Popular Posts

Music

Powered by Blogger.

Movies

Games

Pictures

Slider

Flickr Images

Blog Archive

Sports

Blogger templates

Blogroll

မိုးမျှော် (မင်းတုန်း) ဆိုက်ကလေးကို လာသူများစိတ်၏ချမ်းသာခြင်းနှင့်ပြည့်စုံပါစေခင်ဗျာ

About

Pages - Menu

ထင်ရှားမှတ်သား ၂ဝ၁၃ သမိုင်း စကားများ


ထင်ရှားမှတ်သား ၂ဝ၁၃ သမိုင်း စကားများ
၂ဝ၁၃ မကြာမီ ကုန်ဆုံးတော့မည်။ ၂ဝ၁၃ အတွင်း နာမည်ကျော် ပုဂ္ဂိုလ်များ၏ ထင်ရှား မှတ်သားစကား များကို လေထဲပျောက်ပျက် မသွားစေရန် စုစည်း တင်ဆက် လိုက်ပါ သည်။
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်
”ကျွန်မ သမ္မတ မဖြစ်ချင်ဘူး လို့ ဟန်ဆောင် လိုက်ရင် ကျွန်မ မရိုးသားရာ ကျမှာပေါ့။ အဲဒီအစား ကျွန်မ ပြည်သူတွေ အပေါ် ရိုးရိုးသားသား ပြောပါတယ်” ဟု နေပြည်တော် တွင် ဇန်နဝါရီ ၃ဝ ရက်က ကျင်းပသော ကမ္ဘာ့ စီးပွားရေး ဖိုရမ်၏ စကားဝိုင်း၌ အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ၂ဝ၁၅ ခုနှစ် သမ္မတ ရာထူးနှင့်ပတ်သက်၍ ပြောသည်။
 
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
”တပ်မတော်သည် တိုင်းရင်းသား လူမျိုး အားလုံး ပါဝင် ဖွဲ့စည်းထားသည့် ပြည်ထောင်စု တပ်မတော်” ဖြစ်ကြောင်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ပြောကြားချက် ကို ဒီဇင်ဘာ ၃ ရက် နေ့ ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
 
ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ
ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ ကမြန်မာ့နိုင်ငံ ရေးဖြစ်စဉ်များနှင့် ပတ်သက်၍ စိုးရိမ် ပူပန်လျက်ရှိ ကြောင်း အောက်တိုဘာလ ၁၉ ရက်နေ့ သီတင်းကျွတ် လပြည့်နေ့ တွင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ မိသားစုကို သွားရောက် ကန်တော့စဉ် ဦးသန်းရွှေ ကပြော ဆိုလိုက်ခြင်း ဖြစ်ကြောင်း သူရဦးရွှေမန်း က နေပြည် တော်၌ ကျင်း ပသော သတင်းစာ ရှင်းလင်းပွဲတွင် ပြော သည်။
 
ပည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း
သမ္မတ ရာထူးကို ၂ဝ၁၅ ခုနှစ်တွင် ဆက်ခံရန် စိတ်ဝင်စားကြောင်းကို ဇွန်လက ဝါရှင်တန်မြို့ ဗီအိုအေ သတင်း ဌာနနှင့် တွေ့ဆုံရာတွင် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း က အတည်ပြုပြောဆိုသည်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ရိုဟင်ဂျာများ သည် နိုင်ငံသား မဟုတ်သော် လည်းနိုင်ငံမဲ့ မဖြစ်စေလို၍ မြန်မာနိုင်ငံတွင်း နေ ထိုင်ခွင့် ပေးထားခြင်း ဖြစ်ကြောင်း ဖေဖော်ဝါရီ ၃ ရက်က နေပြည်တော် ရှိ စက်မှု ဝန်ကြီးဌာန ခန်းမ တွင် ကျင်းပပြုလုပ်သည့် မီဒီယာ များနှင့်တွေ့ဆုံပွဲ တွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြန်လည်နေရာ ချထား ရေးဝန်ကြီး ဦးခင်ရီက ပြောသည်။
 
လယ်/ဆည်ဝန်ကြီး ဦးမြင့်လှိုင်
”ကြွေးတင်တာကို ဆပ်လို့ရအောင် ထမင်းတစ်နပ် လျှော့စားပေါ့။ တစ်လ ပြည့်လို့ ရှိရင် ငါဘယ်လောက် ဆပ်နိုင်မလဲ။ ခြောက်လ ဆိုရင် ဘယ်လောက် ဆပ်နိုင်မလဲ။ ငါနဲ့ ငါ့မိသားစုတွေလည်း တစ်နပ် လျှော့စားမယ်။ ဒီလို စိတ်ဓာတ်မျိုး ဥပုသ် စောင့်တဲ့ သဘောမျိုးပေါ့ဗျာ။ ကုသိုလ်လည်း ရ၊ ဝမ်းလည်းဝ ပေါ့။ ငါတို့ ဥပုသ်စောင့်နေတယ်၊ ဒီလို စိတ်ဓာတ်နဲ့ လုပ်လိုက် ရင် အကြွေးကျေ သွားမှာပေါ့။ ရလာပါ လိမ့်မယ်ကွာ။ ရလာပါ လိမ့်မယ် ကွာနဲ့နေရင် မရရင် ကြွေးမကျေဘူး။ ကြွေးမကျေရင် သံသရာထဲ ကလွတ်မှာ မဟုတ်ဘူး။ နောင်ဘဝကျရင် ကျွန်ပြန် ဖြစ်လိမ့်မယ်” မတ်လ အတွင်းက ဧရာဝတီတိုင်း တွင် လယ်/ဆည် ဝန်ကြီး ဦးမြင့်လှိုင်က ပြောကြားခဲ့သည်။
 
ဦးအောင်မင်း
မေလ ၂၈ ရက်နေ့ က ရှမ်းပြည်နယ် လားရှိုးမြို့ ၌ စတင်ဖြစ်ပွား ခဲ့သော ပဋိပက္ခ များ၏ နောက်ကွယ် တွင် ကြိုးကိုင်သူ ရှိကြောင်း ကချင်ပြည်နယ် မြစ်ကြီး နားမြို့ တွင် မေလ ၂၉ ရက်နေ့က ကျင်းပသော ကေ အိုင်အေနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖွင့်ပွဲမိန့်ခွန်း တွင် ဦးအောင်မင်းက ပြောသည်။
 
ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်
ယခုနှစ် နိုဝင်ဘာလက ဦးမြတ်ခိုင် ၏ ဦးခင်ညွန့်နှင့် အင်တာဗျူး စာအုပ်ရောင်းချပွဲတွင် ”ယခင်အစိုးရ လက်ထက် နိုင်ငံရေး အကျဉ်းသားများ သည် ဥပဒေ ချိုးဖောက်သော ရာဇဝတ်သား များဖြစ်ပြီး ပြစ်မှုကျူးလွန် သူများ ဖြစ်သည်”ဟု တစ်ချိန်က စစ်ထောက်လှမ်းရေး ဌာန၏ အကြီး အကဲဟောင်း ဦးခင်ညွန့် က ပြော လိုက်သည်။
 
ကြံ့ခိုင်ရေးပါတီမှ ဦးအောင်သောင်း
ပြည်ထေင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖျက်သိမ်းခြင်း၊ ပြန်လည် ရေးဆွဲခြင်းသည် အန္တရာယ် ကြီး၍ ဆိုးရွားသော အကျိုး ဆက်များ ရှိ လာနိုင်ကြောင်းကို အောက်တိုဘာလ လဆန်းက ကြေညာချက် ထုတ်ပြန် လိုက်ပြီး အခြေခံ ဥပဒေ အသစ်ရေးဆွဲမှု သည် ငြိမ်းချမ်းရေး ကို ထိခိုက်မည်ဟု ကြံ့ခိုင်ရေး ပါတီမှ ဦးအောင်သောင်းက ပြောသည်။
 
ဦးတေဇ
ဦးတေဇက သစ်ပင်မြောက်မြားစွာ ကို ခုတ်ခဲ့သည့် အမှားကို ဖွံ့ဖြိုးမှု နည်းပါးသော နယ်စပ်ဒေသ များတွင် လိုအပ်နေသော ပညာရေး၊ ကျန်းမာရေး လုပ်ငန်းများ တွင် အားဖြည့် လုပ်ဆောင်ခြင်းဖြင့် ပြန်လည် ပေးဆပ် သွားမည် ဖြစ်ကြောင်း စက်တင်ဘာလ ၂၃ ရက်နေ့ ကုန်သည် ကြီးများ ဟိုတယ်တွင် ပြုလုပ်သည့် ဂမ်လမ်ရာဇီတောင် တက် အောင်မြင်ခြင်း အထိမ်းအမှတ် အခမ်းအနားတွင် ပြောသည်။ 
< >
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

Get Update Article on FacebookX

Find Us on Facebook

Get Update Article on Google+X

Follow Us on Google+