုန်းလို့ " ဆိုလာတယ်။ မြန်မာပြည်ကလူအများစုဟာ နိုင်ငံခြားထွက်မှ အလုပ်အကိုင်ကောင်းမယ် မိသားစုဝမ်းရေး, စီးပွားရေးအဆင်ပြေမယ်လို့ မှတ်ထင်ထားကြတယ်။ ဒါကိုမှားယွင်းတယ်လို့စာရေးသူမဆိုချင်ပါဘူး။ ဒါပေမယ့်မှန်လည်းမမှန်ဘူး။ ဒီလိုပြောတော့ စာဖတ်သူတွေအနေနဲ့ဘာလဲဟ ဆိုတာမျိုးတွေးကောင်းတွေးလိမ့်မယ်။
စာရေးသူကိုယ်တွေ့လေးနဲ့ဆွေးနွေးတင်ပြချင်ပါတယ်။ အထက်ပါလူငယ်လိုဇဝေဇဝါဖြစ်သူတွေ အများစုဟာ ဘွဲ့ရ, ပညာတတ်တွေများတယ်။ ဘွဲ့တစ်ခုခုကိုလည်း ပိုက်ထွေးထားတယ်, ဘာလုပ်လို့ဘာကိုင်ရမှန်းလည်းမသိဖြစ်ခါ အချိန်တွေကုန် လူကလည်းကြံရာမရဖြစ်နေကြတယ်မဟုတ်လား။ အဲ့ဒါတွေပျောက်ဖို့အတွက်အလုပ်တစ်ခုတော့လိုပြီ။ အလုပ်ဆိုပြန်တော့လဲ ဟိုအလုပ်ကငါ့ဘွဲ့နဲ့ မဆိုင် ဒီအလုပ်ကတော့မသင့်တော်ဘူး ဒီလိုအတွေးတွေကလည်းပိတ်ဆို့တားဆီးလာပြန်တယ်။ စာရေးသူရဲ့ သူငယ်ချင်းတွေထဲမှာတော့ အောင်မြင်သူတွေကပိုများနေတာတွေ့ရတော့ သူတို့ဘာကြောင့်အောင်မြင်လည်းဆိုတာကို တွေးမိသေးတယ်။ ဒီအကြောင်းကို ( proactive person and abortive person ) ဆိုတဲ့ခေါင်းစဉ်နဲ့ လူနှစ်မျိုးအကြောင်းကိုရေးသားခဲ့ပြီးပါပြီ။ အခုတစ်ခါ သူငယ်ချင်းတစ်ချို့အကြောင်းကိုဖောက်သည်ချလိုက်ပါအုန်းမယ်။
အမည်က နိုင်လင်း ခေါင်းကြီးလို့လည်းခေါ်ကြတယ်။ ခေါင်းကြီးဆိုတဲ့နာမည်ရလာပုံက တွေးခေါ်တာကောင်းလွန်းလို့တော့မဟုတ်ဘူး။ သူလုပ်လိုက်ရင်တစ်လွဲဖြစ်ဖြစ်သွားလို့။ သူ့ဝါသနာက ငယ်ကတည်းက စက်ပစ္စည်းအသေးအမွားတွေကို ဖြုတ်ပြီးပြန်တတ်ရတာဝါသနာပါတယ်။ သူ့အမေဝယ်ပေးတဲ့ သံပါတ်ကားလေးတွေ, ဓါတ်ခဲ့ကားလေးတွေကို တစ်ဆစီဖြုတ်ပြီး ပြန်တပ်တာ, အမြဲတမ်းအရိုက်ခံရတယ် သူလုပ်သမျှကပျက်ဆီးကုန်တာကိုး, ဒါကြောင့်သူ့အမေက သူ့ကိုခေါင်းကြီးလို့ခေါ်တာပဲ။ ကတ်စက်, ရေဒီယို အကုန်သူဖျက်တာကုန်တာပါပဲ။ သူအမေကလဲ သူ့အကြောင်းကိုသိတော့ နောက်အိမ်မှာ ဘာမှကိုမဝယ်တော့ဘူး။ ခေါင်းကြီး အလယ်တန်းရောက်တော့သူ့အဖေက စက်ဘီးတစ်စီးဝယ်ပေးတယ်။ သူကအဲ့ဒီစက်ဘီးကို ဆေးတွေခြစ်ခြ သူကြိုက်တဲ့ဆေးအရောင်တွေပြန်မှုတ်လုပ်တော့တာ။ သူ့အဖေကသူ့ကိုစိတ်ဆိုးပြီး ရိုက်တာတော်တော်အီသွားတယ်။ ဒါပေမယ့်သူ့စက်ဘီးဆေးအရောင်ကို သူ့သူငယ်ချင်းတွေကြိုက်ကြတယ်။ သူ့တို့စက်ဘီးတွေကိုလည်း ခေါင်းကြီးကိုဆေးမှုတ်ခိုင်းကြတယ်။ ခေါင်းကြီးက စာရေးသူတို့ရပ်ကွက်မှာတော့ စက်ဘီးပြင်ဆရာကြီးတစ်ယောက် ဖြစ်လာတယ်။ တစ်ကယ့်စက်ဘီပြင်စားသူတွေတောင်ခေါင်းကြီးကြောင့် လုပ်ငန်းက သိပ်မတွင်ကျယ်တော့ဘူး။ ဘာကြောင့်လည်းဆိုတော့ ခေါင်းကြီးဆီသွားရင် ပိုက်ဆံမကုန်ဘူးလေ, လဲရမဲ့အပိုပစ္စည်းဖိုးပဲကုန်တာ။ ခေါင်းကြီးက ပြင်နေဖြုတ်နေတပ်နေရတာကိုပျော်နေတဲ့ကောင်လေ။
ဒီလိုနဲ့စာရေးသူတို့ ၁၀ တန်းရောက်လာကြတယ်။ စာရေးသူတို့ကတော့ စာမေးပွဲတွေအောင်ပြီး ဘဝအတွက် အဝင်သေးတဲ့အဝေးသင်ဆိုတာကိုသွားနေချိန်မှာ ခေါင်းကြီးကတော့ စာမေးပွဲကျပြီး ၁၀ တန်းလည်းထပ်မဖြေတော့ဘူး။ အလုပ်ကိုလည်းမယ်မယ်ရရဘာမှ ဒီကောင်မလုပ်ဘူး။ ဆိုင်ကယ်တစ်စီးဝယ် ဖြုတ်တပ်ပြီးရင်ပြန်ရောင်း, အမြတ်ကလေးရရင် အပိုပစ္စည်းလးတွေဝယ် နောက်ထပ်ဆိုင်ကယ် အဆုတ်တစ်စီးဝယ် ဒီလိုနဲ့လုံးလည်ချာလည်လိုက်နေတာ။ ပြီးခဲ့တဲ့နှစ်က စာရေးသူမြန်မာပြည်ပြန်တော့ စာရေးသူတို့ရွာထိပ်မှာ ဆိုင်ကယ်အပိုပစ္စည်းဆိုင်ကြီးတွေ့ခဲ့ရတယ်။ စာရေးသူစိတ်ထဲမှာတော့ အမယ်ငါတို့ရွာလည်းတော်တော်တိုးတက်လာတာ ဒီလောက်ကြီးတဲ့ ဆိုင်ကယ်အပိုပစ္စည်းဆိုင်တောင်ရှိနေပြီလို့တွေးနေတုန်း ဆိုင်ရှင်ဖြစ်သူကထွက်လာပြီးနှုတ်ဆက်တော့ အံ့သြသွားခဲ့တယ်။ အောင်မှာ ငတိသားခေါင်းကြီးက ဆိုင်ရှင်ဆိုပါလား ။ ကိုယ့်မျက်စိတောင်မယုံချင်ဖြစ်သွားတယ်။ ငါတို့မှာ နိုင်ငံခြားမှာအလုပ်လုပ်နေတာကြာပြီ ဒီကောင့်လောက် , ကုန်ကုန်ပြောရင်ဒီကောင့်ခြေဖျားလောင်တောင်မှီအောင် မချမ်းသာသေးဘူး။ စာဖတ်သူလူငယ်တွေ ခေါင်းကြီးက ၁၀ တန်းတောင်မအောင်ဘူးနော်။ ဒါပေမယ့်သူချစ်တဲ့အလုပ်ကို စွဲစွဲမြဲမြဲလုပ်သွားတယ်။
မင်းတို့ ငါတို့ကသာ ဘွဲ့လေးတစ်ခု, ဒီဂရီလေးတစ်ခုကိုင်ပြီး ကိုယ့်ကိုခိုင်းစားမယ့်သူကို လိုက်ရှာနေကြတာ။ အဲ့ဒီတော့ငါတို့က ခေါင်းကြီးလောက်တွေးခေါ်တတ်ကြလား။ သိပ်တွေးတာပေါ့။ တွေးလွန်းလို့ခက်နေတယ်လို့တောင်ပြောရမလိုဖြစ်နေတယ်။ မင်းတို့ကြီးပွားချင်တယ်ဆိုရင် ဘွဲ့တွေတစ်သီကြီးရဖို့မလိုဘူးထင်တယ်နော်။ ခေါင်းကြီးလိုကိုယ်လုပ်တဲ့အလုပ်ကို ချစ်မြတ်နိုးတတ်ဖို့ ဇွဲရှိဖို့ပဲလိုတယ်ဆိုရင် မင်းတို့တွေငြင်းကြမလား။ အဲ့ဒီတော့ကိုယ်က ကြီးပွားတိုးတက်ချင်တယ်ဆိုရင် ငါဝါသနာပါတာဘာလဲ။ အဲ့ဒီဝါသနာပါတဲ့အလုပ်ကို ကောင်းသတဲ့ကောင်းအောင်ကြိုးစား။ လိုအပ်တာကိုဖြည့်ဆည်း အမြဲတမ်းစူးစမ်းနေရင် မအောင်မြင်စရာအကြောင်းကိုမရှိဘူး။ အဲ့ဒီတော့ ဘွဲ့လက်မှတ်ကြီးကိုင်ထားပြီး သူများက ကိုယ့်ကိုရွေးချယ်တာကိုစောင့်မနေနဲ့တော့။ မင်းကိုယ်တိုင်ကပဲ ရွေးချယ်သူဖြစ်အောင် ကြိုးစားပေတော့…

လူငယ်နှင့် မှန်ကန်သောရွေးချယ်မှု ၂
Knowledge to action
သျှင်နေမင်း ( စိုက် / မွေး )
အရင်တစ်ပတ်ကတော့ လူငယ်တွေဟာ မိမိအောင်မြင်မှုကိုရအောင် ရွေးချယ်မှုလုပ်တော့မယ်ဆိုရင် မိမိဝါသနာပါရာကို တဇိုက်မှတ်မှတ်ကြိုးစားပမ်းစား ဆောင်ရွက်ဖို့လိုတယ်ဆိုတဲ့အကြောင်းကိုရေးသားခဲ့ပြီးပါပြီ။ မိမိဝါသနာပါသောအလုပ်သည် ပျော်ရွှင်စိတ်ချမ်းမြေ့မှုသာမက စီးပွားရေး,လူမှုရေးပိုင်းတွင်လည်း အောင်မြင်မှုပေါင်းများစွာကိုပေးနိုင်စွမ်းရှိတယ်။ သို့သော်လူငယ်တော်တော်များများမှာ မိမိအူလိုက်သည်းလိုက်ဝါသနာပါသော အလုပ်ကိုရေရေရာရာ သေသေခြာခြာ တိတိပပ မသိကြပဲ ယောင်ဝါးဝါးနှင့်ဝေလေလေဖြစ်နေကြတယ်။ အဲ့ဒါကြောင့်လည်း မြေစမ်းခရမ်းပျိုးသလို ထီထိုးသလို အလုပ်ကိုမှန်းရမ်းလုပ်နေကြသည်မဟုတ်ပါလား။ ကံကောင်းလို့ထီပေါက်သလိုအောင်မြင်သူလည်းရှိနိုင်တယ်။ အင်မတန်ရှားပေလိမ့်မယ်။
မိမိဝါသနာပါတာကို တစ်ကယ်မသိရင် အောင်မြင်မှုရဖို့ဘာတွေကိုရွေးချယ်မလဲ။ ဒီမေးခွန်းဟာ စာဖတ်သူတို့အတွက်ခက်ခဲပါသလား။ စာရေးသူအနေနဲ့လည်း အစကတော့အင်မတန်ခက်ခဲခဲ့ပါတယ်။ သို့ပေမယ့် စာပေရဲ့ကျေးဇူးကြောင့် မျက်စိပွင့်နားပွင့်ခဲ့တယ်။ စာတွေ့နဲ့တင်မလုံလောက်သေးပေ။ လက်တွေ့အကောင်အထည်ဖေါ်ဖို့လည်းလိုအပ်တယ်။ စာရေးသူလည်း မိမိအသိကို လက်တွေ့ဖြစ်အောင်ကြိုးစားရုန်းကန်နေရသူတစ်ဦးပင်။ စာရေးသူဖေါ်ပြပြီးခဲ့သည့်အတိုင်း စာရေးသူတို့ဟာ ဘွဲ့, လက်မှတ်, သင်တန်းဆင်းလက်မှတ် များကိုင်ကာ မိမိကိုခိုင်းမည့်သူများကို အချိန်ကုန်ခံငွေကုန်ခံလိုက်ရှာနေကြသည် မဟုတ်ပါလား။ စာရေးသူ၏ သူငယ်ချင်းတစ်ယောက်ကြတော့အဲ့ဒီလိုမဟုတ်ပေ။ အမြဲဆိုသလို သူ့ပတ်ဝန်းကျင်တွင်ဘာတွေလိုအပ်နေသလဲကို အမြဲကြည့်ရှု့နေသူတစ်ဦးဖြစ်သည်။ ဘွဲ့ကို လူရိုသေ ,ရှင်ရိုသေဆိုသောသဘောဖြင့်ထာယူထားသူ ။သူ၏ရည်မှန်ချက်ကားရှိပြီသားဖြစ်တယ်။သူဖြစ်ချင်သည်က ငွေကြေးပြည့်စုံသောလူတစ်ယောက်။ သူငွေကြေးပြည့်စုံလျှင် သူ့ရည်မှန်းချက်က ပြည့်စုံပြီ။
သူမြင်သောပတ်ဝန်းကျင်လိုအပ်ချက်ကား မင်္ဂလာအခန်းအနားပြင်ဆင်ခြင်း, အလှူတွင်ပန်းကန်ခွက်ယောက်, တည်ခင်းသောစားပွဲခုန်ကုလားထိုင်များလိုခြင်း တို့ပင် ရွာနီးပတ်ဝန်းကျင်တွင် အလှူလုပ်ပြီဆိုလျှင် ဒီအခက်အခဲက အမြဲရင်ဆိုင်နေရသည်ကို သူသိမြင်သွားတယ်။ ဒါကြောင့် မည်သည့်သာရေး,နာရေးတွင်မဆို ဖိတ်စာကအစ အခမ်းအနားအပြင်အဆင် ပန်ကန်ခွက်ယောက်, တည်ခင်းစရာ စားပွဲကုလားထိုင်အပြင်, sound box , နောက်ဆုံး ဗီဒီယိုမှတ်တမ်းတင်ခြင်းကိုပါ တစ်ဦးတည်းလုပ်ကိုင်နိုင်ရန်ကြိုးစားခဲ့တယ်။ အရွယ်ငယ်သော်လည်း သူ့ပတ်ဝန်းကျင်လိုအပ်ချက်ကို ဖြည့်နိုင်သူတစ်ဦးဖြစ်သောကြောင့် တောရွာတွင်နေလင့်ကစား ငယ်ငယ်ရွယ်ရွယ်နှင့်ပင် အတော်အသင့်ချမ်းသာသော သူတစ်ဦးဖြစ်လာသည်။ ဝါတွင်းမှအပ ကျန်ရက်များမှာ နားရသည်ဟူ၍ မရှိပေ။ ယနေ့သူ့ဝင်ငွေသည် တစ်ရက်လျှင်အနည်းဆုံး ၃ သိန်းအထက်မှာရှိနေပြီ။ နှစ်အနည်းငယ်အတွင်းမှာပင် တပည့်တပန်းများနှင့် သူကိုယ်တိုင်ဦးစီးနေသည်ကို အားကျဖွယ်ရာတွေ့မြင်ခဲ့ရတယ်။
အောင်မြင်ကျော်ကြားသူတို့ အကြောင်းကိုလေ့လာကြည့်ရင် သူတို့ဟာ လူအများလိုအပ်ချက်တွေကိုဖြည့်ပေးခဲ့တယ်ဆိုတာကို စာရေးသူတို့သိရှိခံစားနိုင်သည် မဟုတ်ပါလား။ အက်ဒီဆင်, ရိုက်ညီနောင်, ဟင်နရီဖေါ့ဒ်, ဘယ်ဂိတ်စ်, စတီဗင်ဂျော့ဘ် အစရှိသူတို့ဟာ သူများဘာလိုအပ်တယ်ဆိုတာကို သိမြင်ကာ အကောင်အထည်ဖေါ်ခဲ့လို့အောင်မြင်ခဲ့ခြင်းပင်။ စာဖတ်သူလူငယ်တို့လည်း မိမိပတ်ဝန်းကျင်မှာလိုအပ်နေသော အရာကိုမြင်အောင်ကြည့်နိုင်ရင် အောင်မြင်သော လူငယ်များဖြစ်လာမည်မှာအမှန်ပင်ဖြစ်ပေတော့မည်။ မိမိ၏ဗီဇအလျောက်ပါလာသော ဝါသနာကို ဝီရီယဖြင့်ပြင်းအားပေးကာ အသိဖြင့်ထိန်းမတ် အောင်မြင်သူများရှိကြသလို ပတ်ဝန်းကျင်၏ လိုလားချက်ကိုသိကာ ဖြည့်ဆည်းရင်း အောင်မြင်သူများလည်းရှိတယ်။ သင့်ဖြည့်ဆည်းမှုသည် ကြီးကျယ်ရင်ကြီးကျယ်သလောက် သင့်အောင်မြင်မှုသည်လည်း ကြီးကျယ်မြင့်မားပေလိမ့်မည်။ သင့်ဖြည့်ဆည်းမှုသည် အမည်ခံ ငါဖို့သာကြည့်ပြီး ဖြည့်ဆည်းပါက သင်တစ်ယောက် အောင်မြင်မှုနှင့်ဝေးရာ ရေတက်ငါးဇင်ရိုင်းလိုသာ ဖြစ်ပေလိမ့်မည်။
သင့်ဘဝအောင်မြင်ရေးအတွက် ရွေးချယ်စရာ အကောင်းဆုံးနည်းလမ်း ၂ ခုရှိတယ်။ ပထမတစ်ခုက မိမိဝါသနာပါရာကို အားစိုက် ဝိရိယထုတ် အသိနှင့်ယှဉ်ကာ ဆစ်ဇိုက်မတ်မတ်လုပ်ခြင်း နှင့် ဒုတိယတစ်ခုကတော့ မိမိပတ်ဝန်းကျင်လိုအပ်ချက်ကို စိတ်စေတနာအပြည့်ဖြင့် ရှာဖွေဖြည့်ဆည်းခြင်းဖြင့် ဘဝအောင်မြင်မှုကို ရယူသောနည်းဖြစ်တယ်။
ဒီ ၂ နည်းထဲက သင်ကြိုက်ရာရွေးပြီး သင်ကိုယ်တိုင်လည်းထွန်းလင်းနိုင်သလို သင့်ပတ်ဝန်းကျင်က လူတွေကိုလည်းထွန်းလင်းအောင်ဆောင်ရွက်နိင်လိမ့်မည်။
Be different!

08:54
No comments:
Labels:
ဆရာလျှင်နေမင်း(စိုက်/မွေး)ရဲ့ဆောင်းပါးများ
မိုးမျှော်မင်းတုန်း မြန်မာ့ရိုးရာ ပစ္စည်းအရောင်းဌာန's Admin
We are.., This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
Knowledge to action
သျှင်နေမင်း ( စိုက်/ မွေး )
ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိမြို့လည်ခေါင်တွင် Baiyoke Skye tower ကြီးမှာ တုပသူမရှိထီးထီးကြီးရပ်တည်နေသည်။ သူ့နဘေးမလှမ်းမကမ်းတွင် ပသူနန်းဈေးကြီးသည် လည်း နေ့ညမပျက် ကမ္ဘာအရပ်ရပ်မှ ဈေးဝယ်သူများနှင့် ကြက်ပြန်မကျစည်းကားနေတယ်။၎င်းဈေးနှင့်အပြိုင် Indra Square Centre မှာလည်း သူအပြိုင်ကိုယ်အပြိုင် ရောင်းဝယ်သူများနှင့် ရှုပ်ထွေးနေတော့သည်။ ထိုစင်တာရှိ number 9 ဆိုသော အမျိုးသားဝတ် ဖက်ရှင်ဆိုင်တစ်ဆိုင်တွင် စာရေးသူ အရောင်းစာရေးအဖြစ် အလုပ်လုပ်ဖူးတယ်။ တစ်နေ.ဘတ်ငွေ ၃၀၀ ဖြင့်စတင်လုပ်ကိုင်ခဲ့ရတယ်။ ထိုစဉ်ကစာရေးသူမှာ ထိုင်းဘာသာစကားကိုအနည်းငယ်သာ တတ်ကျွှမ်းနားလည်ခဲ့တယ်။
တစ်နေ့တော့စာရေးသူအလုပ်လုပ်သောဖက်ရှင်ဆိုင်နှင့်မျက်နှာခြင်းဆိုင် အရုပ်ဆိုင်တွင် စာရေးသူနှင့်အသက်၂ နှစ်ခန့်ငယ်ပုံထင်ရသည့် ကောင်လေးတစ်ယောက်အလုပ်လာလျှောက်ခဲ့တယ်။ သူနှင့် ဆိုင်ရှင်ပြောနေသောစကားကို ကောင်းစွာကြားနိုင်သောနေရာတွင် စာရေးသူရှိနေခဲ့တယ်။ သူတို့နှစ်ဦး၏ အင်တာဗျူးလေးဟာ သာမာန်လေးပါပဲဒါပေမယ့် ထိုသာမာန်လေးမှ စာရေးသူအဖို့ သင်ခန်းစာ,အတုယူစရာ မမျှော်လင့်ပဲရလိုက်တယ်။ အင်တာဗျုးတစ်ခုလုပ်တယ်ဆိုတာ သာမာန်အားဖြင့် မိမိအရည်အချင်း နှင့် အလုပ်ရှင်၏လိုလားချက်ညှီုယူခြင်းလို့သတ်မှတ်နိုင်တယ်။ တစ်နည်းအားဖြင့် အားပြိုင်ပွဲလို့လည်း ယူဆလို့ရတယ်။ အလုပ်လျှောက်သူ၏ ယုံကြည်မှု ( မိမိကိုယ်ကိုယ်) , တည်ကြည်မှု, ကိုယ်ရည်ကိုယ်သွေး, စိတ်ကူးစိတ်သန်း, အလုပ်အပေါ်စိတ်ဝင်စားမှု , ကျွမ်းကျင်မှု, သူတစ်ဦးကိုလိုက်လျောညီထွေပေါင်းသင်းနိုင်မှု တို့နှင့် အလုပ်ရှင်၏ အလုပ်သမားအပေါ်ထားသော စိတ်ဓါတ်,စာနာမှုရှိမရှိ, အတ္တနည်းခြင်းများခြင်း, နားလည်မှု, ဘက်မျှမှုတို့အားပြိုင် ချိန်ခွင်လျှာညှီုသော အင်မတန်ကိုစိတ်ဝင်စားစရာ အချိန်ကာလလည်းဖြစ်တယ်။
စာရေးသူကိုယ်တိုင်ကလည်း အလုပ်အတွက်အင်တာဗျုးရခြင်းကို အင်မတန်မှနှစ်ခြိုက်ခဲ့တယ်။ ငယ်စဉ်ကဆိုလျှင် ကျောင်းအားရက်, အလုပ်ပိတ်ရက်များတွင် ရန်ကုန်မြို့အတွင်း အလုပ်အင်တာဗျုးများကို တမင်တကာအချိန်ကုန်ခံပြီး အမေးအဖြေလုပ်လေ့ရှိတယ်။ ထားပါတော့။ Indra centre က အင်တာဗျုးလေးစီသွားကြရအောင်။ ထိုသူငယ်မှာ အင်္ဂလိပ်စာကို ရောင်းဝယ်တတ်လောက်အောင်တော့ပြောတတ်ဆိုတတ်ပုံရသည်။ ဆိုင်ရှင်အဓိကလိုအပ်နေသော အရောင်းစာရေးမှာ သူ့ဆိုင်ရှိ အရုပ်လေယဉ်, ဟက်လီကော်ပတာ များကိုကျွမ်းကျင်စွာ ထိန်းချုပ်မောင်းနှင်တတ်သောသူကိုလိုချင်ပုံရတယ်။ ဆိုင်ရှင်က ကောင်းလေး၏ပြောဆိုပုံကိုသဘောကျသော်လည်း ထိုကောင်လေးမှာ အရုပ်များကိုကောင်းကင်မှာ ပျံဝဲနေအောင်မကစားတတ်ပေ။ ဆိုင်ရှင်ကသူအား ရဟတ်ယာဉ်လေးများကို လေပေါ်ပျံဝဲနိုင်အောင်မောင်းတတ်ရင် တစ်လလျှင်လစာငွေ ၁၂၀၀၀฿ ပေးမယ်။ မမောင်းတတ်ရင်တော့ ၉၀၀၀ ဘတ်ငွေသာရမယ် လို့ပြောခဲ့တယ်။ ထိုစဉ်က ဘတ် ၉၀၀၀ ဆိုသည်မှာလည်းမနည်းပေ။ အဲ့ဒီအခါမျိုးမှာ တော်ရုံတန်ရုံလူဆိုလျှင်တော့ ဘတ် ၉၀၀၀ ဖြင့်သာအလုပ်လုပ်လိမ့်မယ်ထင်တယ်။
သို့ပေသည့် ဒီကောင်လေးရဲ့စကားကြောင့် စာရေးသူရုတ်တရတ်နားမလည်ဖြစ်သွားသည်။ ကောင်းလေးမေးလိုက်သောစကားမှာ " ရဟတ်ယဉ်တစ်စီးဘယ်လောက်လဲ" တဲ့။ ဆိုင်ရှင်က ၉၀၀ လို့ပြန်ဖြေခဲ့တယ်။ ကောင်လေးလည်း ၉၀၀ ပေးပြီးဘာမပြောညာမပြောနဲ့လှည့်ပြန်သွားခဲ့တယ်။
၃ , ၄ ရက်ကြာသောအခါကောင်လေးပြန်ရောက်လာတယ်။ သူကဆိုင်ရှင်ကို ပြောတယ်။ သူကိုတစ်လ ၁၂၀၀၀ ဘတ်ပေးပြီး အဲ့ဒီဆိုင်မှာအရောင်းစာရေးခန့်ဖို့ပြောလိုက်တယ်။ ဆိုင်ရှင်ကလည်း သူ့ကို ရဟတ်ယာဉ်မောင်းခိုင်းတော့တာပေါ့။ ဒီသူငယ်လည်း ကျွမ်းကျင်စွာမောင်းပြလိုက်တယ်။ ဒါနဲ့သူ အဲ့ဒီဆိုင်မှာ အလုပ်ရသွားတယ်။ ကဲ့ဘယ်လောက်တော်တဲ့ ကောင်လေးလဲ။ သူနေရာမှာ စာရေးသူဆိုရင် ဒီလိုအတွေးမျိုးပေါ်မှာမဟုတ်ဘူး။ အလုပ်ကရနေပြီပဲ ဒါပေမယ့် ကျွမ်းကျင်မှုစွမ်းအင်လေးတစ်ခုကြောင့် ဘတ်ငွေ ၃၀၀၀ ကွာနေတယ်နော်။ သူသာပေါ့ပျက်ပျက်နဲ့ ငါအလုပ်လုပ်ရင်သင်သွားရင်ရတာပါပဲဆိုပြီးသာနေခဲ့ရင်။ တစ်နှစ်သာကြာသွားမယ် အလုပ်ရှင်ကသူ့ကို လစာ ၃၀၀၀ တိုးပေးမှာမဟုတ်ဘူး။
စာရေးသူကတော့ ဒီသူငယ်ရဲ့ဆုံးဖြတ်ချက်ခိုင်မှာပုံ ဖြတ်ထိုးဥာဏ်ကောင်းပုံတွေကို ချီးကျုးလေးစားနေတာ ယနေ့အထိပါပဲ။ တော်ရုံတန်ရုံဘွဲ့ရထားတဲ့လူတောင် ဒီလိုအခြေအနေမျိုးမှာ သူ့လိုအတွေးတွေတွေးမိမှာမဟုတ်ဘူး။ တစ်ဆက်တည်းမှာပဲငယ်စဉ်က ဆရာတွေပြောပြဖူးတဲ့ ယောအတွင်းဝန်မင်းဦးဘိုးလှိုင်ကိုတောင် စိတ်ကူးထဲမှာပြေးမြင်လိုက်မိသေးတယ်။ မိုးကုတ်ကို ပြင်သစ်ထံရောင်းဖို့ သဘောတူပြီးမှ ဆင်ခြင်ဥာဏ်မဲ့တဲ့ ဘုရင်သီပေါ ခြေမကိုင်လက်မကိုင်ဖြစ်တော့ ဦးဘိုးလှိုင် ဖြေရှင်းပုံက စာဖတ်သူမျင်စိရှေ့မှာဖြစ်နေခဲ့သလိုမြင်ရောင်ခဲ့ဖူးတယ်။ ပတ္တမြားငမောက်ကိုပြပြီး ကုန်သည်တွေကို ဈေးဖြတ်ခိုင်းတယ်။ ကုန်သည်တွေက ငမောက်ကိုဈေးဖြတ်ဖို့ မဖြတ်နိုင်တဲ့အခါ ရယ်မောပြီး " ငမောက်တစ်လုံးတောင်ဈေးမဖြတ်နိုင်တာ မင်းတို့ကအဲ့ဒီလို ရတနာတွေမြောက်မြားစွာထွက်တဲ့ မိုးကုတ်ကိုဝယ်မယ်ဆိုတာ အိပ်မက်လိုဖြစ်နေမှာပေါ့" ဆိုပြီး စာချုပ်ကိုဆွဲဗြဲ ခဲ့တာလေးကို မြင်ယောင်မိတော့ ဦးဘိုးလှိုင်ရဲ့ ဖြတ်ထိုးဥာဏ်ကို လေးစားကြည်ညိုမိပြန်တယ်။ အခုလည်းဒီသူငယ်ရဲ့ ဖြတ်ထိုးဥာဏ်ကလည်း ချီးကျုးထိုက်ပါပေတယ်။
အချို့က ကိုယ်မြင့်ဖို့သူများကိုနင်း ပုဂ္ဂိုလ်စွဲနဲ့ အကောက်ကြံ နေရာကောင်းကိုရဖို့ကြံကြတယ်။ ဒီလူငယ်ကတော့ ကိုယ့်ကိုယ်ကိုယုံကြည်စိတ်ထား အရင်းအနှီးတစ်ခုကို ထိုက်တန်အောင်ပြုပြီးမှ အမြင့်ကိုယူတတ်တဲ့စိတ်, မြင်လည်းမြင့်မြတ်ပါပေတယ်။ စာဖတ်သူလူငယ်တို့လည်းသူ့ရဲ့ ရင်းနှီးမှုကနေ စစ်မှန်သောအောင်မြင်မှု ယူတတ်ပုံကိုအတုယူတတ်ကြပါစေ…
Be different!
— with Min Min Chit and 78 others. သျှင်နေမင်း ( စိုက်/ မွေး )

08:42
No comments:
Labels:
ဆရာလျှင်နေမင်း(စိုက်/မွေး)ရဲ့ဆောင်းပါးများ
မိုးမျှော်မင်းတုန်း မြန်မာ့ရိုးရာ ပစ္စည်းအရောင်းဌာန's Admin
We are.., This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

Knowledge to action
သျှင်နေမင်း ( စိုက် / မွေး )
ယနေ့ခေတ်ကြီးကား ရေသာခိုလို့မဖြစ်တော့ အရည်အသွေးရှိသူ အရည်အချင်းရှိသူတို့သာ နေရာရပြီး အရည်အသွေးညံဖျင်းသူတို့ကား နောက်လိုက် ထီးမိုးဖိနပ်ကိုင် ဖြစ်နေသည်မှာ စာဖတ်သူလူငယ်တို့အမြင်ဖြစ်သည်။ ဘွဲ့ရဆိုက်ကားသမား, ဘွဲ့ရရေခဲ့ရေသည်, ဘွဲ့ရ ပဲပြုတ်သည်, ဘွဲ့ရဂျာနယ်လက်ပွေ့ရောင်းသူ, ဘွဲ့ရကွမ်းယာ ငုံးဥပြုတ်ရောင်းသူတွေ စာဖတ်သူတို့ လူ့အသိုင်းအဝိုင်းတွင် အမြောက်အမြား မြင်ဖူးကြသည်မဟုတ်ပါလား။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး အစောပိုင်းက " လူငယ် နှင့် အချိန်ကိုခွဲဝေအသုံးချခြင်း" "လူငယ်နှင့် ပညာ" စသောခေါင်းစဉ်များဖြင့် ဖေါ်ပြခဲ့ပြီးဖြစ်သည်။ စာရေးသူတို့လူငယ်အများစုမှာ ရေလိုက်လွဲ တလွဲဆံပင်ကောင်းနေခြင်းက ဤဆောင်းပါလေးဖြစ်လာရန်တိုက်တွန်းလိုက်ခြင်းဖြစ်သည်။
အောင်မြင်လိုစိတ်, ကျော်ဇော်ထင်ပေါ်လိုစိတ်, အများအကျိုးကိုဆောင်ရွက်လိုစိတ်ရှိသူသည် မိမိလိုအပ်ချက်ကို အမြဲတစ်လစက် ဖြည့်တင်းပြုပြင်နေကြသည်။ အရည်အချင်းရှိသောဘွဲ့ရ ပညာတတ်တစ်ယောက်သည် ဆိုက်ကားသမားဖြစ်သော်လည်း ခေတ္တာခဏ သာဖြစ်လိမ့်မည်။ သစ်မရခင်ဝါးကူသာဖြစ်ပေလိမ့်မည်။ သို့သော်ဘွဲ့ရပြီး ဆိုက်ကားနင်းခြင်းဖြင့်သာ တစ်သက်လုံး အသက်မွေးဝမ်းကြောင်းပြုသူကိုတော့ အရည်အချင်းမပြည့်မှီသူ, အစွမ်းအစမရှိသူ, ရေသာချိုအချောင်လိုက်ခဲ့သူလို့သာ မညှာမတာပြောရပေတော့မည်။ ယနေ့ခေတ်ကြီးကား သူများနှင့်အပြိုင် ကိုယ်ကအစစအရာရာရှေ့ကရောက်အောင် ပြေးလွှားနေရသောခေတ်ကြီးဖြစ်သည်။ လောကီရေးရာတွင် အမြင့်ဆုံးနေရာကိုမရောက်ရင်တောင် အလယ်အလတ်ဆိုသောနေရာတွင် တည်တံ့နေအောင် ပြင်ဆင်မှု,လေ့လာမှု, ကြိုးပမ်းအားထုတ်မှုများအား အဆက်မပြတ်ကို လုပ်ဆောင်နိုင်မှတော်ကာကြတော့မည်။
ငါငယ်ငယ်ကကြိုးစားခဲ့တာ ကြီးလာရင်အေးအေးလူလူနေဖို့ဆိုတောတွေးခေါ်မှုမှာ ဟိုးလွန်ခဲ့သော ဆယ်စုနှစ်က မှန်ချင်မှန်ခဲ့လိမ့်မည်။ မျက်မှောက်ကာလမှာကား အရင်ကလည်း ကြိုးစားခဲ့ရသလို ယခုလည်းကြိုးစားနေရမည်, နောင်လည်းကြိုးစားနေရပေအုန်းမည်။ မိမိကတစ်ချက်ကလေးရပ်လိုက်တာနဲ့ မိမိနောက်မှ အရှိန်ပြင်းပြင်းနှင့်မောင်းနှင်လာသော ပြိုင်ကားက မိမိနေရာကိုယူပြီး ကျော်တက်သလို မိမိနှင့်အပြိုင်ကြိုးစားသူတွေက ကျော်တက်နေရာယူ သွားပေလိမ့်မည်။ မိမိပတ်ဝန်းကျင်က ရေသာခိုအချောင်လိုက်သူဦးရေ များပြားနေသောအခါတွင်မတော့ မိမိကိုယ်ကိုယ်မိမိ ထိပ်ဆုံးရောက်နေသည်ဟု ထင်ကောင်းထင်နိုင်သည်။ သို့သော်သူအပြိုင်ကိုယ်အပြိုင် ဘဝကိုပြင်ဆင်ကြိုးစားသူများနှင့် သင်ကြုံတွေ့သောအခါ သင်နေရမည့်နေရာကို သင်ဘာသာရွေးချယ်သွားပါလိမ့်မည်။
လူငယ်အများစုမှာ တစ်ချိန်က မီးကုန်ယမ်းကုန်ကြိုးစားခဲ့သည်။ ထိုကြိုးစားမှုကြောင့်လည်း မိမိနှင့်ထိုက်တန်သောနေရာမျိုးတွင် နေရသည်, အလုပ်လုပ်ရသည်။ သို့သော်ထိုနေရာမှာပင် ကြာရှည်စွာနေနေကြသည်။ ဘာကြောင့်အဲ့ဒီနေရာ အဆင့်မှာကြာမြင့်စွာနေကြရပါသလဲ။ အဆိုပါလူငယ်လေးကား ကြိုးစားမှုအရှိန်နည်းသွားခြင်း နှေးကွေးသွားခြင်းကြောင့်ဖြစ်သည်။ ယနေ့ခေတ်တွင် ပညာရပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုမှာ အလွန်မြန်လွန်သောကြောင့် မျက်စိဒေါက်ထောက်ပြီး မိမိလိုအပ်ချက်တွေကို အချိန်နှင့်တပြေးညီဖြည့်ဆည်းရန် အင်မတန်ကိုလိုအပ်သည်။ ထိုသို့ဖြည့်ဆည်းရာတွင်လည်း သူတစ်ပါးကိုအပြစ်မဆိုပဲ မိမိကိုယ်တိုင် အခွင့်အလမ်းရှာဖွေတတ်ဖို့လိုသည်။ သူတစ်ပါးကိုအပြစ်တင်နေပါက သင့်အချိန်များ ပုတ်သွားမည်။ သို့သော်ယနေ့လူငယ် အားလုံးလိုလိုသည် သူတစ်ပါးကိုသာအပြစ်တင်တတ်ပြီး မိမိကိုယ်ရည်ကိုယ်သွေး, အရည်းအချင်းများကို ကိုယ်တိုင်ကိုယ်ကျဦးဆောင်ရန် စိတ်အားထက်သန်မှု နည်းပါးနေကြသည်။ သူများကဦးဆောင်မှာကို စောင့်စားနေတတ်ကြသည်။ သူများကလမ်းဖွင့်ပေးမှ လျှောက်မည်ဆိုသောစိတ်များက ကြီးစိုးနေကြသည်။
ဘဝဆိုသည်ကား ရုန်းကန်ခြင်း, ပြိုင်ဆိုင်ခြင်း, အောင်နိုင်ခြင်း, ကျရုံးခြင်းတို့နှင့် အလှည့်ကျလည်ပတ် စီးဆင်းနေခြင်းပင်။ လူငယ်တစ်ချို့ထံမှာ "တော်ပါပြီ ဆက်မလုပ်တော့ပါဘူး" ဆိုသောစကားသံများ မကြာခဏဆိုသလိုကြားနေရသည်။ သူတို့ဘဝတွင်ကျရုံးမှုနှင့် တွေကြုံသောအခါ လက်လျော့လိုသောကြောင့် ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုသောသူမှာ အထက်သို့ဘယ်နည်းနှင့်မျှမရောက်နိုင်။ လက်လျှော့လိုက်လိုက်ခြင်းသည် မိမိကိုယ်မိမိလူရာမသွင်းခြင်း, စော်ကားလိုက်ခြင်းလည်းဖြစ်သည်။ မိမိ၏ကြိုးစားခဲ့သော ဖြစ်စဉ်တစ်ခုလုံးကို ( မိမိကြိုးစားခဲ့တာကို အလားကားပါ, သုံးစားရတာမဟုတ်ဘူး) မိမိကိုယ်တိုင်က လှောင်ပြောင်စော်ကားလိုက်ခြင်းပင်ဖြစ်သည်။ မိမိတွင်ကြိုးစားချင်စိတ်ရှိနေသေးသရွှေ့ ကျဆုံးသူမဟုတ်ပဲ အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်နေသောလူတစ်ယောက်ပင်ဖြစ်သည်။
မိမိဘယ်လိုအခက်အခဲ အကျပ်အတည်းပဲကြုံတွေ့ပါစေ ဘယ်တော့မှနောက်မဆုတ် ( မရပ် ) လိုက်ပါနဲ့။ သင့်တွင်ကြိုးစားချင်စိတ်ရှိနေသရွှေ့, အခက်အခဲကိုကျော်ဖြတ်ချင်စိတ်ရှိနေသရွေ့ သင်ဟာအောင်မြင်မှု လမ်းကြောင်းပေါ်မှာရောက်နေသောလူဖြစ်သည်။ စာရေးသူဖတ်ဖူးသော ဇတ်လမ်းလေးတစ်ပုဒ်ကို ဖေါက်သည်ချလိုက်ပါအုန်းမည်။ ရွာတစ်ရွာမှာ အဖိုးအိုတစ်ဦးရှိသတဲ့။ သူ့မှာမြည်းအိုလေးတစ်ကောင်ရှိတယ်။ တစ်နေ့တော့အဖိုးအိုဟာ အပြင်ကိုသွားနေတုန်း မြည်းအိုလေးဟာ အိမ်အတွင်းက ရေတွင်းပျက်ထဲကိုကျသွားခဲ့တယ်။ အဘိုးအိုအိမ်ကိုပြန်လာတော့ မြည်းအိုလေးကိုမတွေ့တာနဲ့လိုက်ရှာလိုက်တာ ရေတွင်းပျက်ဆီရောက်တော့မြည်းအိုလေးရေတွင်းပျက်ထဲကျနေတာကိုတွေ့လိုက်ရတယ်။ အစကတော့ အဘိုးဟာမြည်းအိုလေးကို ကယ်ဖို့နည်းလမ်းရှာတယ်။ ပြီးတော့မှ မြည်းကလည်းအိုနေပြီဖြစ်တော့ နောက်နောင်ရေတွင်းပျက်ထဲကို ကလေးသူငယ်တွေပြုတ်မကျအောင် ရေတွင်းပျက်ကို မြေဖို့ဖို့ ပတ်ဝန်းကျင်ကိုအကူအညီတောင်းခဲ့တယ်။ ဒီလိုနဲ့ပတ်ဝန်းကျင်ကလူတွေက ပေါက်ပြား,ဂေါ်ပြားတွေနဲ့ မြေကြီးတွေကို ရေတွင်းပျက်ထဲကို ဖို့ကြတာပေါ့။ ဒီအခါမှာ မြည်းအိုလေးဟာ အင်မတန်မှကိုတုန်လှုပ်ခြောက်ခြားသွားခဲ့တယ်။ နောက်တော့မှ သူ့ကိုယ်ပေါ်ကိုကျလာတဲ့ မြေမှုန်တွေကိုကိုခါချပြီး သူ့ခြေထောက်အောက်ရောက်စေကာ တစ်ဖြည်းဖြည်းနဲ့ ရေတွင်းနှုတ်ခမ်းပေါ်ရောက်လာခဲ့တယ်။ သူလည်းအသက်ချမ်းသာရာ ရသွားခဲ့တယ်။
ဒီလိုပါပဲ စာရေးသူတို့တွေ့ကြုံနေရတဲ့အခက်အခဲ ကျရုံးမှုတွေဟာ မြည်းအိုပေါ်ကျလာတဲ့ မြေမှုန်တွေပါပဲ။ အဲ့ဒီမြေမှုန်တွေကို ကိုယ့်အပေါ်အတင်ခံနေသမျှတော့ အောင်မြင်မှုတွေသေဆုံးမှာပါပဲ။
အခက်အခဲများနှင့်ရင်ဆိုင်ကြုံတွေလာသောအခါ ထိုအခက်အခဲသည်မျှပင်အင်အားကြီးနေပါပလေ့စေ ကြိုးစားမှုကိုမရပ်လိုက်ပါနဲ့။ အခက်အခဲများကို မရပ်မနားပဲ ဇွဲအားခွန်ဖြင့် ကျော်လွန်နိုင်သော လူငယ်များဖြစ်ပါစေဟု ရည်သန်လျှက်……
at
08:40
No comments:
Labels:
ဆရာလျှင်နေမင်း(စိုက်/မွေး)ရဲ့ဆောင်းပါးများ
မိုးမျှော်မင်းတုန်း မြန်မာ့ရိုးရာ ပစ္စည်းအရောင်းဌာန's Admin
We are.., This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
Subscribe to:
Posts (Atom)
Popular Images
-
မြန်မာသံစဉ်တွေကိုချစ်မြတ်သူများအတွက် ဒီတစ်ခါတင်ပေးမှာကတော့ ဟင်္သာတ ထွန်းရင် ရဲ့ တောကကိုရင် ဆိုတဲ့ ဗီစီဒီကိုရာအိုကေအား Mp3 အဖြစ်ပြောင...
-
မြန်မာသံစဉ်တွေကိုချစ်မြတ်သူများအတွက် ဒီတစ်ခါတင်ပေးမှာကတော့ ဟင်္သာတ ထွန်းရင် ရဲ့ အဖေနှင့်အဖေ့အကြောင်း ဆိုတဲ့ ဗီစီဒီကိုရာအိုကေအား Mp3 အဖြစ်ေ...
-
မြန်မာသံစဉ်တွေကိုချစ်မြတ်သူများအတွက် ဒီတစ်ခါတင်ပေးမှာကတော့ ဟင်္သာတ ထွန်းရင် ရဲ့ အမေ့နဲ့အမေ့အကြောင်း ဆိုတဲ့ ဗီစီဒီကိုရာအိုကေအား Mp3 အဖြစ်ြေ...
-
မြန်မာသံစဉ်တွေကိုချစ်မြတ်သူများအတွက် ဒီတစ်ခါတင်ပေးမှာကတော့ ဟင်္သာတ ထွန်းရင် ရဲ့ ပွဲတိုင်းကျော် ဧည့်ခံတေးများ ဆိုတဲ့ ဗီစီဒီကိုရာအိုကေအား Mp3 ...
-
အချစ်ရေလုံအောင်ပုန်း အခုတစ်ကျွန်တော်တင်ပေးမှာကတော့ လူသေသွားသော်လည်းနာမည်မသေတဲ့အဆိုတော်ကြီး တစ်ယောက်ကိုတင်ပေးမှာဖြစ်ပါတယ် ဒီအဆိုတော်ကြီးက...
-
အခုတစ်ခါတင်ပေးခြင်ပါတယ် သီချင်းမြူးမြးလေးတွေကြိုက်တဲ့ သူငယ်ချင်းများအတွက်ပါခင်ဗျာ မြန်မာ့ဆိုင်းသံလေးအပါအဝင် Drum အသံလေးတွေနှင့်ရောစပ်က...
-
အခုတခါတင်ပေးမှာကတော့ ဆိုင်းမင်းသားတစ်လက်ဖြစ်တဲ့ စိန်ဘညို၏ သားတပြည့်ဖြစ်တဲ့ မန္တလေးမြခိုင် တီးတဲ့ မောင်ရှင်လောင်း နှင့် နှမကညာ Mp 3 အစ / အဆံ...
-
မြန်မာနိုင်ငံ လူမျိုးများ၏ ဘာသစကားနှင့် ပညာရေး မြန်မာနိုင်ငံတွင်နေထိုင်ကြသည့် တိ...
-
ဒီတစ်ခါတင်ပေးမှာကတော့ တစ်ခေတ်တစ်ခါကနာမည်ကြီးအဆိုတော် ကိုသန်းလှိုင် ရဲ့ တစ်ဆောင်းသစ်ပြီ မြဒါလီ ဆိုတဲ့ သီချင်းခွေလေးကိုတင်ပေးချင်ပါတယ် အမှား...
-
အခုတစ်ခါကျွန်တော်တင်ပေးမှာကတော့ တေးသံရှင်တစ်ဦးဖြစ်ပါတယ် သူကတော့ လူ့ဘဝကြီးကနေ ထွက်ခွါသွားခဲ့တာ အချိန်ကြာပြီဖြစ်သော်လည်း အခုအချိန်အထိ သူ့ရ...