Popular Posts

Music

Powered by Blogger.

Movies

Games

Pictures

Slider

Flickr Images

Blog Archive

Sports

Blogger templates

Blogroll

မိုးမျှော် (မင်းတုန်း) ဆိုက်ကလေးကို လာသူများစိတ်၏ချမ်းသာခြင်းနှင့်ပြည့်စုံပါစေခင်ဗျာ

About

Pages - Menu

မြစ်ဆုံကိုကယ်နိုင်ရန်

နေပြည်တော်မှ ပေးပို့လာသော အရေးပေါ်သတင်းဖြစ်ပါသည်

သန်းရွှေကို ဖယ်နိုင်ရင် မြစ်ဆုံကို ကယ်နိုင်ပြီ
(နေပြည်တော်အရေးပေါ်သတင်း)

မြစ်ဆုံကနေ အထက်တကြောမှာ ယူရေနီယမ်တွေ နဲ့ ရဲအတ် တွေ တူးလို့ရတယ် ဆိုတဲ့ သတင်းတွေ ထွက်လာပါပြီ ၊
...


သန်းရွှေက မြစ်ဆုံကို ပြန်စဖို့ တရုတ်တွေကို မီးစိမ်းပြလိုက်ပြီလို့ သတင်းရထားပါတယ် ၊
မြစ်ဆုံကို အာရုံလွှဲဖို့ အစီအစဉ်တွေ တရပ်စပ်လာပါလိမ့်မယ် ၊

မကြာသေးခင်က သန်းရွှေခိုင်းလို့ တေဇ နဲ့ အောင်သောင်း မြစ်ဆုံဘက်ကို ခရီးထွက်သွားသေးတယ်လို့ ကြားပါတယ် ၊

မြစ်ဆုံဆက်လုပ်ဖို့ အောင်သောင်းက အိုက်ထွန်းကိုပါ ရှယ်ယာထည့်ခိုင်းထားတယ်ကြားပါတယ် ၊
အခုတော့ မြစ်ဆုံဟာ စတီဗင်လော တစ်ယောက်ထဲ မဟုတ်တော့ပါဘူး ၊

မြစ်ဆုံကိစ္စမှာ တရုတ်တွေဆီက ကန်ထရိုက်ပြန်ယူထားသူတွေက စတီဗင်လော ၊ တေဇ ၊ အောင်သောင်း နဲ့ အိုက်ထွန်းတို့ ၄ ယောက် ဖြစ်သွားပါပြီ ၊

မကြာခင်မှာ ကေအိုင်အေ နဲ့ တိုက်ပွဲကြီးတွေ ထပ်ဖြစ်အောင်လုပ်ပြီး မြစ်ဆုံသွားတဲ့ လမ်းကို ပိတ်ပစ်လိုက်တော့ မှာပါ ၊

မြစ်ဆုံကို ကယ်မယ်ဆိုရင် သန်းရွှေကို ဖယ်မှရပါတော့မယ် ၊
စတီဗင်လော ၊ တေဇ ၊ အောင်သောင်း နဲ့ အိုက်ထွန်းတို့ကလည်း မြစ်ဆုံကို ကြောင်တောင်မနှိုက်သင့်ပါဘူး

သန်းရွှေကို ဖယ်နိုင်မှ မြစ်ဆုံကို ကယ်နိုင်တော့မှာပါ ၊
----------------------------------------------------------------------------------
< >

ဗီဇာသက်တမ်းလေးနှစ်


ထိုင်းတွင် ပြည်ဝင်ဗီဇာသက်တမ်းလေးနှစ်ပြည့်ပြီး တရားဝင်ဆက်လက် လုပ်ကိုင်လိုသူများအတွက် အလုပ်သမားဝန်ကြီးဌာနမှ ကြေညာ ချက်ထုတ်ပြန်





ထိုင်းနိုင်ငံတွင် ပြည်ဝင်ဗီဇာသက်တမ်း လေးနှစ်ပြည့်ပြီး ဆက်လက်အလုပ်လုပ်ကိုင်လိုသူများအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို အလုပ်သမားဝန်ကြီးဌာနမှ ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ပြည်ဝင်ဗီဇာသက်တမ်း လေးနှစ်ပြည့်ပြီး ဆက်လက်အလုပ်လုပ်ကိုင်လိုသည့် အလုပ်သမားများအနေဖြင့် ထိုင်းအလုပ်ရှင်သည် ဆက်လက်အလုပ်လုပ်ကိုင်နိုင်ရန် အတွက် Demand Letter နှင့် ထိုင်းအလုပ်ရှင် အမည်ပါဝင်သော work permit မိတ္တူ၊ အလုပ်သမား၏ ယာယီနိုင်ငံကူးလက်မှတ် မိတ္တူ၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာန၊ သာမန်နိုင်ငံကူးလက်မှတ်လျှောက်ထားသည့်ပုံစံ၊ နိုင်ငံသားဆိုင်ရာ အထောက်အထားမိတ္တူများနှင့်အတူ ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာနမှ တစ်ဆင့် မြန်မာသံရုံးသို့ အနည်းဆုံး ခြောက်လ ကြိုတင်ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမားဖြည့်ထားသည့် လ၀က ပုံစံအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ပေးပို့၍ မြန်မာနိုင်ငံသားဟုတ်မဟုတ် စိစစ်အတည်ပြုချက် ရယူမည်ဖြစ်ပြီး နိုင်ငံသားစိစစ်ပြီးသူများအား သာမန်မြန်မာနိုင်ငံကူးလက်မှတ်ထုတ်နိုင်ရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ ရုံး (သို့မဟုတ်)နယ်စပ်စခန်းများသို့ သွားရောက်၍ နိုင်ငံသားစိစစ်ရေးကတ်မူရင်း၊ အိမ်ထောင်စုဇယားမူရင်း၊ သာမန်နိုင်ငံကူးလက်မှတ်လျှောက်ထားသည့် ပုံစံနှင့်အတူ ပြည်ထဲရေးဝန်ကြီးဌာန၊ သတင်းအဖွဲ့သို့ ကြိုတင်ပေးပို့ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ သတင်းရဲတပ်ဖွဲ့၏ ခွင့်ပြုချက်ရရှိပြီးဖြစ်သည့် အလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံအလုပ်ရှင်၏ Demand Letter များနှင့်အတူ One stop service Centrer များဖြစ်သည့် နယ်စပ်စခန်းများ၌ ပြည်ပအလုပ်အကိုင် သတ်သေခံကတ်ပြားထုတ်ယူ၍ ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနမှ ဗီဇာနှင့် ယာယီ ၏ work permit ရရှိရေး ဆောင်ရွက်ရမည်ဖြစ်ပြီး နယ်စပ်တွင် ပြည်ဝင်ဗီဇာသက်တမ်း တိုးပြီးပါက ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက် ပြီး မိမိတို့အလုပ်ရရှိသော ထိုင်းနိုင်ငံရှိ သက်ဆိုင်ရာ မြို့နယ်အလုပ်သမားရုံးတွင် work permit လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။

အလုပ်သမားများအနေဖြင့် သာမန် နိုင်ငံကူးလက်မှတ် (သို့မဟုတ်) ယာယီနိုင်ငံကူးလက်မှတ်သက်တမ်း ရှိနေသေး၍ လဲလှယ်ရန် ဆန္ဒမရှိပါက သာမန်နိုင်ငံကူးလက်မှတ်ပြုလုပ်သည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်ရန်မလိုအပ်ဘဲ သက်တမ်းကုန်ဆုံးချိန်အထိ ဆက်လက်ကိုင်ဆောင်နိုင်ပြီး သက်တမ်းကုန်ဆုံးပါက သာမန်နိုင်ငံကူးလက်မှတ်ဖြင့်သာ အသုံးပြုရမည်ဖြစ်သည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရသည်။

သာမန်နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးလုပ်ငန်းစဉ်ကို ပြည်ထဲရေးဝန်ကြီးဌာနမှ လည်းကောင်း၊ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှလည်းကောင်း၊ ပြည်ပအလုပ်အကိုင် သက်သေခံကတ်ပြားထုတ်ပေးရေးကို အလုပ်သမားဝန်ကြီးဌာနမှ လည်းကောင်း အသီးသီး တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလည်း သိရသည်။
< >

ငှက်ဖျားခြင် ကာကွယ်ရေး

ကမ္ဘာမှာ ငှက်ဖျားရောဂါ ဖြစ်စေတဲ့ ခြင်ကိုသတ်တဲ့ ပိုးသတ်ဆေးတွေ မတိုးမှာကို စိုးရိမ်လာကြပြီး၊ ခြင်တွေကို နှိမ်နင်းရေးနည်းသစ်တွေ ရှာဖွေနေချိန်မှာ၊ ငှက်ဖျားအဖြစ်များတဲ့ မြန်မာနိုင်ငံမှာတော့ ဒီ ခြင်သတ်ဆေးတချို့ ကို သုံးစွဲလျှက် ရှိနေပါသေးတယ်။ ငှက်ဖျားခြင်သတ်ဆေးတွေ မတိုးတဲ့ပြဿနာ မဖြစ်ရအောင် ငှက်ဖျားခြင်သတ်ဆေး သက်တမ်းနဲ့ သုံးရတဲ့ ပမာဏတွေကို လွန်မသွားအောင် ဂရုစိုက် သုံးစွဲဖို့လိုတယ်လို့ ကျန်းမာရေး ပညာရှင်တွေက ထောက်ပြပြောဆိုကြပါတယ်။

ငှက်ဖျားခြင် မကိုက်ခံရအောင် တဦးချင်း ကာကွယ်နိုင်တဲ့ အကောင်းဆုံးနည်း တခုကတော့ ဆေးစိမ်ခြင်ထောင်သုံးပြီး အိပ်တာပါ။ နောက်ထပ်ရော ဘယ်လိုနည်းတွေနဲ့ ကာကွယ်နိုင်ပါသေးသလဲ။ ဒီအကြောင်း ပိုမိုသိရှိနားလည်းနိုင်ဖို့ အင်းဆက်ပိုးမွှားဗေဒပညာရှင်နဲ့ ဆေးသုတေသနဦးစီးဌာန ဒု-ညွှန်မှုး (အငြိမ်းစား) ဒေါက်တာ ဖေသန်းထွန်း နဲ့ ကိုဝင်းမင်း တို့ ဆွေးနွေးတင်ပြထားပါတယ်။
< >

ကင်ဆာကို ရင်ဆိုင်နိုင်ခြင်း

ကင်ဆာကို ရင်ဆိုင်နိုင်ခြင်း နှင့် ကူညီထောက်ပံ့မှု

ဒီနေ့ မြန်မာနိုင်ငံမှာ အဖြစ်များလာနေတဲ့ ကင်ဆာရောဂါကို ကိုယ်တိုင်ရင်ဆိုင်ကျော်ဖြတ်ခဲ့ကြတဲ့ အသက် (၈၀) ကျော် ဆရာဝန်ကြီးတွေက ကင်ဆာကို စောစောသိရှိ၊ စောစောကုသနိုင်ပြီး၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းရဲ့ ကူညီပံ့ပိုးမှုနဲ့ စိတ်ဓာတ်မကျဘဲ ရင်ဆိုင်ဖြေရှင်းသွားနိုင်ဖို့ အရေးကြီးတယ်လို့ မြန်မာနိုင်ငံဆရာဝန်များအသင်း ဆွေးနွေးပွဲမှာ ထောက်ပြအကြံပြုခဲ့ကြပါတယ်

ဦးဆောင်ဆွေးနွေးကြသူတွေထဲက တဦးဖြစ်တဲ့ အသက် (၈၃) နှစ်အရွယ် အငြိမ်းစားပါမောက္ခ ဒေါက်တာဒေါ်အုန်းကြည်က ကင်ဆာရောဂါသည်တွေအတွက် နိုင်ငံတော်အစိုးရအနေနဲ့ ကင်ဆာရောဂါ စစ်ဆေးစမ်းသပ် ကုသမှုလုပ်ငန်းတွေကို တိုင်းနဲ့ပြည်နယ်အားလုံးမှာ စနစ်တကျ တိုးချဲ့ လုပ်ကိုင်ပေးသင့်တယ်လို့ ထောက်ပြခဲ့ပါတယ်။  ဒါ့အပြင် ကင်ဆာဆိုင်ရာ ဆေးဝါးတွေက ငွေကြေးကုန်ကျများလွန်းတာမို့  လူမှု့အဖွဲ့အစည်းတွေရဲ့ ဝိုင်းဝန်းကူညီမှုတွေလည်း လိုနေသေးတယ်လို့ ဒေါက်တာဒေါ်အုန်းကြည်က ပြောဆိုခဲ့ပါတယ်။

ပြည်သူ့ကျန်းမာရေး ပညာပေးဆိုင်ရာ အငြိမ်းစားပါမောက္ခ ဒေါက်တာဒေါ်အုန်းကြည် ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။
< >

မြစ်ဆုံ စီမံကိန်း

မြစ်ဆုံ စီမံကိန်း ပြန်စမည့် ကိစ္စ ဝိုင်းဝန်းကန့်ကွက်


ဧရာဝတီမြစ်ဖြတ်သန်းစီးဆင်းနေတဲ့ပုံ။ဧရာဝတီမြစ်ဖြတ်သန်းစီးဆင်းနေတဲ့ပုံ။

မြစ်ဆုံစီမံကိန်းကို တရုတ် ကုမ္ပဏီတစ်ခု ဖြစ်တဲ့ CPI က ပြန်စဖို့လိုလားနေတယ် ဆိုပြီးတော့ ပြောဆိုပြီး တစ်ရက်အကြာမှာပဲ ပြည်တွင်းအရပ်ဖက် လူမှု အဖွဲ့အစည်းတွေနဲ့ သဘာဝ ပတ်ဝန်းကျင် ပညာရှင်တွေကတော့ မြစ်ဆုံ စီမံကိန်းပြန် စမှာကို လုံးဝလက်မခံနိုင်ဘူးလို့ ပြောဆိုကြပါတယ်။ ဒါပေမဲ့ CPI ကုမ္ပဏီဘက်ကတော့ စီမံကိန်းပြန်စဖို့ သူတို့ အနေနဲ့ ဖွံဖြိုးရေး လုပ်ငန်းတွေ လုပ်ကိုင်ပြီးတော့ ဒေသခံတွေ စည်းရုံးခဲ့တယ်လို့လည်း ကချင်လူထု အခြေပြူအဖွဲ့တွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်း ထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် ကပြောပြမှာပါ။

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ပြန်လည်အကောင်အထည် ဖော်နိုင်ဖို့ အတွက် ၂၀၁၅ ရွေးကောက်ပွဲပြီး  တက်လာမယ့် အစိုးရနဲ့ ညှိနှိုင်းသွားမယ်လို့ ဒီဇင်ဘာလ ၂၆ ရက်နေ့က  ဧရာဝတီ မြစ်ညာ-မြစ်ဆုံရေအား လျှပ်စစ် စီမံကိန်း ကုမ္ပဏီဥက္ကဋ္ဌက နိုင်ငံရေးပါတီတွေ နဲ့ အရပ်ဖက်လူမှု အဖွဲ့အစည်းတွေ ကို ပြောဆိုခဲ့တာပါ။ အခုလိုပြောဆိုပြီး တစ်ရက်အကြာမှာပဲ ကချင်လူထု တစ်ခုတည်း အတွက်သာမက မြန်မာတစ်နိုင်ငံလုံးနဲ့ သက်ဆိုင်နေတဲ့ ဧရာဝတီမြစ် မပျက်စီးရေးအတွက် ဒီစီမံကိန်းကို ပြန်စဖို့ မလိုလားဘူးလို့ ကချင်ငြိမ်းချမ်းရေး ကွန်ယက်က မခွန်ဂျာက ပြောပါတယ်။

"ဧရာဝတီဟာ ကျမတို့မြန်မာတစ်နိုင်ငံလုံးနဲ့သက်ဆိုင်မှာဖြစ်တယ်။ ဧရာဝတီကို ထိတယ်ဆိုလို့ရှိရင်တော့ ဒီမြစ်ဆုံကို ထိတယ်ဆိုလို့ရှိရင် ဧရာဝတီကြီးက ရှိတော့မှာ မဟုတ်ဘူးလေ။ အဲတော့ တစ်နိုင်ငံလုံးမှာ ရှိတော့မှာ မဟုတ်တဲ့ အတွက်ကြောင့်မို့လို့ ဒီဧရာဝတီကြီးနဲ့ သူ့ရဲ့မြစ်ဖျားတွေ အကုန်လုံးကို ကာကွယ်ရမှာဖြစ်တယ်။ မြစ်ကြောင်းတစ်လျှောက်လုံးကို ကာကွယ် ရမှာဖြစ်တယ်ရှင့်"

CPI  ကုမ္ပဏီ ဘက်ကတော့ ဒေသခံတွေရဲ့ ခွင့်ပြုချက်တွေ ရရင် ဒီစီမံကိန်းကို အကောင်အထည်ဖော်နိုင်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လူထု အခြေပြု လုပ်ငန်းတွေနဲ့ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လုပ်ကိုင်ပြီး အကောင် အထည်ဖော်ခွင့်ရရေး အပြင်းအထန် ကြိုးစားနေတယ်လို့လည်း မြစ်ဆုံဒေသ က ရွေ့ပြောင်းခံ ရွာသားတွေ ကပြောဆိုနေကြတာပါ။

CPI  ကုမ္ပဏီဘက်ကတော့ သူတို့ အနေနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်နေတယ် ဆိုပေမဲ့လည်း မူလ က လုပ်ကိုင်စားသောက်လို့ရတဲ့  ဒေသခံတွေ ရဲ့ ရပ်တည်မှုတွေကို သူတို့ ရွှေ့ပြောင်းလိုက်တဲ့အတွက် အဲဒီ နေရာတွေမှာ လုပ်ကိုင်စားသောက်လို့မရပဲ ကူညီပေးနေတဲ့သဘောလောက်ပဲ ရှိတယ်လို့ မခွန်ဂျာကပြောပါတယ်။ မြစ်ဆုံဒေသကို သွားရောက်ပြီး ဒေသခံတွေ ရဲ့ အခြေအနေ ဧရာဝတီ မြစ်ကြောင်းကိုလည်း သွားရောက်လေ့လာခဲ့ဖူးတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူမှုအဖွဲ့အစည်းက ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဋ္ဌေးကြွယ်ကလည်း အစားထိုးလို့မရတဲ့ ဧရာဝတီ ပျက်စီးမဲ့ မြစ်ဆုံစီမံကိန်းကို မလိုလားဘူးလို့ ဗွီအိုအေကိုပြောပါတယ်။

"ကျနော်တို့ဆိုလိုနေတာက တကယ့်ဗျာ Apply Value တင်မဟုတ်ပါဘူး။ ဒီမြစ်ဆုံ ဆိုတဲ့ဟာကာ ကချင်ပြည်နယ်အတွက်ကော ကျနော်တို့ပြည်ထောင်စု တစ်ခုလုံးအတွက်ကော ဒါဟာ Cultural Value ပါ။ ယဉ်ကျေးမှုရဲ့တန်ဖိုးပါ။ တကယ် ကျနော်တို့စိတ်ထဲမှာ ထားထားတဲ့ Fundamental Value ပါ။ အဲဒီ Fundamental Value တွေကျတော့ ကျနော်တို့ထားထားတဲ့ ကျနော်တို့ ရင်တွင်းမှာ ထားထားတဲ့ဟာကို ဘာနဲ့အစားထိုးလို့ရနိုင်သလဲ ဆိုတာကတော့ ထည့်ပြီးတော့ စဉ်းစားသင့်ပါတယ်"

ဒီဇင်ဘာလ ၂၆ ရက်နေ့တုန်းက တရုတ်နိုင်ငံ ရဲ့ ကုမ္ပဏီတစ်ခု ဖြစ်တဲ့ China Power Investment Corporation ဟာ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ် မှာ မြစ်ဆုံနဲ့ပတ်သက်တဲ့ လူမှုရေးတာဝန်ရှိမှု နဲ့ပတ်သက်တဲ့ အစီရင်ခံစာ တစ်စောင်ကို ထုတ်ပြန်ခဲ့တာပါ။ အဲဒီ့အစီရင်ခံစာမှာဆိုရင် ၂၀၁၀ ကနေ ၂၀၁၂ ထိ CPI က လုပ်ပေးထားတဲ့ လူမှုရေးလုပ်ငန်းတွေ ကို ဖော်ပြထားတာဖြစ်ပါတယ်။

လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရ အနေနဲ့ အခုလို စီမံကိန်းရပ်တန့်ထားပေမဲ့ အရင် အစိုးရလက်ထက်က စာချုပ်အပေါ်မှာတော့ လေးစား လိုက်နာသင့်တယ် လို့လည်း CPI ရဲ့ အုပ်ချုပ်မှု ဒါရိုက်တာကလည်းပြောခဲ့ပါတယ်။

ဒီဇင်ဘာလ ၂၆ ရက်နေ့ကလုပ်ခဲ့တဲ့ပွဲကို ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ အမျိုသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်က စီမံကိန်း လုပ်မယ်ဆိုရင် ဒေသခံတွေ ရဲ့ အကျိုးစီပွားကို အသေအချာ ဂရုစိုက်ဖို့ ကုမ္မဏီမှာ တာဝန်ရှိတယ်လို့လည်းပြောပါတယ်။

"ရေအားလျှပ်စစ်လုပ်တာ သက်သက်ကတော့ ဒါဟာ ပြသနာ မဟုတ်ဘူးလေ။ ဒါပေမဲ့လို့ အခုဟာက မြစ်ဆုံ စီမံကိန်းကျတော့ နိုင်ငံရေးပြဿနာ ပါဖြစ်လာပြီလေ။ နောက်ပြီးတော့ တိုင်းရင်းသားတွေရဲ့  ခံစားချက်တွေ ရှိလာတယ်။ အဲဒီတော့ အဲဒီဟာတွေကို ထည့်မတွက်ဘဲနဲ့ စီးပွါးရေးအမြင် သပ်သပ်ပေါ့ဗျာ Development Sector တစ်ခုတည်းနဲ့ကြည့်ပြီး လုပ်လို့မရတော့ဘူးလို့ ကျနော်ထင်ပါတယ်။"

ကချင်ပြည်နယ် ဧရာဝတီမြစ်အထက် မေခနဲ့ မလိခမြစ်ပေါ်မှာ ရေကာတာ ခုနစ်ခု တည်ဆောက်ဖို့ ၂၀၀၆ ခုနှစ်က စစ်အစိုးရနဲ့ China Power Investment Corporation တို့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ဖို့ နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့ကြတာပါ။

ဒါပေမဲ့ မြန်မာပြည်သူတွေက ဒီစီမံကိန်းကို ပြည်လုံးကျွတ် ကန့်ကွက် ဆန္ဒ ထုတ်ဖော်ကြတဲ့အတွက် သမ္မတ ဦးသိန်းစိန်က မြစ်ဆုံစီမံကိန်းကို သူ့အစိုးရ လက်ထက်မှာ ရပ်ဆိုင်းထားမယ်ဆိုပြီးတော့ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် အမိန့်ထုတ်ခဲ့တာပါ။

အခုလို မြစ်ဆုံ စီမံကိန်း ရပ်ဆိုင်းထားခံရတာဟာ အစောပိုင်း ကာလထဲက CPI အနေနဲ့ သဘာဝပတ်ဝန်းကျင် ဆန်းစစ်မှုတွေကို သေချာမလုပ်ခဲ့လို့ အခုလို စီမံကိန်းကို ရပ်တန့် ထားရတာလို့လည်း Eco-Dev အဖွဲ့က သဘာဝ ပတ်ဝန်းကျင် ပညာရှင် ဦးဝင်းမျိုးသူကပြောပါတယ်။

"ဒီ မြစ်ဆုံဆည် ရပ်တံ့သွားရတဲ့ အကြောင်းရင်းက သူတို့အနေနဲ့  ကုမ္ပဏီ အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကို စနစ်တကျမလုပ်ဘဲနဲ့ ဖြတ်ကျော် လုပ်တဲ့အတွက် သူတို့ ဒီဆိုးကျိုးကို ခံစားရတာပေါ့။ ဥပမာ  ပါတ်ဝန်းကျင်ရေးရာ ဆန်းစစ်ခြင်းတို့လုပ်ငန်းမျိုးတွေလုပ်ပြီးတော့မှ စီမံကိန်းကြီးကို အကောင်အထည်ဖော် သင့်တာပေါ့။ ပါတ်ဝန်းကျင်ရေးရာဆန်းစစ်မှုတွေ လုပ်တယ်ဆိုရင်  တွေ့ရှိချက်တွေကို လူထုကိုချပြ။ လူထုက ဘယ်လိုမြင်လဲပေါ့။ လူထုကအမြင်ပေါ်မူတည်ပြီးတော့မှ သူတို့က ဒီစီမံကိန်းကိုလုပ်သင့်တာလေ။ လူထုကကို မကြိုက်ဘူးဆိုရင်တော့ ဒီစီမံကိန်းက ရပ်သွားမှာပဲပေါ့"

မြစ်ဆုံစီမံကိန်းကို ရပ်တန့်ထားတဲ့ အတွက် CPI ကုမ္ပဏီအနေနဲ့  တစ်နှစ်ကို ဒေါ်လာ သန်း ငါးရာ နှစ်စဉ် ကုန်ကျနေပြီးတော့ လက်ရှိအချိန်မှာ စီမံကိန်း ရပ်ဆိုင်းထားချိန် ၂ နှစ် အတွင်း သန်း ၁ ထောင်ကျော် ဆုံးရှုံးနေတယ်လို့ CPI က တရားဝင်ပြောဆိုထားပါတယ်။
by:VOA
< >

မြန်မာ

အခြေခံဥပဒေပြင်ဆင်ရေး၊ ရွေးကောက်ပွဲနဲ့ NLD


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေနဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ၀င်မယ်လို့ ပြောရေးဆိုခွင့်ရှိသူတစ်ဦး က ပြောလိုက်တဲ့ တစ်နေ့ထဲမှာပဲ နောက် ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ ဒီကိစ္စကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့ ဗဟို ကော်မတီ အစည်းအဝေးတွေမှာ ဆုံးဖြတ်ချက်မချရသေးဘူးလို့ ပြောပါတယ်။ ဒါပေမဲ့လည်း အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ရွေးကောက်ပွဲဝင်ရေးကိစ္စကို ချိတ်ဆက်မထားတဲ့ သဘောမျိုးတော့ ပြောကြပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း လုပ်ခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒ သဘောထားရယူပွဲတွေမှာ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့တာတွေအပေါ် သတင်းဌာနတွေရဲ့ ရေးသား ဖော်ပြချက်တွေထဲမှာ ရွေးကောက်ပွဲကို NLD က သပိတ်မှောက်မယ် ဆိုတာမျိုး ရေးသားကြတာနဲ့ပတ်သက်ပြီး NLD ဘက်က ပြန်လည်ရှင်းလင်းခဲ့ပါ တယ်။

“တကယ်တန်းပြောလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲ မဝင်ဘူးလို့ ပြောတဲ့အဓိပ္ပာယ်မဟုတ်ဘူး။ ဒါပေမယ့်လို့ သဘောတရားအရ ဒီလိုအခြေအနေမျိုးကြီးဟာ ရွေးကောက်ပွဲဝင်စရာမရှိဘူး-ဒီလို အိုင်ဒီယာကို ပြောတာပါ။ မဝင်ဘူးလို့ ပြောတာမဟုတ်ဘူး။ ကျနော် ဒိထက်ပိုပြီးတိကျအောင် ပြောစေချင်ရင် ၂၀၁၅ ရွေးကောက်ပွဲ ဝင်ကိုဝင်မယ်။”

ဒီဇင်ဘာလ ၂၈ ရက် စနေနေ့က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တော်ဝင်နှင်းဆီ သီရိခန်းမမှာလုပ်ခဲ့တဲ့ NLD ရဲ့ ပထမအကြိမ် ဗဟိုကော်မတီ ဒုတိယအကြိမ် အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲအတွင်း ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောသွားတာပါ။ ဒီသတင်းစာရှင်းလင်းပွဲ အသံဖိုင်အပြည့်အစုံကို NLD သတင်းပြန်ကြားရေးဌာနက အီးမေး ကနေတစ်ဆင့် ပေးပို့တာကို ဗွီအိုအေက ရခဲ့တာဖြစ်ပါတယ်။

၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စကို NLD အပါအ၀င် နိုင်ငံရေးပါတီ အသီးသီးက အားစိုက် လုပ်ဆောင်နေကြပြီး သူတို့ ကောက်ယူစုဆောင်းထားတဲ့ သဘောထားတွေကို ဒီနှစ်ကုန်မှာ အခြေခံဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီဆီ ပေးပို့ ကြမှာဖြစ်ပါတယ်။ အခြေခံဥပဒေပြင်ဆင်ရေး၊ ရွေးကောက်ပွဲ ၀င်ရေးကိစ္စတွေနဲ့ ပတ်သက်ပြီး NLD ပြောရေးဆိုခွင့်ရှိသူ နောက်တစ်ဦးဖြစ်တဲ့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ ပုသိမ်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ကို ဗွီအိုအေက ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

“ကျနော်တို့ အဖွဲ့ချုပ်အနေနဲ့က ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ပေးရင် မဝင်ဘူး လို့ ပြောတာ မဟုတ်ပါဘူး။ မပြင်ပေးဘဲနဲ့ တဘက်က တဘက်စောင်းနင်းလုပ်ထားပြီးတော့မှ တန်းတူညီမျှ တဲ့အခွင့်အရေးမပေးဘဲနဲ့ ၀င်တဲ့ပုဂ္ဂိုလ်တွေကသာ သိက္ခာပိုင်းအရ ဒီလို မပြင်ပေး ရင် မ၀င်သင့်ဘူးလို့ ပြောတာပါ။”

မေး။ ။ ဟုတ်ကဲ့။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေကို ပြင်သည်ဖြစ်စေ၊ မပြင်သည်ဖြစ်စေ ရွေးကောက်ပွဲဝင်မယ်လို့ ပြောပါသလားခင်ဗျာ။

“အဲဒီလိုတော့ ကျနော်တို့ ပြောခဲ့တာ မရှိပါဘူးဗျ။ အဲဒီလို ပြောခဲ့တာကတော့ အခုထိ ကျနော်တို့ဥက္ကဋ္ဌ ဘယ်မှာမှ ပြောတာ မရှိသေးပါဘူး။ ဒါပေမယ့် နိုင်ငံရေးတံခါးပိတ်ဝါဒ မကျင့်သုံးဘူးလို့ ပြောခဲ့တာတော့ ရှိပါတယ်။”

မေး။ ။ ဟုတ်ကဲ့၊ ဆရာတို့အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲကို ဝင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက် အခိုင်အမာ ချထားပြီးပါပြီလား ခင်ဗျာ။

“အဲဒီလိုလည်း ကျနော်တို့က CEC အစည်းအဝေးတို့ CC အစည်းအဝေးတို့မှာ အဲဒီလို ဆုံးဖြတ်ထားတာတော့ မရှိဘူး။”

မေး။ ။ ပြီးခဲ့တဲ့ ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ဆရာဦးဉာဏ်ဝင်းက ၂၀၁၅ ရွေးကောက်ပွဲကို ဝင်မယ်လို့ ပြောသွားတာ ကျနော် ကြားလိုက်ရပါတယ်။ ဆရာကရော ဘယ်လို ပြောချင်ပါသလဲ။

“ဦးဉာဏ်ဝင်းက ပြောရေးဆိုခွင့်ရှိသူအနေနဲ့ ပြောတာပါဗျ။ ကျနော်ပြောတာက တန့က CEC အစည်းအဝေးနဲ့ ဒီနေ့ CC အစည်းအဝေးမှာတော့ ဒီဆုံးဖြတ်ချက် မပါဘူးလို့ ပြောတာပါ။”

မေး။ ။ ဟုတ်ကဲ့၊ ဒါဆိုရင် ဆရာ့အနေနဲ့ အခု ကျနော်နဲ့ပြောနေတဲ့အချိန်မှာ ၂၀၁၅ ရွေးကောက်ပွဲကို ဝင်မယ်၊ မဝင်ဘူးဆိုတာ ယတိပြတ် မပြောနိုင်သေးဘူးဆိုတဲ့ အဓိပ္ပါယ်လားခင်ဗျာ။

“ယတိပြတ်မပြောနိုင်သေးဘူးလို့ ကျနော် ပြောတာတော့မဟုတ်ပါဘူး။ ကျနော်ပြောတာက ကျနော်တို့ခေါင်းဆောင်က နိုင်ငံရေးတံခါးပိတ်ဝါဒ မကျင့်သုံးဘူးဘဲ ပြောထားတာ။ ဒီပြောတဲ့စကားတွေကိုပဲ ကျနော်ပြောထားတာပဲရှိတယ်။ နောက် အဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ကျနော်တို့အားလုံး လိုက်နာကြမှာပါ။”

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ NLD ရဲ့ အကြံပြုစာတမ်းကို ပူးပေါင်းကော်မတီထံ တနင်္ဂနွေနေ့မှာ တင်သွင်းမှာဖြစ်ပြီး အခြေခံဥပဒေမှာပြင်ဆင်ရမယ့် အချက်ပေါင်း ၁၆၈ ချက်ကို NLD ကအကြံပြုထားတယ်လို့လည်း ဦးဝင်းမြင့်က ပြောပါတယ်။

“အခြေခံမူမှာ (၉) ချက်။ နောက်တခါ အခန်း (၃) မှာ နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတ အခန်းမှာ (၂၃) ချက်၊ အခန်း (၄) ဥပဒေပြုရေးက (၁၈) ချက်၊ အခန်း (၅) ၊ အုပ်ချုပ်ရေးက (၅၄) ချက်၊ အခန်း (၆) တရားစီရင်ရေးက (၃၂) ချက်၊ အခန်း (၇) တပ်မတော်ကဏ္ဍက (၂) ချက်၊ အခန်း (၈) နိုင်ငံသားများ၏ မူလအခွင့်အရေးနဲ့ တာဝန်များမှာ (၃) ချက်၊ အခန်း (၉) ရွေးကောက် တင်မြှောက်ခြင်းက (၁၀) ချက်။ အခန်း (၁၀) နိုင်ငံရေးပါတီများအခန်းက (၃) ချက်၊ အခန်း (၁၁) အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များက (၄) ချက်၊ အခန်း (၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးက (၂) ချက်၊ အခန်း (၁၃) နိုင်ငံတော်အလံ အထိမ်းအမှတ် တံဆိပ်၊ သီချင်းနှင့် မြို့တော်က (၁) ချက်၊ အခန်း (၁၄) ကူးပြောင်းရေးကာလ ပြဌာန်းချက်များက (၆) ချက်၊ အခန်း (၁၅) အထွေထွေ ပြဌာန်းချက်က (၁) ချက် စုစုပေါင်း (၁၆၈) ချက်ပါဗျ။”

သူတို့အကြံပြုထားတဲ့ အချက်ပေါင်း ၁၆၈ ချက်ထဲက ရာခိုင်နှုန်း ဘယ်လောက်ထိ အောင်အောင်မြင်မြင် ပြင်ဆင်နိုင်မယ် ဆိုတာကို NLD အနေနဲ့ ခန့်မှန်း ထားတာမျိုး မရှိဘဲ တစ်ဘက်မှာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကို လိုချင်တဲ့လူ ရာခိုင်နှုန်း ဘယ်လောက် ရှိသလဲဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ်လို့ ဦးဝင်းမြင့်က ပြောပါတယ်။

အခြေခံဥပဒေပြင်ဆင်ရေးကိစ္စအတွက် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဖို့ NLD ဘက်က ပန်ကြားထားတဲ့အပေါ်မှာတော့ အခုထိ တရားဝင် အကြောင်းပြန်ကြား တာမျိုး မရှိသေးပေမဲ့ သူတို့ ဘက်က ဆက်ကြိုးစားသွားမယ်လို့ ဦးဝင်းမြင့် က ပြောပါတယ်။ ဒါ့အပြင် ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်မှု ရှိကောင်း ရှိမှာဖြစ်ပေမဲ့ တရားမျှတမှုအတွက်တော့ သံသယရှိတယ်လို့ သတင်းစာ ရှင်းလင်းပွဲအတွင်း ဦးဉာဏ်ဝင်းက ပြောခဲ့ပါတယ်။
< >

ထင်ရှားမှတ်သား ၂ဝ၁၃ သမိုင်း စကားများ


ထင်ရှားမှတ်သား ၂ဝ၁၃ သမိုင်း စကားများ
၂ဝ၁၃ မကြာမီ ကုန်ဆုံးတော့မည်။ ၂ဝ၁၃ အတွင်း နာမည်ကျော် ပုဂ္ဂိုလ်များ၏ ထင်ရှား မှတ်သားစကား များကို လေထဲပျောက်ပျက် မသွားစေရန် စုစည်း တင်ဆက် လိုက်ပါ သည်။
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်
”ကျွန်မ သမ္မတ မဖြစ်ချင်ဘူး လို့ ဟန်ဆောင် လိုက်ရင် ကျွန်မ မရိုးသားရာ ကျမှာပေါ့။ အဲဒီအစား ကျွန်မ ပြည်သူတွေ အပေါ် ရိုးရိုးသားသား ပြောပါတယ်” ဟု နေပြည်တော် တွင် ဇန်နဝါရီ ၃ဝ ရက်က ကျင်းပသော ကမ္ဘာ့ စီးပွားရေး ဖိုရမ်၏ စကားဝိုင်း၌ အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ၂ဝ၁၅ ခုနှစ် သမ္မတ ရာထူးနှင့်ပတ်သက်၍ ပြောသည်။
 
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
”တပ်မတော်သည် တိုင်းရင်းသား လူမျိုး အားလုံး ပါဝင် ဖွဲ့စည်းထားသည့် ပြည်ထောင်စု တပ်မတော်” ဖြစ်ကြောင်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ပြောကြားချက် ကို ဒီဇင်ဘာ ၃ ရက် နေ့ ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
< >

MWRN 18 12 2013 ချီတက်ပွဲ

< >

အခွင့်အရေးတောင်းဆို

18/12/2013 ရက်နေ့နံနက် ၉ နာရီမှစ၍ အလုပ်သမားများစတင် ချီတက်ခဲ့ကြတာပါ နေပူကြဲကြဲ ထဲမှာ
နေပူမှန်းမသိအောင် ချီတက်ခဲ့တာပါ အလုပ်သမားအခွင့်အရေးကို အလုပ်သမားက တောင်းဆိုလို့ပဲ 
ရပါတယ် ဒါကြောင့် မဟာချိုင်အလုပ်သမားများသာည် အလုပ်သမားအခွင့်အရေး ပြည့်အဝ ရရန်တောင်းဆိုခဲ့ကြတာပါ ဝမ်းသာစရာကတော့ ကျွန်တော်တို့တောင်းဆိုခဲ့သော အချက်များအား တိုင်းမှူးက လက်ခံလိုက်တာဖြစ်တာပါ ကျွန်တော်တို့ကို သူတို့က ဘာအန္တရာယ်မှ မပြုကြပါဘူး
တချို့အလုပ်သမားတွေက ကြောက်ကြပါတယ် ကျွန်တော်တို့တွေဟာ ဥပဒေ ဘောင်ထဲက တောင်းဆို
တာဖြစ်တဲ့အတွက် ဘာမှကြောက်စရာမလိုပါဘူး ကျွန်တော့် ခံယူချက်က အလုပ်သမားတွေ အတွက်
တောင်းဆိုလို့သေရမယ်ဆိုရင် သေပျော်ပါတယ်

Add caption
 





 






< >

ချီတက်ပွဲ

နိုင်ငံတကာရွှေ့ပြောင်းအလုပ်သမားနေ့ ချီတက်ပွဲအစီအစဉ်

ရက်စွဲ ။   ။ 18 ဒီဇင်ဘာ 2013
              ဗုဒ္ဓဟူးနေ့။

08:30 ။   ။ MWRN ရုံး၊ ဝေလ ( 9 ) လမ်း၌လူစုမည်။
                93/260၊ စေထကစ်လမ်း 1၊ အစု 7၊ ထာ့စိုင်းနယ်မြေ၊ မဟာချိုင်မြို့၊ စမွတ်ဆာခွန်ခရိုင်။
09:00 ။   ။ MWRN ရုံး မှ ပြည်နယ်မှူး ရုံးအထိချီတက်လမ်းလျှောက်မည်။
11:00 ။   ။ ထိုင်းအလုပ်သမားသမဂ္ဂခေါင်းဆောင်၊ မြန်မာအလုပ်သမား အကျိုးပြုကိုယ်စားလှယ်များမှ
                အလုပ်သမားရေးရာများဟောပြောမည်။
12:00 ။   ။ ခရိုင်မှူးထံသို့တောင်းဆိုချက်များ တင်သွင်းမည်။ ထို့နောက်ရွှေ့ပြောင်းအလုပ်သမားများမှ
                ရိုးရာ ယဉ်ကျေးမှုအကများဖြင့်ဖျော်ဖြေတင်ဆက်မည်။
မှတ်ချက်။  ။ ဤအစီအစဉ်သည် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ စမွတ်ဆာခွန်ခရိုင်တွင် ပထမဦးဆုံး
                ကျင်းပနိုင်သော နိုင်ငံတကာအသိ အမှတ်ပြုပွဲဖြစ်ပါသဖြင့် အလုပ်သမားအနေဖြင့် ပါင်ဆင်နွဲ
                 ကြပါရန်အသိပေးနိုးဆော်အပ်ပါသည်။
< >

ရွှေ့ပြောင်းအလုပ်တမားတစ်ယာက်ရဲ့ခံစားချက်

 " ရွှေ့ပြောင်းအလုပ်တမားတစ်ယာက်ရဲ့ခံစားချက်"
 ရွှေမြန်မာတွေအားလုံးမင်္ဂလာပါ မိုးမျှော် ဘဝရဲ့ဖြတ်တန်းမှုလေးတွေကို မိုးမျှော် ပြောပြပါ့မယ် ခင်ဗျာ
မိုးမျှော်သည် အသက်ငယ်ငယ်နဲ့ ထိုင်းရောက်နေသူတယောက်ပါ မိုးမျှော်သည် အသက်ငယ်အားဖြင့် 
၁၃နှစ်၁၄နှစ်က နေထိုင်းရောက်နေတာ ကျွန်တော်ရောက်နေ ချိန်ကတော့ အပန်းရောင်ဘတ် ကိုသာ ကိုင်တွယ်ခဲ့ရတာ အခုအချိန်မှာ တော့ ပတ်စ်ပို့စ် ရထားပြီးပါပြီ မိုးမျှော် တို့သည် အခုချိန်၌ အရမ်းဝမ်းသာ ကတော့ ထိုင်းရောက်မြန်မာပြည်သားတွေကို တရားဝင် ကွန်ပျုတာတွေ အင်တာနက်တွေ ကိုဆောင်ခွင့် 
ပေးတာတွေ အရမ်းပဲ ကောင်းပါတယ် တချိန်က လည်းစိတ်မကောင်း စရာ အခုလည်း စိတ်မကောင်းတစရာလး တခုကို ကျွန်တော်ရင်ဖွင့် ပါရစေ အဲဒါတွေ ကတော့ ထိုင်းရောက်နေတဲ့ မြန်မာ
ပြည်သားတိုင်းခံစားနေရတဲ့အရာ လေးပါခင်ဗျာ ကျွန်တော်တို့ပထမ ခံစားရတာလေးကတော့ ထိုင်းရဲ 
ပါသူတို့က အရမ်းညစ်ပတ်တာ တခြားနယ်တွေကိုတော့ မိုးမျှော် မသိပေမယ့် မိုးမျှော် နေတဲ့ မဟာချိုင် 
လေးမှာတော့မိုးမျှော် ကိုတိုင်ကြုံနေရလို့ပါ သူတို့တွေက ဘယ်လောက် ညစ်ပတ်တယ်ဆိုတာ အများကြီး ရှိပါတယ် ဒါပေမယ့်မိုးမျှော် တို့အရမ်း ခံစားနေရတဲ့အရာလေးတွေကို ပဲပြောမှာပါခင်ဗျာ ထိုင်းရဲတွေက 
မြန်မာပြည်သား မှန်းသိရင် အရမ်းဆိုးတာပဲ ကားပေါ်က ဆင်းလာတာနဲ့ ပတ်စ်ပို့ ပတ်စ်ပို့ ဆိုပြီး အကုန် လုံးစမ်းတော့တာ ပတ်စ်ပို့ထုတ်ပြဆိုလို့ထုတ်ပြလိုက်သောလည်း ဖမ်းချင်ရင်ဖမ်းသွားတာပဲ အဲလိုဖမ်း သွားရင်သူတို့က မြန်မာစကားပြန်တယောက်ပေးထား ပြီးမြန်မာစကားပြန်ကလည်း ကို့မြန်မာပြည်သား
တွေကို မကူညီပါဘူး ထိုင်းရဲတွေကသူ့ကို ပေးထားလို့လေ ပြီးတော့ အခွင့်မရှိပဲ အခန်းထဲသို့ ဝင်ရောက် 
စစ်ဆေးတာမျိုးတွေပါ စစ်ဆေးတာ သူတို့ အလုပ်ဆိုတာ လူတိုင်းသိပါတယ် ဒါပေမယ့်သူတို့က 
တရားလွန်လွန်းတယ်ဗျာ အခန်းထဲ ဝင်တာနဲ့ ဖိနပ်မချွတ်ဘူး မိန်းကလေးတယောက်ထဲ ရှိရင် အားဓမ္မ 
ပြုကျင့်တာတွေလည်းရှိတယ် ပြီးတော့ မြင်းဆေးစစ်တာတွေ လည်းရှိတယ် သူတို့ စစ်တာတွေ ထဲ မှာ 
သူတို့ လက်တွေ မှာ မြင်းဆေးတွေ ထည့်ထားတတ်တယ် ကျွန်တော့်သူငယ်ချင်းတယောက် ဆိုရင် ဘတ်ငွေ ၃ သောင်းလောက် နဲ့ ရွေးရတာ ပြောပြမယ်ဆိုရင် အများကြီးပါပဲ ဒါပေမယ့်စာတွေ အရမ်း  
ရှည်နေမှာ ဆိုလို့ နောက်ထပ်ပြောပြချင်တာက ပွဲစားတွေအကြောင်းပါ ပွဲစားတွေ ကလည်း မြန်မာလူ မျိုးတွေပါပဲ မြန်မာလူမျိုးအချင်းချင်းပြောရတာ စိတ်မကောင်းပါဘူး ဒါပေမယ့် မပြောပြရင် ရွှေမြန်မာ 
တွေ မသိပဲနေမှာ ဆိုးလို့ ပြောမှာပါ အခုအချိန်မျိုးဆိုရင် သူတို့ အကွက်ရောက်နေပြီပေါ့ သူတို့ တွေ
ကမသိမနားလည်သော သူတွေဆိုရင်အရမ်းတောင်း တော့တာပဲ ကျွန်တော်ဆိုရင်အရင်က ရက်၉၀ 
တုံးထုတာ ၁၀၀ ပေးရတယ် အမှန်တော့ တုံးထုတာ ၅၀ ပဲပေးရတာပါ သူတို့တွေ ကြားထဲက ၅၀ ကြီးများတောင် စားထားတယ် အဲဒီ ၅၀ ရဖို့အတွက် ကျွန်တော်တို့ ရွှေ့ပြောင်းအလုပ်သမားတွေ 
၁ နာရီသိသိ မတ်တပ်ရပ်ပြီး အလုပ်လုပ်ရတာကို သူတို့သိပါတယ် သူတို့တွေဟာ ပညာမမယ့်ပါဘူး
သူတို့တွေကပညာတတ်တွေ ဖြစ်တော့ ပညာမတတ်တဲ့ ဘာမှနားမလည် တဲ့ရွှေ့ပြောင်းအလုပ်သမား
တွေရဲ့လစာတွေကို နှိက်ယူနေတာလေ ရွှေ့ပြောင်းအလုပ်တွေမှာ ဘယ်လောက် သနားဖို့ကောင်းလဲ
ရွှေ့ပြောင်းအလုပ်သမားတွေ ကိုမြန်မာအစိုးရကလည်း၊ ထိုင်းအစိုးရနှင့် ပွဲစားတွေ က နှိက် ထုတ်နေတော့
ကျွန်တော်တို့ အလုပ်သမားတွေ ဘယ်လို တိုးတက်တော့မှာလဲ ခင်ဗျာ ကို့နိုင်ငံမှာ အဆင်မပြေလို့ သူများ 
နိုင်ငံအလုပ်သွားလုပ်နေရတဲ့ အလုပ်သမားတွေ ကို အဲလို အမြတ်ထုတ်တော့ ရွှေ့ပြောင်းအလုပ်သမား
ဘဝတွေက ဘယ်လိုလုပ် ဝတ်ကျွက်တော့မှာလဲ ရွှေ့ပြောင်းအလုပ်သမား တွေဆိုတာ အမြဲတမ်း 
အနှိမ်ခံနေရတဲ့ အလုပ်သမားတွေ ပါ မိုးမျှော်ဆိုရင် အခုမှ နှစ်တွေကြာနေလို့ နဲနဲသက်သာ လာတာပါ
ကျွန်တော် ပြောချင်ပါသေးတယ်ဒါပေမယ့် စာတွေ ရှည် နေပြီဆိုတော့ နိဂုန်းချုပ်ပါတယ်
နောက်ထပ်ရေးအုံးမှာပါခင်ဗျာ အားလုံးကိုကျေးဇူးတင်လျှက် ရွှေ့မြန်မာပြည်က ရွှေမြန်မာလေး  မိုးမျှော်
< >

MWRN မှတ်တမ်းများ

ထိုင်းနိုင်ငံ စမွန်ပါကန်ခရိုင် ဘန်ဖီမြို့နယ်ရှိ မြန်မာအလုပ်သမားများအား  အလုပ်သမားအခွင့်ရေးဆိုင်ရာများကို ထိုင်ဘုရင်မွေးနေ့ MWRN အဖွဲ့မှ ရှင်လင်းဟောပြောမှုမှတ်တမ်းများ


< >

MWRN မှတ်တမ်းများ


(5.12.2013) ထိုင်းဘုရင်မွေးနေ့

နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သည့် ထိုင်းဘုရင်မင်းမြတ်ကြီး၏ မွေးနေ့ပွဲတွင် ထိုင်းလူမျိုးများနှင့်အတူ မြန်မာရွှေ့ပြောင်းအလုပ်သမားများဖြစ်ကြသော မွန်/ဗမာ အစရှိသော မြန်မာတိုင်းရင်သားများကလည်း မိမိတို့၏ရိုးရာအကများဖြင့်ဖျော်ဖြေ ခဲ့ကြပါတယ်။
အထူးသဖြင့် MWRN မှဦးဆောင်ဖွင့်လှစ်ထားသော MCDC ကျောင်းမှ ကလေးများကလည်း မြန်မာရိုးရာ သင်္ကြန်အကဖြင့် ဖျော်ဖြေခဲ့ကြပါတယ်။
< >

ဗိုလ်အောင်ဆန်း

လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်စဉ်ထဲက
ပညာရေးအပေါ် (မြင့်မားစွာ) သိမြင် ဆင်ခြင် သုံးသပ်ပုံ

ပညာဆိုသည်မှာ စာအုပ် စာတမ်းဖတ်၍ စာသိမှုကို ပညာဟု မဆိုပေ။ ပညာသည်

“အတိုင်းအဆ” မထင်။ အလွန် ကျယ်ပြော နက်နဲလှပေသည်။ ကမ္ဘာရှိ စာအုပ်အားလုံး

ပင်လျှင် ပညာအားလုံးကို လောကပြင်ကျယ် တည်းဟူသော ကျောင်းကြီး၌ ကျွန်ုပ်
တို့သည် ပုခက်တွင်းထဲမှသည် မြေကြီးထဲသို့ ရောက်သည်အထိ ပညာသင်သားများ
ဖြစ်နေကြစေသည်။

ထို့ကြောင့် ပညာသင်ကြားခြင်းသည် အမှန်စင်စစ်အားဖြင့် လူ၏ တသက်ပန်တွင်

ကုန်ဆုံးသည်ဟု မဆိုနိုင်ပေ။ ပညာတတ်သူသည် လောကရှိ အရာရာကို အခွင့်အလမ်း

အလိုက် ဆင်ခြင်သုံးသပ်နိုင်စွမ်းသော ဉာဏ်ပညာကိုလည်းကောင်း၊ မိမိဉာဏ်အမြင်

အရ စိတ်နေစိတ်ထား စိတ်ဓာတ်တို့ကိုလည်းကောင်း၊ (Emotion Of The Education)

ပြုပြင် ပြုစုစီမံ ထားခဲ့သူသာလျှင်ဖြစ်သည်။ ဘီ-အေပင် အောင်စေကာမူ၊ ပါရဂူဘွဲ့ကြီးပင်

ရစေကာမူ၊ ပထမကျော်ကြီးပင် ဖြစ်စေကာမူ၊ အသက်အရွယ် မည်မျှပင် ကြီးရင့်စေကာမူ

ပညာဆိုသော သဘာဝအဓိပ္ပာယ်ကို ကောင်းစွာ သုံးသပ် နားလည်ခြင်း မရှိခဲ့သော်

တကယ် အရာမရောက်၊ အသုံးမဝင်နိုင်ပေ။ ပညာသည် စာအုပ်ထဲ၌သာ ရှိသည်

မဟုတ်။ စာအုပ်များထက် ကျော်၍ မြင်စွမ်းနိုင်ခြင်းကို ဆောင်နိုင်ရပေမည်။

ပညာသည် လူ၏ ဉာဏ်ကိုသာ ပြုပြင် တိုးချဲ့ရုံသာ မဟုတ်။ လူ၏ စိတ်နေစိတ်ထား

အယူအဆများကိုလည်း တိုးတက်စေရမည်။ လူ၏ ဆန္ဒအား၊ လုပ်အားကို နူးညွတ်

စေရမည်။ ရာဇဝင် သိရုံသာ မဟုတ်။ ရာဇဝင်ကို ဖန်တီးနိုင်ရမည်။ လောကဓာတ်

ပညာကို သိရုံသာ မဟုတ်။ လောကဓာတ်ပညာကို တိုးချဲ့နိုင်စေရမည်။


ပထမ ပညာကို သိရုံသာ မဟုတ်။ မြေသစ်၊ ရေသစ် တောတောင်တို့ကို ရှာဖွေ စုံစမ်းနိုင် စွမ်းစေရမည်။ လောက အကြောင်းကို နားလည်စေရုံသာ မဟုတ်။ သည်ထက်ကောင်း

သော လောကကို ဖန်ဆင်းနိုင်စေရမည်။
ဤကား ပညာ၏ သရုပ် အကျဉ်းမျှပင်တည်း။

ပညာသည် ကာလ၊ ဒေသ၊ ပယောဂနှင့် ယှဉ်ရမည်။ လောက၌ လက်တွေ့ အသုံးလည်း

ကျရမည့် ပညာတွင် သညာလည်း ပါသည်။ ဉာဏ်နှင့်လည်း ယှဉ်ရမည်။ ဉာဏ်ချည်းသာ

တိုးတက်၍ “သညာ”မရှိပါမူလည်း ဤမျှ ပိုမိုဆန်းကြယ် အပြောကျယ်လှသော ခေတ်သစ်
အကြောင်းကို နားမလည်နိုင်ပေ။ လောကဓာတ် ပညာကို မတတ်မသိပဲ လောကဓာတ်
ပညာဉာဏ်ကိုသာ ရလျှင် လောကဓာတ်ပညာ၏ တန်ဖိုးကို တင်းပြည့် မသုံးနိုင်ပေ။


တိုင်းပြည်အခြေအနေ ပြဿနာ၊ ခေတ်အခြေအနေနှင့် မယှဉ်ပါမူ တိုင်းပြည်ထောင်ခြင်း၊

ခေတ်ပြင်ခြင်း မပြုနိုင်ပေ။ မွေးကတည်းက သေသည်အထိ အယူဝါဒ အပြောင်းအလဲ

မရှိသူသည် ပညာတတ်သည်ဟု မဆိုနိုင်ပေ။
လူတယောက်၏ သက်တမ်းတွင် ဘဝ ပထမက သိမြင်လာသော စိတ်နေစိတ်ထား
ဝါဒတို့သည် အမှန်ချည်း မဟုတ်။ ပြုပြင် ပြောင်းလဲရမည်သာတည်း။

ယနေ့ အယူအဆနှင့် မနက်ဖြန် အယူအဆတို့မှာ တူချင်မှ တူပေမည်။ အမှန်ကား
လူတဦး၏ တဘဝတွင် အကျွန်ုပ်တို့သည် အယူဝါဒ ပြောင်းလဲခြင်းများကို တွေ့သော
အခါ ထိုလူသည် သမာဓိ မတည်၊ ရှေ့နောက်မညီဟု ထင်မှတ် မှားလေသည်။
သမာဓိ မတည်ခြင်းမှာ ကိုယ်ကျင့်တရား ဖောက်လွဲဖောက်ပြန် ဖြစ်ခြင်းပင်တည်း။
ဝါဒပြောင်းလဲမှုမှာ ဉာဏ်အမြင်၏ ပြောင်းလဲမှုကြောင့်ဖြစ်သည်။
သမာဓိ မတည်ခြင်းမဟုတ်ပေ။ တနည်း တိုးတက်ခြင်းပေတည်း။


(ဗိုလ်ချုပ် ကိုယ်တိုင်ရေး မှတ်တမ်းမှ နုတ်ထုတ်သည်။)


< >

MWRN တောင်းဆို

ထိုင်းနှင့် မြန်မာအစိုးရတို့ မြန်မာရွှေ့ပြောင်း အလုပ်သမားတို့အတွက် တိကျသည့် မူဝါဒ ထုတ်ပေးရန် MWRNတောင်းဆို


ထိုင်းနိုင်ငံတွင် ထိုင်ထိုင်ခွင့် ဗီဇာသက်တမ်း လေးနှစ်ပြည့်ပြီးသော ရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်၍ ထိုင်းနှင့် မြန်မာအစိုးရတို့အား တိကျသော မူဝါဒ ထုတ်ပြန်ပေးရန် ...

ထိုင်းနိုင်ငံတွင် ထိုင်ထိုင်ခွင့် ဗီဇာသက်တမ်း လေးနှစ်ပြည့်ပြီးသော ရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်၍ ထိုင်းနှင့် မြန်မာအစိုးရတို့အား တိကျသော မူဝါဒ ထုတ်ပြန်ပေးရန် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက် MWRN က တောင်းဆိုလိုက်သည်။

၂၀၀၃ ခုနှစ် ဇွန်လ ၁၅ ရက်နေ့က ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ အစိုးရတို့၏ နားလည်မှုစာချွန်လွှာအရ မြန်မာအလုပ်သမား
တို့သည် ဗီဇာ သက်တမ်း လေးနှစ် ကုန်ဆုံးသွားလျှင် မူရင်းနိုင်ငံသို့ သုံးနှစ် ပြန်လည်နေထိုင်ပြီးနောက် ထိုင်းနိုင်ငံသို့
ပြန်လည် ဝင်ရောက်နိုင်သည့် ဥပဒေနှင့် ပတ်သက်၍ အမြန်ဆုံးကြေငြာပေးရန် MWRN က သြဂုတ်လ ၁၆ ရက်တွင် MWRN က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

“လေးနှစ် ဗီဇာကုန်သွားတဲ့လူတွေက ဗီဇာ ဘယ်လောက်ပေးမယ်ဆိုတာ မထုတ်ပြန်ထားတဲ့အတွက် ဒီအလုပ်သမား
တချို့ ပွဲစားတွေက ဗီဇာကုန်သွားတဲ့ စာအုပ်အသစ်ပြန်လုပ်မယ်ဆိုပြီးတော့ ငွေပေးပြီး ပြန်လုပ်နေတာ တွေ့နေရတယ်။ အဲဒါတွေက ဘာတွေ နစ်နာသွားလဲဆိုတော့ လေးနှစ်လုံးလုံး ထိုင်းအစိုးရ သတ်မှတ်ထားတဲ့ ဥပဒေအတိုင်း လုပ်အားခ
ကနေ ငါးရာခိုင်နှုန်းကို ဖြတ်တောက်ထားတာ။ ကျန်းမာရေးနဲ့ပတ်သက်လို့ အခမဲ့ ဆေးဝါးကုသခွင့်တွေ ခံစားခွင့်ရတာ။ အခု စာအုပ်သက်တမ်းမတိုးဘဲ အသစ်ပြန်လုပ်လိုက်တဲ့အခါမှာ ခံစားခွင့်တွေ အားလုံး ပျက်ပယ်သွားတယ်” ဟု မဇ္စျိမကို ပြောသည်။

၂၀၀၉ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့က နိုင်ငံသားစိစစ်မှု လုပ်ခဲ့သော် အလုပ်သမားများနှင့် အခြားထောင်ပေါင်းများစွာ
သော အလုပ်သမားများလည်း ဗီဇာ လေးနှစ်ကုန်တော့မည်ဖြစ်သည်။ ထိုဥပဒေအရ မြန်မာအစိုးရက ထိုင်းနိုင်ငံတွင်
နေထိုင်ခွင့် ခြောက်နှစ် သက်တမ်းပေးထားပြီး ထိုင်းအစိုးရက နှစ်နှစ်လျှင် တကြိမ် သက်တမ်း တကြိမ် သက်တမ်း
တိုးခွင့်ပေးထားခြင်း ဖြစ်သည်။

“အဲဒီ သုံးနှစ်ပြန်လည် နေထိုင်ပြီးမှ ပြန်ဝင်ရောက်ခွင့် ပြုမယ်ဆိုတာကို မသင့်လျော်တဲ့အကြောင်း ကက်ပိနက်အစိုးရ
ဆွေးနွေးတိုင်ပင်ပြီး အဲဒီဥပဒေကို ပြန်ရုပ်သိမ်းလိုက်တယ်။ ဒါပေမဲ့ နောက်ထုတ်ပြန်တဲ့ ဥပဒေက မည်သို့ မည်ပုံဆိုတာ ရှင်းလင်းပြတ်သားစွာ မထုတ်ပြန်တဲ့အတွက် အခုအချိန်မှာ အလုပ်သမားတွေဟာ တချို့ ဇူလိုင်၊ သြဂုတ်မှာ ဗီဇာ
သက်တမ်း ကုန်သွားတဲ့ အလုပ်သမားတွေ ရှိနေတယ်”ဟု ဦးအောင်ကျော်က ဆက်ပြောသည်။

ထိုင်းနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒသည် အခက်အခက်များ ကြုံတွေ့နေရပြီး တချို့ အလုပ်သမားများမှာ ပွဲစားများ
နှင့် အလုပ်သမား ယာယီပတ်စ်ပို့ အသစ်ပြန်လည် လုပ်ခြင်း၊ တချို့အလုပ်သမားများမှာ သက်တမ်းကုန်သွားသည့်
အတွက် မိမိနိုင်ငံသို့ ပြန်သွားသည့်သူများလည်း ရှိနေသည်ဟု ဆိုသည်။

လာမည့် ၂၀ ရက်နေ့မှာ မြန်မာအလုပ်သမားရေးရာဆောင်ရွက်သည့် အဖွဲ့အစည်းများနှင့် ထိုင်းအလုပ်သမားသမဂ္ဂအဖွဲ့
တို့ စည်းဝေးညှိနှိုင်းပြီးနောက် ယင်းဥပဒေများနှင့် ပတ်သက်၍ ရှင်းလင်းပြတ်သားသည့် ဥပဒေ ထုတ်ပြန်ပေးရန်နှင့်
ရွှေ့ပြောင်းအလုပ်သမားများ ၄ နှစ်ကြာ လုပ်အားခ၏ ၅ ရာခိုင်နှုန်း သွင်းလာခဲ့သော နစ်နစ်မှုများကိုလည်း ပြန်လည် ထည့်သွင်းစဉ်းစားပေးရန် ထိုင်းအစိုးရထံ တောင်းဆိုသွားမည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။

ထိုင်နိုင်ငံတွင် လာရောက်လုပ်ကိုင်နေသော မည်သည့် နိုင်ငံသားမဆို ထိုင်းနိုင်ငံ၏ အကျိုးစီးပွားကို အထောက်အကူပြု လုပ်ကိုင်ပေးနေသည့် အလုပ်သမားများဖြစ်၍ အလုပ်သမားအရေး စဉ်းစားဆောက်ရွက်သည့်အချိန် ထိရောက်စွာ
ဆောင်ရွက်ပေးရန် တိုက်တွန်းလိုက်သည်။

ထို့ပြင် လုပ်ငန်းကျွမ်းကျင်ပြီးသော အလုပ်သမားကို လက်လွှတ်မခံလိုသော အလုပ်ရှင်နှင့် ထိုင်းနိုင်ငံတွင် ဆက်လက် လုပ်ကိုင်ပြီး မိသားစုကို ပြန်လည်ထောက်ပံ့ပေးလိုသော ရွှေ့ပြောင်းအလုပ်သမားတို့အတွက် လက်တွေ့မကျသော မူဝါဒလမ်းစဉ်ဖြစ်နေပြီး မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများအရလည်း ထိုရွှေ့ပြောင်း အလုပ်သမားများကို ပြန်လည်လက်ခံရန် အဆင်သင့်မဖြစ်သေးကြောင်း ၄င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား
သည်။

MWRNနှင့် လူ့အခွင့်အရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖေါင်ဒေးရှင်းတို့က ထိုရွှေကပြောင်းအလုပ်သမားများအတွက် တိကျသော မူဝါဒနှင့် ရှေ့ဆက် လုပ်ငန်းစဉ်များကို ကြေငြာပေးရန်နှင့် ၄င်းတို့ ထုတ်ပြန်ချက်များကို သက်ဆိုင်သည့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အလုပ်ရှင်နှင့် အလုပ်သမားတို့ နားလည်သိရှိနိုင်ရန် နည်းလမ်းမျိုးစုံဖြင့် အသိပေးဖြန့်ဝေပေး
ရန် နှစ်နိုင်ငံ အစိုးရထံ လေးစားစွာ တောင်းဆိုလိုက်ကြောင်း ပါရှိသည်။

၎င်းတို့အနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများအပေါ်တွင် ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်း၊ လိမ်လည်ခံရခြင်း၊ ကြွေးမီဖြင့် ချည်နှောင်၍ အဓမ္မခိုင်းစေသော လူကုန်ကူးမှု ဖြစ်ပွားခြင်း အစရှိသည်တို့ မဖြစ်ပေါ်စေရန် ရည်ရွယ်၍ တောင်းဆိုလိုက်
ခြင်းဖြစ်ပြီး ထိုသို့ မဟုတ်ပါက တရားဝင်အလုပ်သမားမှ တရားမဝင်အလုပ်သမားများ ကျရောက်တော့မည် ဖြစ်ကြောင်း ဆိုထားသည်။

ယခုအခါ ထိုအားနည်းချက်ကို အခွင့်ကောင်းယူ၍ ပွဲစားများသည် အလုပ်သမားများအပေါ် ပတ်စ်ပို့အသစ်နှင့် ဗီဇာ
သက်တမ်းဆက်ပေးမည်ဟူ၍ တဦးလျှင် ဘတ် ၁၅,၀၀၀ (၅၀၀ ဒေါ်လာ) တောင်းယူနေခြင်းများ ရှိနေပြီး တချို့မှာ
ငွေကြေးလိမ်လည် ခံရမှုများ ဖြစ်ပေါ်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာ၊ လာအိုနှင့် ကမ္ဘာဒီယာနိုင်ငံများမှ ရွှေ့ပြောင်းအလုပ်သမား ၃ သန်းကျော်ရှိပြီး ထိုအထဲမှ မြန်မာနိုင်ငံ ရွှေ့ပြောင်း အလုပ်သမား ၈၀ ရာခိုင်နှုန်းရှိနေသည်။ ၁၉၈၀ ခုနှစ်မှ ထိုင်းနိုင်ငံသို့ နည်းမျိုးစုံမဖြင့် နယ်စပ်ဖြတ်ကျော်၍ ရောက်ရှိလာ
သည်ဟု ဆိုသည်။

တရားဝင် မြန်မာအလုပ်သမား စုစုပေါင်း ၁.၇ သန်းခန့်သည် ယာယီပတ်စ်ပို့နှင့် နေထိုင်ခွင့် ဗီဇာရရှိခဲ့ပြီး ဖြစ်သော်လည်း ထိုင်းနိုင်ငံ၏ အလုပ်သမားဝန်ကြီးဌာနတွင် အလုပ်လုပ်ခွင့် လက်မှတ်ပြုလုပ်ထားသူစာရင်းမှာ ၇.၅ သိန်းခန့်သာရှိသည်
ဟု ပါရှိသည်။ ကျန်းမားရေးစောင့်ရှောင်မှုခံစားရရှိရန်အတွက် လူမှုဖူလုံရေးရန်ပုံငွေ ပေးသွင်းမှုစာရင်းမှာလည်း ၂ သိန်း
ကျော်သာရှိသည်။

ထို့ပြင် တချို့အလုပ်သမားများသည် ယာယီပတ်စ်ပို့ မကိုင်ဆောင်တော့ပဲ တရားမဝင် အလုပ်သမားအဖြစ်သာ နေထိုင်
လုပ်ကိုင်ရန်နှင့် တချို့မှာ ပွဲစားများက စာရွက်စာတမ်းအတုများဖြင့် ပတ်စ်ပို့အသစ်လျှောက်ခြင်းများလည်း ဖြစ်လာကြ
သည်ဟု ဆိုထားသည်။
< >

လူမှုဖူလုံရေး

         လူမှုဖူလုံရေးအာမခံရန်ပုံငွေ(ပကန်စန်ခုမ်)

လူမှုဖူလုံရေးအာမခံရန်ပုံငွေ(ပကန်စန်ခုမ်) ဆိုသည်မှာ လုပ်ငန်းခွင်ပြင်ပတွင် အကြောင်းအမျိုးမျိုးကြောင့်
ဖြစ်ပေါ်လာသော ဖျားနာခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ ဒုက္ခိတဖြစ်ခြင်း၊ သေဆုံးတို့အပြင် ကလေးမွေးခြင်း၊
ကလေးစရိတ်ရရှိခြင်း၊ ပင်စင်စားစရိတ်ရရှိခြင်းနှင့် အလုပ်လက်မဲ့ဖြစ်ခြင်းစသည့်ကိစ္စများ၌ ခံစားခွင့်များ
ရှိစေရန်စီစဉ်ပေးသည့် အာမခံတစ်ရပ်ဖြစ်ပါသည်။ လူမှုဖူလုံရေးအာမခံရန်ပုံငွေ(ပကန်စန်ခုမ်) အားဥပဒေ
တရပ်အဖြစ် ပြဌာန်းထားပြီးအလုပ်ရှင်နှင့် တကွထိုင်းနိုင်ငံအတွင်း အလုပ်လုပ်နေကြသော အလုပ်သမား
တိုင်းအတွက် လူမျိုးဘာသာမခွဲခြားပဲ လိုက်နာလုပ်ဆောင်ရန်ပါရှိသည်။လိုက်နာဆောင်ရွက် ခြင်းမရှိသော
အလုပ်ရှင်များအား ငွေဒဏ်ထောင်ဒဏ်အထိ အပြစ်ပေးနိုင်သည်။
    
  အာမခံရန်ပုံငွေစုဆောင်းရမည့်စည်းကမ်းများ

အာမခံရနပုံငွေကို အလုပ်ရှင်နှင့် အလုပ်သမား တို့ကလစဉ် ဝင်ငွေကိုတွက်ချက်ပြီး လစဉ်အတိုင်းပေးသွင်း
ရမည်ဖြစ်ပါသည်။ထို့သို့ တွက်ချက်ရာတွင် အနိမ့်ဆုံးဝင်ငွေ ၁၆၅၀ ဘတ်မှအမြင့်ဆုံး ၁၅၀၀၀ ဘတ်ကိုမူ
တည်၍ တွက်ချက်မည်ဖြစ်ပြီး အစိုးရကလည်း တစိတ်တပိုင်းထည့်ဝင်ရမည်ဖြစ်ပါသည်။ ထိုရန်ပုံငွေကိုထိုင်း
အလုပ်သမားများနှင့် ပတ်စပို့စ် ရှိပြီးသောမြန်မာအလုပ်သမားတိုင်း မဖြစ်မနေထည့် ဝင်ရမည်ဟု အလုပ်သမား ဥပဒေက ပြဌာန်းထားရှိသည်။

   ဘယ်သူတွေကဘယ်လိုဘယ်လောက်ထည့်ဝင်ရမည်နည်း။
အလုပ်ရှင်၊ အလုပ်သမားအစိုးရတို့က သုံးပွင့်ဆိုင်ထည့် ဝင်ရမည်ဖြစ်ပြီး အလုပ်သမားရရှိသောဝင်ငွေ၏
၅% ကိုအလုပ်ရှင်နှင့် အလုပ်သမားတို့က ညီတူညီမျှထည့်ဝင်ရမည်။ အစိုးရက ၂.၇၅% ထည့်ပေးရမည်ဖြစ်သည်။

< >

MWRN မှတ်တမ်းများ

MWRN မှ BWI အစည်းအဝေးသို့ 1--5 /12/2013 
အဖွဲ့မှ ရှင်လင်းဟောပြောမှုမှတ်တမ်းများ
အဖွဲ့မှ ရှင်လင်းဟောပြောမှုမှတ်တမ်းများ
ရက်နေ့အထိသွားရောက်တက်ရောက်သည့် အစည်းအဝေးမှတ်တမ်းဓါတ်ပုံများ
< >