Popular Posts

Music

Powered by Blogger.

Movies

Games

Pictures

Slider

Flickr Images

Blog Archive

Sports

Blogger templates

Blogroll

မိုးမျှော် (မင်းတုန်း) ဆိုက်ကလေးကို လာသူများစိတ်၏ချမ်းသာခြင်းနှင့်ပြည့်စုံပါစေခင်ဗျာ

About

Pages - Menu

MWRN တောင်းဆို

ထိုင်းနှင့် မြန်မာအစိုးရတို့ မြန်မာရွှေ့ပြောင်း အလုပ်သမားတို့အတွက် တိကျသည့် မူဝါဒ ထုတ်ပေးရန် MWRNတောင်းဆို


ထိုင်းနိုင်ငံတွင် ထိုင်ထိုင်ခွင့် ဗီဇာသက်တမ်း လေးနှစ်ပြည့်ပြီးသော ရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်၍ ထိုင်းနှင့် မြန်မာအစိုးရတို့အား တိကျသော မူဝါဒ ထုတ်ပြန်ပေးရန် ...

ထိုင်းနိုင်ငံတွင် ထိုင်ထိုင်ခွင့် ဗီဇာသက်တမ်း လေးနှစ်ပြည့်ပြီးသော ရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်၍ ထိုင်းနှင့် မြန်မာအစိုးရတို့အား တိကျသော မူဝါဒ ထုတ်ပြန်ပေးရန် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက် MWRN က တောင်းဆိုလိုက်သည်။

၂၀၀၃ ခုနှစ် ဇွန်လ ၁၅ ရက်နေ့က ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ အစိုးရတို့၏ နားလည်မှုစာချွန်လွှာအရ မြန်မာအလုပ်သမား
တို့သည် ဗီဇာ သက်တမ်း လေးနှစ် ကုန်ဆုံးသွားလျှင် မူရင်းနိုင်ငံသို့ သုံးနှစ် ပြန်လည်နေထိုင်ပြီးနောက် ထိုင်းနိုင်ငံသို့
ပြန်လည် ဝင်ရောက်နိုင်သည့် ဥပဒေနှင့် ပတ်သက်၍ အမြန်ဆုံးကြေငြာပေးရန် MWRN က သြဂုတ်လ ၁၆ ရက်တွင် MWRN က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

“လေးနှစ် ဗီဇာကုန်သွားတဲ့လူတွေက ဗီဇာ ဘယ်လောက်ပေးမယ်ဆိုတာ မထုတ်ပြန်ထားတဲ့အတွက် ဒီအလုပ်သမား
တချို့ ပွဲစားတွေက ဗီဇာကုန်သွားတဲ့ စာအုပ်အသစ်ပြန်လုပ်မယ်ဆိုပြီးတော့ ငွေပေးပြီး ပြန်လုပ်နေတာ တွေ့နေရတယ်။ အဲဒါတွေက ဘာတွေ နစ်နာသွားလဲဆိုတော့ လေးနှစ်လုံးလုံး ထိုင်းအစိုးရ သတ်မှတ်ထားတဲ့ ဥပဒေအတိုင်း လုပ်အားခ
ကနေ ငါးရာခိုင်နှုန်းကို ဖြတ်တောက်ထားတာ။ ကျန်းမာရေးနဲ့ပတ်သက်လို့ အခမဲ့ ဆေးဝါးကုသခွင့်တွေ ခံစားခွင့်ရတာ။ အခု စာအုပ်သက်တမ်းမတိုးဘဲ အသစ်ပြန်လုပ်လိုက်တဲ့အခါမှာ ခံစားခွင့်တွေ အားလုံး ပျက်ပယ်သွားတယ်” ဟု မဇ္စျိမကို ပြောသည်။

၂၀၀၉ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့က နိုင်ငံသားစိစစ်မှု လုပ်ခဲ့သော် အလုပ်သမားများနှင့် အခြားထောင်ပေါင်းများစွာ
သော အလုပ်သမားများလည်း ဗီဇာ လေးနှစ်ကုန်တော့မည်ဖြစ်သည်။ ထိုဥပဒေအရ မြန်မာအစိုးရက ထိုင်းနိုင်ငံတွင်
နေထိုင်ခွင့် ခြောက်နှစ် သက်တမ်းပေးထားပြီး ထိုင်းအစိုးရက နှစ်နှစ်လျှင် တကြိမ် သက်တမ်း တကြိမ် သက်တမ်း
တိုးခွင့်ပေးထားခြင်း ဖြစ်သည်။

“အဲဒီ သုံးနှစ်ပြန်လည် နေထိုင်ပြီးမှ ပြန်ဝင်ရောက်ခွင့် ပြုမယ်ဆိုတာကို မသင့်လျော်တဲ့အကြောင်း ကက်ပိနက်အစိုးရ
ဆွေးနွေးတိုင်ပင်ပြီး အဲဒီဥပဒေကို ပြန်ရုပ်သိမ်းလိုက်တယ်။ ဒါပေမဲ့ နောက်ထုတ်ပြန်တဲ့ ဥပဒေက မည်သို့ မည်ပုံဆိုတာ ရှင်းလင်းပြတ်သားစွာ မထုတ်ပြန်တဲ့အတွက် အခုအချိန်မှာ အလုပ်သမားတွေဟာ တချို့ ဇူလိုင်၊ သြဂုတ်မှာ ဗီဇာ
သက်တမ်း ကုန်သွားတဲ့ အလုပ်သမားတွေ ရှိနေတယ်”ဟု ဦးအောင်ကျော်က ဆက်ပြောသည်။

ထိုင်းနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒသည် အခက်အခက်များ ကြုံတွေ့နေရပြီး တချို့ အလုပ်သမားများမှာ ပွဲစားများ
နှင့် အလုပ်သမား ယာယီပတ်စ်ပို့ အသစ်ပြန်လည် လုပ်ခြင်း၊ တချို့အလုပ်သမားများမှာ သက်တမ်းကုန်သွားသည့်
အတွက် မိမိနိုင်ငံသို့ ပြန်သွားသည့်သူများလည်း ရှိနေသည်ဟု ဆိုသည်။

လာမည့် ၂၀ ရက်နေ့မှာ မြန်မာအလုပ်သမားရေးရာဆောင်ရွက်သည့် အဖွဲ့အစည်းများနှင့် ထိုင်းအလုပ်သမားသမဂ္ဂအဖွဲ့
တို့ စည်းဝေးညှိနှိုင်းပြီးနောက် ယင်းဥပဒေများနှင့် ပတ်သက်၍ ရှင်းလင်းပြတ်သားသည့် ဥပဒေ ထုတ်ပြန်ပေးရန်နှင့်
ရွှေ့ပြောင်းအလုပ်သမားများ ၄ နှစ်ကြာ လုပ်အားခ၏ ၅ ရာခိုင်နှုန်း သွင်းလာခဲ့သော နစ်နစ်မှုများကိုလည်း ပြန်လည် ထည့်သွင်းစဉ်းစားပေးရန် ထိုင်းအစိုးရထံ တောင်းဆိုသွားမည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။

ထိုင်နိုင်ငံတွင် လာရောက်လုပ်ကိုင်နေသော မည်သည့် နိုင်ငံသားမဆို ထိုင်းနိုင်ငံ၏ အကျိုးစီးပွားကို အထောက်အကူပြု လုပ်ကိုင်ပေးနေသည့် အလုပ်သမားများဖြစ်၍ အလုပ်သမားအရေး စဉ်းစားဆောက်ရွက်သည့်အချိန် ထိရောက်စွာ
ဆောင်ရွက်ပေးရန် တိုက်တွန်းလိုက်သည်။

ထို့ပြင် လုပ်ငန်းကျွမ်းကျင်ပြီးသော အလုပ်သမားကို လက်လွှတ်မခံလိုသော အလုပ်ရှင်နှင့် ထိုင်းနိုင်ငံတွင် ဆက်လက် လုပ်ကိုင်ပြီး မိသားစုကို ပြန်လည်ထောက်ပံ့ပေးလိုသော ရွှေ့ပြောင်းအလုပ်သမားတို့အတွက် လက်တွေ့မကျသော မူဝါဒလမ်းစဉ်ဖြစ်နေပြီး မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများအရလည်း ထိုရွှေ့ပြောင်း အလုပ်သမားများကို ပြန်လည်လက်ခံရန် အဆင်သင့်မဖြစ်သေးကြောင်း ၄င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား
သည်။

MWRNနှင့် လူ့အခွင့်အရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖေါင်ဒေးရှင်းတို့က ထိုရွှေကပြောင်းအလုပ်သမားများအတွက် တိကျသော မူဝါဒနှင့် ရှေ့ဆက် လုပ်ငန်းစဉ်များကို ကြေငြာပေးရန်နှင့် ၄င်းတို့ ထုတ်ပြန်ချက်များကို သက်ဆိုင်သည့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အလုပ်ရှင်နှင့် အလုပ်သမားတို့ နားလည်သိရှိနိုင်ရန် နည်းလမ်းမျိုးစုံဖြင့် အသိပေးဖြန့်ဝေပေး
ရန် နှစ်နိုင်ငံ အစိုးရထံ လေးစားစွာ တောင်းဆိုလိုက်ကြောင်း ပါရှိသည်။

၎င်းတို့အနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများအပေါ်တွင် ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်း၊ လိမ်လည်ခံရခြင်း၊ ကြွေးမီဖြင့် ချည်နှောင်၍ အဓမ္မခိုင်းစေသော လူကုန်ကူးမှု ဖြစ်ပွားခြင်း အစရှိသည်တို့ မဖြစ်ပေါ်စေရန် ရည်ရွယ်၍ တောင်းဆိုလိုက်
ခြင်းဖြစ်ပြီး ထိုသို့ မဟုတ်ပါက တရားဝင်အလုပ်သမားမှ တရားမဝင်အလုပ်သမားများ ကျရောက်တော့မည် ဖြစ်ကြောင်း ဆိုထားသည်။

ယခုအခါ ထိုအားနည်းချက်ကို အခွင့်ကောင်းယူ၍ ပွဲစားများသည် အလုပ်သမားများအပေါ် ပတ်စ်ပို့အသစ်နှင့် ဗီဇာ
သက်တမ်းဆက်ပေးမည်ဟူ၍ တဦးလျှင် ဘတ် ၁၅,၀၀၀ (၅၀၀ ဒေါ်လာ) တောင်းယူနေခြင်းများ ရှိနေပြီး တချို့မှာ
ငွေကြေးလိမ်လည် ခံရမှုများ ဖြစ်ပေါ်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာ၊ လာအိုနှင့် ကမ္ဘာဒီယာနိုင်ငံများမှ ရွှေ့ပြောင်းအလုပ်သမား ၃ သန်းကျော်ရှိပြီး ထိုအထဲမှ မြန်မာနိုင်ငံ ရွှေ့ပြောင်း အလုပ်သမား ၈၀ ရာခိုင်နှုန်းရှိနေသည်။ ၁၉၈၀ ခုနှစ်မှ ထိုင်းနိုင်ငံသို့ နည်းမျိုးစုံမဖြင့် နယ်စပ်ဖြတ်ကျော်၍ ရောက်ရှိလာ
သည်ဟု ဆိုသည်။

တရားဝင် မြန်မာအလုပ်သမား စုစုပေါင်း ၁.၇ သန်းခန့်သည် ယာယီပတ်စ်ပို့နှင့် နေထိုင်ခွင့် ဗီဇာရရှိခဲ့ပြီး ဖြစ်သော်လည်း ထိုင်းနိုင်ငံ၏ အလုပ်သမားဝန်ကြီးဌာနတွင် အလုပ်လုပ်ခွင့် လက်မှတ်ပြုလုပ်ထားသူစာရင်းမှာ ၇.၅ သိန်းခန့်သာရှိသည်
ဟု ပါရှိသည်။ ကျန်းမားရေးစောင့်ရှောင်မှုခံစားရရှိရန်အတွက် လူမှုဖူလုံရေးရန်ပုံငွေ ပေးသွင်းမှုစာရင်းမှာလည်း ၂ သိန်း
ကျော်သာရှိသည်။

ထို့ပြင် တချို့အလုပ်သမားများသည် ယာယီပတ်စ်ပို့ မကိုင်ဆောင်တော့ပဲ တရားမဝင် အလုပ်သမားအဖြစ်သာ နေထိုင်
လုပ်ကိုင်ရန်နှင့် တချို့မှာ ပွဲစားများက စာရွက်စာတမ်းအတုများဖြင့် ပတ်စ်ပို့အသစ်လျှောက်ခြင်းများလည်း ဖြစ်လာကြ
သည်ဟု ဆိုထားသည်။
< >
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

Get Update Article on FacebookX

Find Us on Facebook

Get Update Article on Google+X

Follow Us on Google+