ဆင်ခြေ
ဆံပင်မရှည်ပေမယ့်
ကိလေသာရှည်တာ အားလုံးအသိ။
သို့ပေမယ့် ဖဲမွေ့ယာပေါ်မှာ
လိပ်ပြာနိုးတမ်းကစားချိန်။
အဝေးက ကြေးစည်သံနဲ့ ဖြစ်ပျက်ရှု့
ဒဂုန်တာရာရဲ့ "ပေ" တော့သိမယ်မထင်။
ဆိုးတယ်........ဆိုးတယ်နဲ့
ပြောပြီး ငြီးတာလည်းသူ
အမှုအပိုတွေ ပြီးတော့မှ နိဗ္ဗိန္ဒ ဥာဏ်တို့ဝင်
ဟို...အရင်ကသူဟာ ငါပါပဲ။
ပညာ
လောကအလယ် လူနယ်ပယ်၌
ရာထူးဓန ဂုဏ်ကြွယ်ဝ၍
စည်းစိမ်ဥစ္စာ ပြည့်စုံပါလည်း
ပညာမရှိ ဖြစ်တုံဘိက
ဝေဖန်ပိုင်းခြား မသိထား၍
လောကအလယ် မျက်နှာငယ်ကာ
မျိုးစုံဒုက္ခ ကြံရ၏
ဒါကြောင့်စာပေ ”သဟ“ ဆွေတို့
မှတ်ယူကြကာ လူတကာတို့
ဖတ် ”မှတ်“ ကျင့်ကြံဤ သုံးတန်ဖြင့်
စုံစွာသုသ ရှာဖွေကြလော
စုံစွာသုသ ပြည့်စုံကြ၍
ကောင်းဆိုးနှစ်တန် ကျိုးကြောင်းမှန်ကို
ဝေဖန်ပိုင်းခြား သိငြားပါမူ
များဗိုလ်လူတို့ ရိုသေခစား ဝတ်သွားကြသည်
စာဖတ်ခြင်း၏ အကျိုးတည်း။
ကြောင့်ကြစိုက်စို့
ဒို့ကိုးကွယ်ရာ ဒို့ဘာသာသည်
အတိတ်ဆီမှာ လင်းထိန်သာ၏
တည်ဆဲသာသနာ မှေးမိန်လာလည်း
နှောင်းအတိတ်လို လင်းဝေလို၏
ဘာသာချစ်စိတ် သာသနာချစ်စိတ်
ရင်ဝယ်ပိုက်၍ သာသနာအစွန့်
ရှေ့ ရှည်တည်တံ့ဖို့ ကြောင့်ကြစိုက်စို့
ဒို့များဘာသာ ဒို့သာသနာသည်
နှောင်းအတိတ်လို ပြန်လင်းစေဖို့
ရဟန်းရှင်၊လူ လက်တွဲတူလျှောက်
သာသနာအရေး ဒို့အမြဲ
ကြောင့်ကြစိုက်စို့.....ဟေး
0 comments:
Post a Comment