Popular Posts

Music

Powered by Blogger.

Movies

Games

Pictures

Slider

Flickr Images

Blog Archive

Sports

Blogger templates

Blogroll

မိုးမျှော် (မင်းတုန်း) ဆိုက်ကလေးကို လာသူများစိတ်၏ချမ်းသာခြင်းနှင့်ပြည့်စုံပါစေခင်ဗျာ

About

Pages - Menu

ထိုင်းရောက်အလုပ်သမားများသဘောမတူသောဘတ် ၁၀၀၀


သူငယ်ချင်းများအားလုံးမင်္ဂလာပါခင်ဗျာ ဒီနေ့မှာ မိုးမျှော်ကို ဆွေးနွေးခွင့်ပြုပါခင်ဗျာ ထိုင်းရောက်ရွှေ့ပြောင်းအလုပ်သမားများအားလုံး ခံစားနေကြရသော ဘတ် (၁၀၀၀) ဖြတ်တာနဲ့ပြတ်သတ်ပြီး မိုးမျှော် သိသလောက်ကိုရေးခွင့်ပြုပါခင်ဗျာ ဒီလိုဖြတ်တာဟာ အခုနှစ်မှတင်မဟုတ်ပဲ ပြီးခဲ့တဲ့ ၂၀၀၉ခုနှစ် (၂၄၀၀) ဘတ်ကိုပေးဆောင်ရမည် ဖြစ်ပါသည်။ သို့သော် အဲဒီအချိန်က (NGO) အဖွဲ့စည်းများနှင့် မဟာချိုင်မြို့မှ အလုပ်သမားများအတွက် အခွင့်ရေးကွန်ယက်ဖြစ်သော MWRN အဖွဲ့စည်းတို့ နှင့်အတူမြန်မာ့ရွှေ့ပြောင်းအလုပ်သမားများ ကိုတိုင်တောင်းဆိုမှုကြောင့် အခွန်ကောက်ခံခြင်းကို ရုတ်သိမ်းခဲ့ပါသည်။ ယခုနှစ် ၂၀၁၄ခုနှစ်တွင် ဘတ် (၁၀၀၀) ကိုပေးဆောင်ရမည်ဟုထပ်မံ ထိုင်းအစိုးရကကြေညာခဲ့သည်။ ယခုနှစ်တွင် ထိုင်းအစိုးရမှ ရေးဆွဲသောထိုဥပဒေကို နိုင်ငံတစ်ကာ ဝန်ကြီး (၄၀)ကျော်က အတည်ပြုထားသောကြောင့် အလုပ်သမားများတောင်းဆိုမှုသည် ထိရောက်မှုမရှိသော်လည်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အစိုးရမှ (NGO)အဖွဲ့စည်း၊ MWRN အဖွဲ့စည်းများရဲ့ ကန့်ကွက်မှုကို ထောက်ခဲ့သောကြောင့် မြန်မာအစိုးရမှ တောင်းဆိုမည်ဟု ယုံကြည်ပါသည်။ ထို့ဖြစ်ပါ၍ မြန်မာ့ရွှေ့ပြောင်း အလုပ်သမားများက အလုပ်ရှင်ကို ကြည်ဖြူစွာပေးလိုက်ပါဟု တိုက်တွန်းအပ်ပါသည်။ မြန်မာ့ရွှေ့ပြောင်းအလုပ်သမားများ လုပ်နိုင်တာတစ်ခုကတော့ ဘတ်(၁၀၀၀)ကို ဖြတ်ခံရပါက ဖြတ်ထားသော ငွေကြေစာရွက်များကိုသိမ်းဆည်းထားကြပါ။ ဘာဖြစ်လို့လဲဆိုရင် အလုပ်ရှင်တွေက မြန်မာပြည်ပြန်မည်ဖြစ်ပါက အခွင့်ကြိုတင်ရင် ပြန်ပေးမည်ဟုပြောထားသောကြောင့် မပေးခဲ့ပါက ယခင်ဖြတ်ထားသော စာရွက်စာတမ်းများနှင့် တိုင်ကြားနိုင်မည်ဖြစ်သောကြောင့် သိမ်းဆည်းထားပါ။ ဒီကြားထဲမှာ မြန်မာအစိုးရမှ တောင်းဆိုပေးနိုင်ပါစေဟု ဆုတောင်းပေးကြအောင်ပေါ့။ ထိုင်းအစိုးရက မြန်မာ့ရွှေ့ပြောင်းအလုပ်သမားများ ဒုက္ခရောက်နေသော ၄နှစ်ဗီဇာကြတော့ နိုင်ငံရေးမတည်ငြိမ်သေးလို့ဆိုပြီး ရက်တွေရွှေ့ဆိုင်းထားပါသည်။ ဘာကြောင့် ဒီအိမ်ပြန်စရိတ်အခွန်ငွေကြတော့ ချက်ချက်ခြင်းအကောင်ထည် ဖော်နိုင်ပါသဖြင့် ၄ နှစ်ဗီဇာလုပ်ပေးလို့ရသင့်ပါပြီဟု ကျွန်တော်ကတော့ထင်ပါသည်။ ရွှေမြန်မာတွေ တစ်ခုတော့ သေသေချာချာမှတ်ထားပေးပါ အလုပ်သမားမှန်ရင် အလုပ်သမားအခွင့်ရေးကိုတောင်းဆိုပိုင်ခွင့်ရှိသည် ဆိုတာလေးကို မှတ်ထားပေးပါ။ ကျွန်တော်ပြောတာသဘောပေါက်မည်ဟုထင်ပါသည်။ ရွှေမြန်မာတွေဘေးရန်ကင်းကြပါစေ ခင်ဗျာ ရွှေ့ပြောင်းအလုပ်သမားများအားလုံး ကျန်းမာကြပါစေခင်ဗျာ။
အားလုံးကိုကျေးဇူးတင်လျှက် မိုးမျှော် (မင်းတုန်း)
< >
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

Get Update Article on FacebookX

Find Us on Facebook

Get Update Article on Google+X

Follow Us on Google+