ကိုယ့်ရဲ့မိတ္တူ
လောကအလည်ပြောကြတဲ့ အခါ
ဒေါပွစရာတွေလည်း ရှိတယ်
အောက်ချစရာတွေလည်း ရှိတယ်
ဘဝကို ဖြတ်တန်းတဲ့ အခါ
ကြမ်းတမ်း တာတွေ လဲ ရှိမယ်
သံသရာကို ကျင်လည်တဲ့ အခါ
ဆန်တာတွေလည်း ရှိမယ်
စုန်တာတွေလည်း ရှိမယ်
ကံကြမ္မာကို ရိုးမန်ဖွဲ့တဲ့အခါ
ဖန်တာတွေလည်း ရှိမယ်
ထန်တာတွေလည်း ရှိမယ်
လောကကိုပဲ ပြောပြော
ဘဝကိုပဲ ဆိုဆို
သံသရာကိုပဲ ညွှန်းညွှန်း
ကံကြမ္မာကို ရိုးရိုး
သေချာတာကာ
အရာအား လုံးဟာ ကိုယ်ဖန်တီးတဲ့
ကိုယ့်ရဲ့ မိတ္တူပါ.............
0 comments:
Post a Comment