စမွတ်စာခွန်ခရိုင်
အုမ်းနွဲ့မှာရှိတဲ့ အမ်ဖွန်စားသောက်ကုန်စက်ရုံက အလုပ်သမားတွေ
2.5.2014ကဆန္ဒပြကြပါတယ်။ဒီစက်ရုံမှာ အလုပ်သမား၁၂၀၀လောက် ရှိပြီး အဲ့ဒီအထဲမှာ
မြန်မာအလုပ်သမား၉၀၀လောက်ရှိတယ်လို့သိရပါတယ်။လုပ်အားခရှင်းပေးရာမှာ
ရသင့်ရထိုက်တာထက် လျော့နည်းနေလို့ဆန္ဒပြကြ
တာဖြစ်ပါတယ်။ အလုပ်သမားတွေက ဆက်သွယ်အကူအညီတောင်းခံ လာသည့်အတွက် MWRN
ဥက္ကဌနှင့်အဖွဲ့ဝင်များ သွားရောက်ပြီး အလုပ်သမားတွေနဲ့တွေ့ဆုံလို့
အခွင့်အရေးပိုင်ဆိုင်ရာများကိုရှင်းပြခဲ့ပါတယ်။ အဲ့ဒီနောက်အလုပ်သမားတွေက
မိမိတို့ကြုံနေရသောအခက်အခဲပြဿ နာများ ၅ ချက်အဖြစ်တင်ပြ တောင်းဆိုပါတယ်။
ဒီပြဿနာနဲ့တောင်းဆိုချက်တွေကို အလုပ်သမားတွေနဲ့အတူ MWRNဥက္ကဌက အလုပ်ရှင်နဲ့တွေ့ဆုံညှိနှုင်းမှု ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒါတွေကတော့ ၁)အလုပ်သမားများ လုပ်ခလစာရှင်းပေးရာတွင် အမှန်တကယ်ရရှိမည့်ပမာဏထက် လျော့၍ ရကြခြင်း၊
၂)အလုပ်ရုံတွင် အလုပ်လာလျှောက်လျှင် အလုပ်သွင်းပေးခ(စမတ်ခ) ဘတ်၈၀၀၀ ပေးရခြင်း၊
၃)ကိုယ်ဝန်ဆောင်အမျိုးသမီးများကို အလုပ်ထုတ်ခြင်း၊ ၄)ဗီဇာသက်တမ်းတိုးလျှင် အလုပ်ရှင်ပြောင်းခထပ်မံကောက်ခံခြင်း၊
၅) ရက်၉၀ဧည့်စားရင်းတိုင်တုံးထုခြင်းအတွက် ဘတ်၁၀၀ ပေးရခြင်း တို့ပဲဖြစ်ပါတယ်
အလုပ်ရှင်နှင့်တွေ့ဆုံ၍ ညှိနှိုင်းခဲ့ရာမှာ ပထမအချက်မှာပါတဲ့ လျော့နည်းနေသောလုပ်ခများကို ညနေ၅နာရီမှာ ရှင်းပေးခဲ့ ပါတယ်။ ကျန်တဲ့အချက်လေးချက်ကို အလုပ်ရှင်က ပြည်လည်ညှိနှိုင်းဆောင်ရွက်မယ်လို့ ကတိပေးခဲ့ပါတယ်။ ထပ်မံပြီးတော့ MWRN အနေနဲ့ အလုပ်သမားတွေရဲ့ရပိုင်ခွင့်များ အပြည့်အ၀ရရှိရေးကို စောင့်ကြည့်ဆောင်ရွက်သွားပါမယ်။

0 comments:
Post a Comment