Popular Posts

Music

Powered by Blogger.

Movies

Games

Pictures

Slider

Flickr Images

Blog Archive

Sports

Blogger templates

Blogroll

မိုးမျှော် (မင်းတုန်း) ဆိုက်ကလေးကို လာသူများစိတ်၏ချမ်းသာခြင်းနှင့်ပြည့်စုံပါစေခင်ဗျာ

About

Pages - Menu

ရွှေ့ပြောင်းအလုပ်သမားများရဲ့ အနာဂါတ်














ထိုင်းရှိ ဗီဇာသက်တမ်းကုန် အလုပ်သမားများ အတွက် one stop service centre များ ယခုလအတွင်း ဖွင့်လှစ်မည်

ထိုင်းနိုင်ငံတွင် နေထိုင်ခွင့် ဗီဇာသက်တမ်း ကုန်ဆုံးနေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အတွက် one stop service centre များကို ယခုအလတွင်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ သိရသည်။

အဆိုပါ အလုပ်သမားများ အတွက် one stop service centre များကို ထိုင်းနိုင်ငံရှိ မြန်မာသံရုံး အပါအ၀င် ထိုင်း-မြန်မာ နယ်စပ်ဒေသများ ဖြစ်သည့် မယ်ဆိုင် (တာချီလိတ်)၊ မဲဆောက် (မြ၀တီ)၊ ပူနရွန် (ထီးခီး)၊ ဆင်ဂေါင်း (မောတောင်)နှင့် ရနောင်း (ကော့သောင်း)တို့တွင် ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရသည်။

''one stop service centre တွေဖွင့်ဖို့ စီစဉ်နေပါတယ်။ ထိုင်းမြန်မာ နယ်စပ်ဒေသတွေဖြစ်တဲ့ တာချီလိတ်၊ မြ၀တီတို့မှာဖွင့်ဖို့ လောလောဆယ် လျာထားပါတယ်။ နောက်ကျရင်တော့ အပြောင်းအလဲ ရှိနိုင်ပါတယ်'' ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အလုပ်သမား ၀န်ကြီးဌာန အနေဖြင့် ဗီဇာသက်တမ်း ကုန်ဆုံးနေသည့် မြန်မာအလုပ်သမားများ ဆက်လက်လုပ်ကိုင်ခွင့် ရရေးအတွက် ယခင်ယာယီ နိုင်ငံကူးလက်မှတ်အစား နိုင်ငံကူးလက်မှတ် ပတ်(စ်)ပို့အနီ ပြောင်းလဲထုတ်ပေး သွားမည်ဖြစ်ပြီး အလုပ်သမားများ အနေဖြင့် မှတ်ပုံတင်၊ သန်းခေါင်စာရင်း စသည့် အထောက်အထား များနှင့်အတူ နယ်စပ်ဒေသရှိ သက်ဆိုင်ရာ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး စခန်းများ (one stop service centre) တွင် လာရောက် ပြုလုပ်ရမည် ဖြစ်သည်။

ထို့ပြင် ထိုင်းနိုင်ငံတွင် နေထိုင်ခွင့် ဗီဇာသက်တမ်း ကုန်ဆုံးနေသည့် မြန်မာအလုပ်သမား ၃၀၀၀၀ ကျော် ရှိကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက်မှ သိရသည်။

အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ယင်းအလုပ်သားများ အတွက် one stop service centre ဖွင့်လှစ်ရေးတို့ကို ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ပြုလုပ်ခဲ့သည့် ထိုင်း-မြန်မာ နှစ်နိုင်ငံ အလုပ်သမားရေးရာ ညှိနှိုင်းအစည်းအဝေးတွင် သဘောတူညီမှု ရရှိခဲ့သည်။

(၂၀၁၃ ခုနှစ် အောက်တိုဘာလ အတွင်းက ပြုလုပ်ခဲ့သည့် ထိုင်း-မြန်မာ နှစ်နိုင်ငံ အလုပ်သမားရေးရာ ညှိနှိုင်း ဆွေးနွေးပွဲအား တွေ့ရစဉ်)
< >
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

Get Update Article on FacebookX

Find Us on Facebook

Get Update Article on Google+X

Follow Us on Google+