Popular Posts

Music

Powered by Blogger.

Movies

Games

Pictures

Slider

Flickr Images

Blog Archive

Sports

Blogger templates

Blogroll

မိုးမျှော် (မင်းတုန်း) ဆိုက်ကလေးကို လာသူများစိတ်၏ချမ်းသာခြင်းနှင့်ပြည့်စုံပါစေခင်ဗျာ

About

Pages - Menu

ဆရာသျှင်နေမင်းရေးသောပို့များ

ကျွန်တော်မိုးမျှော်သည် မိုးမျှော်ရဲ့ဘဝအတွက်အကောင်းဆုံးဖြစ်အောင်နှလုံးသား များကိုလည်း လှပလာအောင် မိုးမျှော်ကို ဆုံးမခဲ့သော မိုးမျှော်ရဲ့ ဆရာသျှင်နေမင်း ( စိုက်/ မွေး ) ရဲ့ဆောင်းပါးများကို ပြန်လည်မျှဝေခွင့်ပေးသော ဆရာသျှင်နေမင်း ( စိုက်/မွေး ) အားကျေးဇူးတင်ပါသည်။

ဆောင်းပါးရေးခြင်းခေတ္တရပ်ထားမည်ဟုစိတ်ကူးသော်လည်း အကြောင်းအရာက တိုက်ဆိုင်လာတော့ရေးရအုန်းမည်။ အရင်တစ်ပတ်က စာရေးသူထံအင်္ဂလိပ်စာ လေ့လာချင်၍ ပအို့မောင်နှစ်မ နှစ်ယောက်ရောက်လာခဲ့သည်။ စာရေးသူလည်း သူတို့နှစ်ဦးအား အနည်းငယ်စပ်စု မိလိုက်သည်။ အကိုကြီးဖြစ်သော မောင်အောက်မှာ အသက် ၁၉ နှစ်ခန့်သာရှိလိမ့်မည်။
" မြန်မာပြည်မှာကျောင်းပညာ ဘယ်နှစ်တန်းအထိတတ်ဖူးခဲ့လဲ " ဟုမေးခဲ့သည်။ သူကတိုင်းရင်းသားပီပီ " ကျွန်တော်ကျောင်းပညာမသင်ခဲ့ရဖူးပါဘူး, ဘုန်းကြီးကျောင်ပညာ အလယ်တန်းအထိသင်ဘူးပါတယ်, နောက်နှစ်ဆို ပုဇင်းတက်တော့မှာ, အမေက လူထွက်ပြီး ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ခိုင်းလို့ပါ" တဲ့။ စာရေးသူစိတ်မကောင်းဖြစ်မိသည်။ အမြင့်မြတ်ဆုံးသောဘဝမှ မိသားစု ဝမ်းရေးကြောင့် မိမိမကျင်လည်သော ဘဝကိုဖြတ်သန်းနေရသောလူငယ်ကိုကိုယ်ချင်းစာမိသည်။ သြော်မြန်မာ့လူငယ်တွေ ဘဝကမလွယ်ပါလား။
သူနဲ့အတူလာသူ သူ့ညီမဖြစ်သူ မစန္ဒာအေးအားအလားတူမေးကြည့်ရာ အတန်းပညာ ၆ တန်းသင်ဖူးသည်ဟုဆိုသည်။ အသက်အရွယ်အားဖြင့် ၁၆ နှစ်ခန့်ပင်ရှိလိမ့်မည်။ ဒီလိုအဖြစ်မျိုးနဲ့ ကြုံရသောလူငယ်တွေ မြန်မာပြည်မှာ ဘယ်လောက်များနေပြီလဲ။ မိသားစုလှေကြီး ခရီးနှင်ရာ မိခင်, ဖခင် ဆိုသောတက်မကြီး နှစ်လက် ကျိုးပဲ့သွားတဲ့အခါ ဒီလက်ကလေးနှစ်စုံက မိသားစုအတွက် အားစိုက်ပြီး လှော်တက်တို့နေရာကိုတာဝန်ယူနေပါပေါ့လား။ သြော်ဒီကလေးတွေအရွယ်တုန်းက ငါဆိုမြန်မာပြည်မှာ ပညာသင်နေခဲ့ရပါလား။ သူတို့မှာငါ့လို အခွင့်အရေးမရခဲ့ပါလား။ ငါသိသလောက်ကို သူတို့ကိုသင်ပေးမယ်လို့စိတ်ဆုံးဖြတ်လိုက်မိသည်။ သူတို့နှစ်ဦးကိုခေါ်လာသူ ကိုကြည်လွင် ( စာရေးသူ၏ သူငယ်ချင်း ) ကိုလည်း ကျေးဇူးတင်မိသည်။ ကြယ်ငါးလေးနှစ်ကောင်ကို ကယ်တင်ခွင့်ရတော့မည်မဟုတ်ပါလား။ သူတို့အား အခြေခံအင်္ဂလိပ် ပုံပြင်စာအုပ်, စကားပြောစာအုပ်များကို မိတ္တူကူးရန်ပေးလိုက်ပြီး နောက်တစ်ပတ် စာစသင်မည်ဟုပြောလိုက်သည်။
တစ်ပတ်ဆိုသောအချိန်က အကုန်မြန်လှသည် မနက်ဖြန်ဆိုလျှင်ပင် သူတို့ကိုစာသင်ပေးရတော့မည်။ သူတို့နားလည်နိုင်မည့် သင်ခန်းစာများကို စုဆောင်းထားခဲ့ပြီးဖြစ်သည်။ ဝမ်းနည်းစရာကောင်သော သတင်းတစ်ခုက စာရေးသူထံရောက်လာသည်။ ကိုကြည်လွင်ထံမှ ဖုန်းဝင်လာသည်။ " အကိုရေ, ဟိုကလေးနှစ်ယောက်နဲ့ ကျွန်တော်အလုပ်ထုတ်ခံရတယ်, ထိုင်းနိုင်ငံကိုလာတဲ့ နိုင်ငံခြားသားဧည့်သည် ကနည်းတော့ ကျွန်တော်တို့ဂျပန်စားသောက်ဆိုင်က အရှုံးပေါ်လို့ လူလျော့တာ ကျွန်တော်တို့မြန်မာပြည်သားတွေပါသွားတယ်, ဒါကြောင့် ဟိုကလေးနှစ်ယောက် အလုပ်သစ်ရှာရအုန်းမယ်, အကိုဆီစာလာသင်ဖြစ်အုန်းမှာမဟုတ်ဘူး, ကလေးတွေကမပြောရဲ လို့ကျွန်တော်ဖုန်းဆက်လာတာ" တဲ့။ မိသားစုလှေကြီးမှာ တက်တွေကျိုးလို့ အရွယ်မရောက်သေးပဲ လက်ထိုးလှော်ရတဲ့ ကလေးတွေရဲ့လက်ကလေးတွေ ကျိုးတော့မလိုလို မြင်နေရတာ စိတ်မကောင်းဖြစ်ရပါတယ်။ ပညာကလည်းတစ်ပိုင်းတစ်ဆ နှင့် ဆိုတော့အနှိမ်ခံအလုပ် တစ်ခုကိုရှာရအုန်းမည့် သူတို့ဘဝကိုတွေးပြီး သူတို့မိဘတွေတော့ဘယ်လိုနေသလဲတွေးမိပြန်ပါသေးသည်။ တစ်ချို့က ကိုယ့်သားသမီးတွေ နိုင်ငံခြားမှာဆိုပြီး မော်ကြွားနေတတ်ကြသည်မဟုတ်ပါလား။ ဒီမှာတော့ သူတို့လက်တွေကျိုးလုကျိုးခင်ဖြစ်နေကြပါပြီ။
နောင်တစ်ဦးရှိသေးသည်။ စာရေးသူထံသို့အင်္ဂလိပ်စာ သင်ယူနေသော လူငယ်တစ်ဦး အမည်က မင်းမောင်ဖြစ်သည်။ စာရေးသူက သူ့အားချစ်စနိုးနဲ့အညာသားလို့ခေါ်သည်။ အညာသားမှာ ၁၀ တန်းအောင်မြင်ပြီးသူဖြစ်သည်။ အလားတူပင် မိသားစုလှေကြီးတွင် ပင်မတက်ကြီးနှစ်လက် ကတာဝန်ယူနိုင်မှုနည်းလာသောအခါ သူ့လက်ကလေးနှစ်ဘက်ကို ယက်ကာ ညီမလေးဘွဲ့ ရပညာတတ်ရေးကို တစိုက်မတ်မတ် တာဝန်ယူတတ်သော လက်နှစ်ချောင်းပိုင်ရှင်ဖြစ်သည်။ စာရေးသူထံတွင်အင်္ဂလိပ်စာကို တစ်နှစ်ခန့်အာကြိုးမာန်တတ်လေ့လာခဲ့ပြီး လေ့လာဆဲလည်းဖြစ်သည်။ သူအရည်အချင်းကြောင့် စာရေးသူအလုပ်လုပ်သော ဟိုတယ်ကလေးတွင် receptionist အလုပ်ကိုသူရခဲ့သည်။ စာရေးသူနှင့်အတူနေထိုင်ခဲ့ဖူးသည်။ စာရေးသူရှိနေချိန်တွင်တော့ သူ့စားဝတ်နေရေးကပြဿနာမရှိပေ။ စာရေးသူဇနီးက ချက်ပြုတ်ကျွေးမွေးခဲ့သည်။ အညာသားက ပိုက်ဆံကိုအင်မတန်ချွေတာသုံးသူတစ်ဦးဖြစ်သည်။ စာရေးသူခွင့်နှင့် မြန်မာပြည်အလည် တစ်လပြန်သွားခဲ့သည်။ ထိုတစ်လအတွင်း အညာသားမှာ ခေါက်ဆွဲပြုတ်နှင့် ကြက်ဥကိုသာစားပြီး မိသားစုလှေကြီးမယိုင်လဲအောင် လှော်ခက်ခဲ့သည်။ စာရေးသူဘန်ကောက်ပြန်ရောက်တော့ အညာသားမှာ ဗိုက်အောင့်အောင့်နေပြီး မချိမဆန့် ခံစားနေခဲ့ရသည်။
စာရေးသူက သူ့အားဆေးခန်းပြပြီး နောက်တွင် အစားကိုအစားနှင့်တူအောင်စားရန် ဆူပူခဲ့ရသည်။ အညာသားသည်လည်း မိသားစုလှေကြီးရှေ့သို့ မယိုင်မလဲခိုင်မြဲအောင် သွားနိုင်ရေးအတွက် တက်တွေကျိုးသွားပေမယ့် သူ့လက်ကလေးတစ်စုံဖြင့် အတင်းထိုးလှော်နေသူတစ်ယောက်ပင်။ ဒီလိုမိသားစုတာဝန်ကို ကျေပွန်သောသူတို့၏ လက်ကလေးများ ( ဘဝလေးများ ) ကျိုးပဲ့သွားမည်ကိုစာရေးသူ အင်မတန်မှ စိုးရွံ့ပါသည်။ ( သို့သော်လည်း ကျိုးပဲ့သွားသော လက်ကလေးများမည်မျှများ နေပြီကိုတော့စာရေးသူမသိပါ )
မြန်မာပြည်ကြီးရေ အနာဂတ်အတွက်အားထားရမည့် လူငယ်လက်တွေထက်မကျိုးပါစေနဲ့လို့ ကမ္ဘာတုန်အောင်သာ အော်ဟစ်လိုက်ချင်တယ်။ ဘန်ကောက်တွင် ဆောက်လက်စ ဆေးရုံပြိုကျမှုတစ်ခုဖြစ်ပွားခဲ့သည်။ ထိုအထဲတွင်မြန်မာအလုပ်သမားများ ဆယ်ဂဏန်းခန့်ပါသည်။ ထိုအထဲမှ အသက်သေဆုံးသွားသူမိန်းကလေးတစ်ဦး ၏ ဒိုင်ယာရီစာအုပ်ထဲမှ စာမျက်နှာတစ်ရွတ်ဟာ စာရေးသူကို မင်သက်, အံ့သြ, ပူဆွေးဝမ်းနည်းမှုတွေ ဖြစ်စေခဲ့သည်။ သူမရေးထားတာကတော့
24, 11, 2013
1. အမေ့ကို အိမ်နဲ့ခြံနဲ့ထားချင်တယ်
2. ငါလဲကိုအိုးကိုအိမ်နဲ့အေးအေးချမ်းချမ်းနေချင်တယ် ဒါကြေက်ငွေရှာမှဖြစ်မယ်. ငွေရှိမှလဲ လုပ်ချင်တာလုပ်လို့ရမှာဖြစ်. ငွေကိုရအောင်ရှာရမည်။
ဟူ၍ ဖြစ်သည်။ မိသားစုလှေကြီးအတွက် သူ့မလက်တစ်စုံကျိုးခဲ့ရပြီ။
မြန်မာစကားမှာ " တက်ကျိုးရင် လက်ထိုးလှော်မယ်" ဆိုတဲ့ ကျုံးဝါးသံ, အားပေးသံရှိသည်။ အရွယ်မတိုင်ပဲ လက်ထိုးလှော်ခဲ့ရသော လက်ကလေးများကျိုးနေရသည်။ လက်ကျိုးရင် ဘာနဲ့အစားထိုးမလဲ။ သူ့ကလေးငါ့ကလေးနိုင်ငံခြားပို့ပြီး ခိုင်းစားမယ်ကြံရင် , စာရေးသူရေးသောစာကိုဖတ်ပြီး ဆင်ခြင်နိုင်ကြပါစေ။
တန်ဖိုးကျသွားသော ရတနာလေးများ ( ဝါ ) စတေးခံရသော လူငယ်လေးများ
( သို့မဟုတ် )
တက်ကျိုးလို့လက်ထိုးလှော်ရင်း လက်ပါကျိုးသွားသော လူငယ်များ
သျှင်နေမင်း ( စိုက်/ မွေး )

< >
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

Get Update Article on FacebookX

Find Us on Facebook

Get Update Article on Google+X

Follow Us on Google+