မြတ်ဗုဒ္ဓ ၏ မဟာပုရိသလက္ခဏာတော်ကြီး(၃၂)ပါး နှင့် အသံတော်(၈)ပါး။
ဗုဒ္ဓဘုရားရှင်တော်တို့သည် ဘ၀များစွာမရေမတွက်နိုင်အောင် ဖြည့်ကျင့်ဆည်းပူးတော်မူခဲ့ သည့် ပါရမီတော်တို့ ၏ တန်ခိုးတော်ကြောင့် ဘုရားရှင်တို့သည် နာမကာယအတွင်းသဏ္ဍာန်တော်တွင် သီလဂုဏ်၊သမာဓိဂုဏ်၊ပညာဂုဏ်၊ ၀ိမုတ္တိဂုဏ်တော်၊၀ိမုတ္တိဉာဏ ဒဿနဂုဏ်တော်မြတ်များအပြင်၊ ကိုယ်တော်မြတ်၏ ရူပကာယကိုယ်ခန္ဓာအပြင်တော်တွ င်လည်း၊မဟာပုရိသလက္ခဏာတော်ကြီး (၃၂)နှစ်ပါး။ လက္ခဏာတော်(၈၀) နှင့် (၁၀၈)ကွက်စက်လက္ခဏာတော်မျာြး ဖင့် ကြည်ညိုဖွယ်ရာပါရှိလေ၏။
ထိုလက္ခဏာတော်တို့တွင် မဟာပုရိသလက္ခဏာတော်(၃၂)ပါးမှာ-
1. မြေပြင်တွင်ကို ခြေဖ၀ါးတော်ဖြင့် နင်းလိုက်သောအခါတွင် တစ်ပြေးတည်းညီညွတ်သော ဖ၀ါးတော်အပြင်ရှိခြင်း လက္ခဏာတော်တစ်ပါး။
2. ခြေဖ၀ါးတော်နှစ်ဖက်တို့သည် တစ်ထောင်သော အကန့်အကွက် ပုံတောင်းချက်နှင့်ပြည့်စုံ
သော တစ်ရာ့ရှစ်ကွက်သော စက်လက္ခဏာတော်များနှင့် ပြည့်စုံခြင်းတည်းဟူသော လက္ခဏာတော်တစ်ပါး။
3. ရှည်လျားသော ဖနောင့်တော်ရှိခြင်းတည်းဟူေ သာ လက္ခဏာတော်တစ်ပါး။
4. ရှည်လျား သွယ်တန်းသော ခြေချောင်းတော်လက်ချောင်းတော်ရှိခြင်းတည်းဟူသောလက္ခာတော် တစ်ပါး။
5. နူးညံ့ သိမ်မွေ့လှစွာသော လက်ဖ၀ါးတော် ခြေဖ၀ါးတော် အပြင်ရှိခြင်တည်းဟူသော လက္ခဏာတော်တစ်ပါး။
6. လေးသွန်းနန်းတံခါးတွင် စိုက်စီထားသော ရွှေပွတ်လုံး(ဇာလီတိုင်)ကဲ့သို့ ခြေချောင်းတော် လက်ချောင်းတော်တို့သည် အပိုအလို ရှည်တိုမနေပဲ တညီတညွတ်တည်းသော လက္ခဏာတော် တစ်ပါး။
7. ဖမိုးတော်မှ အထက်သို့ လက်လေးသစ်တက်၍ မြူမလိမ်းတွယ် စဉ်းငယ်မြင့်တော် ခြေဖမျက်တော်ရှိခြင်းတည်းဟူ သော လက္ခဏာတော်တစ်ပါး။
8. ဧဏီမည်သော သားကောင်၏ သလုံးမြင်းနှင့်တူသော သလုံးမြင်းခေါင်းတော်ရှိခြင်းတည်းဟူသော လက္ခဏာတော်တစ်ပါး။
9. ရပ်တော်မူနေလျှက်ပင် ကိုယ်တော်ကို မကိုင်းညွတ်ပဲ လက်ဖုဝါးတော်နှစ်ဖက်ဖြင့် ပုဆစ်ဒူဝန်တော်နှစ်ဖက်ကို သုံးသတ်ထိတွေ့နိုင်ခြင်းတည်းဟူသော လက္ခဏာတော်တစ်ပါး။
10. အအိမ်ဖြင့် ဖုံးလွှမ်းအပ်သော ယေက်ျားမြတ်နိမိတ်ရှိတော်မူခြင်း တည်းဟူသော လက္ခဏာတော်တစ်ပါး။
11. ဇမ္ဗူရာဇ် သိင်္ဂီရွှေစင်ကဲ့သို့ ၀ါဝင်းသော အသရေတော်ရှိတော်မူခြင်းတည်း ဟူသော လက္ခဏာတော်တစ်ပါး။
12. သိမ်မွေ့သော အသရေတော်ရှိခြင်း(ပွေး၊ညှင်း၊တစ်းတိမ်၊မှဲ့၊၀က်ခြံစသော အညစ်အကြေးမရှိခြင်း) လက္ခဏာတော် တစ်ပါး။
13. မွေးညင်းတွင်းတစ်တွင်းစီတွင် မွေးညင်းတော် တစ်ပင်စီ တစ်ပင်စီသာ ပေါက်ရောက်ခြင်း လက္ခဏာတော်တစ်ပါး။
14. မျက်နှာတော်ကို မော်၍ဖူးရသည့်ပမာ အထက်သို့ညွှတ်သော အဖျားကော့သော မွေးညင်းတော်ရှိခြင်းတည်းဟူ သော လက္ခဏာတော်တစ်ပါး။
15. ဗြဟ္မာမင်း၏ ကိုယ်ကဲ့သို့ လည်ကုတ်၊ခါး၊ပဆစ်ဒူး၊သုံးပါးသော အရပ်တို့၌ မကိုင်းမညွှတ် ဖြောင့်မတ်သော ကိုယ်ခန္ဓာရှိတော်မူခြင်း တည်းဟူသော လက္ခဏာတော်တစ်ပါး။
16. ခြေဖမိုးတော်နှစ်ဖက်၊ လက်ဖမိုးတော်နှစ်ဖက်၊ ဖခုံးတော်နှစ်ဖက် ၊ လည်ကုတ်တော်ဟုဆိုအပ်သော ဤခုနှစ်ဋ္ဌာနတို့၌ ပြည့်ဖြိုးသော အသားတော်ရှိတော်မူခြင်းတည်း ဟူသော လက္ခဏာတော်တစ်ပါး။
17. ခြင်္သေ့ မင်း၏ ရှေ့ပိုင်းကိုယ်ကဲ့သို့ အောင်မောင်းပြည့်ဖြိုးခန့်ညားသော လက္ခာတော်တစ်ပါး။
18. ခါးတော်မှစ၍ အထက်လည်ကုတ်တော်တိုင်အောင် လက်ပြင်တော်နှစ်ဖက်နောက် အလယ်ကျောပြင်သည် ချိုင့်နိပ့်ခြင်းမရှိ ပကတိပြည့်ဖြိုးစင်သော ကျောက်ကုန်တော်ရှိတော်မူခြင်းလက္ခဏာတော်တစ်ပါး။
19. အရပ်တော်နှင့် အလံတော် ညီမျှသဖြင့် ပညောင်ပင် အ၀န်းကဲ့သို့ ၀န်းသော(၀ိုင်းချောသော) ကိုယ်တော်ရှိတော်မူခြင်း လက္ခဏာတော် တစ်ပါး။
20. ညီလည်းညီညွတ် လုံးလည်းလုံးသော လည်တိုင်ရှိတော်မူခြင်း လက္ခဏာတော်တစ်ပါး။
21. အငယ်ငယ်သော နှမ်းစေ့လုံးခန့်မျှသော အရသာကို သုံးဆောင်မှီဝဲသောအခါ တစ်ကိုယ်တော်လုံး အရသာကို ပျံ့နှံ့အောင် ဆောင်နိုင်သည့် ခုနှစ်ထောင်သောအကြောတို့ အဖျားခြင်းအပ် လည်မှာစွတ်လျှက်ရှိခြင်းလက္ခ ဏာတော်တစ်ပါး။
22. ခြင်္သေ့မင်း၏ မေးကဲ့သို့(ပြုံးတော်မူတော့ မည့် သဏ္ဍာန်သွေးနေသည့်)မေးတော်ရှိ တော်မူခြင်း လက္ခဏာတော် တစ်ပါး။
23. သွားတော်လေးဆယ် အစေ့အငှ ရှိတော်မူခြင်းလက္ခဏာတော်တစ် ပါး။
24. ညီညွတ်စဉ်တန်းသော သွားတော်ရှိတော်မူခြင်း လက္ခဏာတော်တစ်ပါး။
25. မကျဲ-မကွာ၊စေ့စပ်သော သွားတော်ရှိတော်မူခြင်း လက္ခဏာတော် တစစ်ပါး။
26. သောက်ရူးကြယ်ပမာ လွန်စွာဖြူစင်စင်ကြယ်သော အရောင်တစ်လက်လက်ထွက်သည့် စွယ်တော်မြတ်လေးဆူ ရှိတော်မူခြင်း လက္ခဏာတော်တစ်ပါး။
27. ရှည်လျား၊နူးညံ့၊ကျယ်ပြန့်ေ သာ လျှာတော်ရှိတော်မူခြင်းလက္ခဏာတော်တစ်ပါး။
28. အင်္ဂါ(၈)ပါးနှင့် ပြည့်စုံသော အသံတော်ရှိမူခြင်းလက္ခဏာတော် တစ်ပါး။
(အသံတော်(၈)ပါးကား)
၁။ ၀ိသဋ္ဌ - သန့်ရှင်းစင်ကြယ်သာယာနာပျော်ဖွယ်ရှိခြင်း ၊
၂။ မဉ္ဖူ - ညိမ့်ညောင်းသာယာခြင်း ၊
၃။ ၀ိညေယျ - သိလွယ်၊မှတ်သားရလွယ်ခြင်း ၊
၎။ သ၀နီယ - ထပ်ခါထပ်ခါနာချင်ဖွယ်ရှိခြင်း ၊
၅။ ဗိန္ဒူ - တလုံးတစည်းထည်း ရှိခြင်း ၊
၆။ အ၀ိသာရီ - ပရိသတ်အပြင်သို့ ပြန့်မထွက်ခြင်း ၊
၇။ ဂမ္ဘီရ - နက်နဲခြင်း ၊
၈။ နိန္နာဒိ - ပဲ့တင်ထပ်ခြင်း(echo)အသံတော်ရှိခြင်း
ဟူ၍ မြတ်စွာဘုရား၏ ကြည်ညိုဖွယ်ရာ အသံတော်(၈)ပါးဖြစ်ပါသည်။
29. အလွန်ညိုဝန်းကြည်လင်သော မျက်လုံးတော်ရှိမူခြင်းလက္ခဏာတော်တစ်ပါး။
30. အလွန်နူးညံ့သော မျက်မွေးတော်ရှိတော်မူခြင်း လက္ခဏာတော်တစ်ပါး။
31. မျက်မှောင်တော်(မျက်ခုံး)နှ စ်ဖက်၏ အလယ်၌ ဥဏ္ဏလုံး-မွေးရှင်တော် ပေါက်ရောက်တော်မူခြင်း လက္ခဏာတော်တစ်ပါး။
32. နဖူးတော်သည် သင်းကျစ်ရွှေပြား တပ်စီထားသကဲ့သို့ လက်ျာတော် တပန်းအစွန်းမှ လက်ဝဲတော် နပန်းအစွန်းအထိ တက်သော နဖူးသင်းကျစ်တော် အသားလွှာပါရှိခြင်းလက္ခဏာတော် တစ်ပါး။
ဤသည်ကား ဘုရားအလောင်းတော်မြတ်၏ မဟာပုရိသလက္ခဏာတော်(၃၂)ပါးတို့ပင်ဖြစ်ပါသည်.။
(မှတ်ချက်) မြတ်ဗုဒ္ဓ၏ လက္ခဏာတော်ငယ်(၈၀) နှင့် (၁၀၈)ကွက် စက်လက္ခဏာတော်တို့အား နောင်တွင် အလျင်သင့်သလို့ ရေးသားဖော်ပြပေးပါမည်။
(မိမိအကျိုး၊တပါးသူတို့၏အကျိုး၊သည်ပိုးနိုင်သူများဖြစ် ကြပါစေ)
လမ်းပြကြယ်တံခွန် ဆိုက်မှ ကူယူဖြန့်ဝေသည်။

ဗုဒ္ဓဘုရားရှင်တော်တို့သည် ဘ၀များစွာမရေမတွက်နိုင်အောင
ထိုလက္ခဏာတော်တို့တွင် မဟာပုရိသလက္ခဏာတော်(၃၂)ပါးမှ
1. မြေပြင်တွင်ကို ခြေဖ၀ါးတော်ဖြင့် နင်းလိုက်သောအခါတွင် တစ်ပြေးတည်းညီညွတ်သော ဖ၀ါးတော်အပြင်ရှိခြင်း လက္ခဏာတော်တစ်ပါး။
2. ခြေဖ၀ါးတော်နှစ်ဖက်တို့သည် တစ်ထောင်သော အကန့်အကွက် ပုံတောင်းချက်နှင့်ပြည့်စုံ
3. ရှည်လျားသော ဖနောင့်တော်ရှိခြင်းတည်းဟူေ
4. ရှည်လျား သွယ်တန်းသော ခြေချောင်းတော်လက်ချောင်းတေ
5. နူးညံ့ သိမ်မွေ့လှစွာသော လက်ဖ၀ါးတော် ခြေဖ၀ါးတော် အပြင်ရှိခြင်တည်းဟူသော လက္ခဏာတော်တစ်ပါး။
6. လေးသွန်းနန်းတံခါးတွင် စိုက်စီထားသော ရွှေပွတ်လုံး(ဇာလီတိုင်)ကဲ့သ
7. ဖမိုးတော်မှ အထက်သို့ လက်လေးသစ်တက်၍ မြူမလိမ်းတွယ် စဉ်းငယ်မြင့်တော် ခြေဖမျက်တော်ရှိခြင်းတည်းဟူ
8. ဧဏီမည်သော သားကောင်၏ သလုံးမြင်းနှင့်တူသော သလုံးမြင်းခေါင်းတော်ရှိခြင
9. ရပ်တော်မူနေလျှက်ပင် ကိုယ်တော်ကို မကိုင်းညွတ်ပဲ လက်ဖုဝါးတော်နှစ်ဖက်ဖြင့် ပုဆစ်ဒူဝန်တော်နှစ်ဖက်ကို သုံးသတ်ထိတွေ့နိုင်ခြင်းတည်
10. အအိမ်ဖြင့် ဖုံးလွှမ်းအပ်သော ယေက်ျားမြတ်နိမိတ်ရှိတော်မူခြင်း တည်းဟူသော လက္ခဏာတော်တစ်ပါး။
11. ဇမ္ဗူရာဇ် သိင်္ဂီရွှေစင်ကဲ့သို့ ၀ါဝင်းသော အသရေတော်ရှိတော်မူခြင်းတည်း
12. သိမ်မွေ့သော အသရေတော်ရှိခြင်း(ပွေး၊ညှင်
13. မွေးညင်းတွင်းတစ်တွင်းစီတွင
14. မျက်နှာတော်ကို မော်၍ဖူးရသည့်ပမာ အထက်သို့ညွှတ်သော အဖျားကော့သော မွေးညင်းတော်ရှိခြင်းတည်းဟူ
15. ဗြဟ္မာမင်း၏ ကိုယ်ကဲ့သို့ လည်ကုတ်၊ခါး၊ပဆစ်ဒူး၊သုံးပါ
16. ခြေဖမိုးတော်နှစ်ဖက်၊ လက်ဖမိုးတော်နှစ်ဖက်၊ ဖခုံးတော်နှစ်ဖက် ၊ လည်ကုတ်တော်ဟုဆိုအပ်သော ဤခုနှစ်ဋ္ဌာနတို့၌ ပြည့်ဖြိုးသော အသားတော်ရှိတော်မူခြင်းတည်း
17. ခြင်္သေ့ မင်း၏ ရှေ့ပိုင်းကိုယ်ကဲ့သို့ အောင်မောင်းပြည့်ဖြိုးခန့်ည
18. ခါးတော်မှစ၍ အထက်လည်ကုတ်တော်တိုင်အောင် လက်ပြင်တော်နှစ်ဖက်နောက် အလယ်ကျောပြင်သည် ချိုင့်နိပ့်ခြင်းမရှိ ပကတိပြည့်ဖြိုးစင်သော ကျောက်ကုန်တော်ရှိတော်မူခြင
19. အရပ်တော်နှင့် အလံတော် ညီမျှသဖြင့် ပညောင်ပင် အ၀န်းကဲ့သို့ ၀န်းသော(၀ိုင်းချောသော) ကိုယ်တော်ရှိတော်မူခြင်း လက္ခဏာတော် တစ်ပါး။
20. ညီလည်းညီညွတ် လုံးလည်းလုံးသော လည်တိုင်ရှိတော်မူခြင်း လက္ခဏာတော်တစ်ပါး။
21. အငယ်ငယ်သော နှမ်းစေ့လုံးခန့်မျှသော အရသာကို သုံးဆောင်မှီဝဲသောအခါ တစ်ကိုယ်တော်လုံး အရသာကို ပျံ့နှံ့အောင် ဆောင်နိုင်သည့် ခုနှစ်ထောင်သောအကြောတို့ အဖျားခြင်းအပ် လည်မှာစွတ်လျှက်ရှိခြင်းလက္ခ
22. ခြင်္သေ့မင်း၏ မေးကဲ့သို့(ပြုံးတော်မူတော့
23. သွားတော်လေးဆယ် အစေ့အငှ ရှိတော်မူခြင်းလက္ခဏာတော်တစ်
24. ညီညွတ်စဉ်တန်းသော သွားတော်ရှိတော်မူခြင်း လက္ခဏာတော်တစ်ပါး။
25. မကျဲ-မကွာ၊စေ့စပ်သော သွားတော်ရှိတော်မူခြင်း လက္ခဏာတော် တစစ်ပါး။
26. သောက်ရူးကြယ်ပမာ လွန်စွာဖြူစင်စင်ကြယ်သော အရောင်တစ်လက်လက်ထွက်သည့် စွယ်တော်မြတ်လေးဆူ ရှိတော်မူခြင်း လက္ခဏာတော်တစ်ပါး။
27. ရှည်လျား၊နူးညံ့၊ကျယ်ပြန့်ေ
28. အင်္ဂါ(၈)ပါးနှင့် ပြည့်စုံသော အသံတော်ရှိမူခြင်းလက္ခဏာတော်
(အသံတော်(၈)ပါးကား)
၁။ ၀ိသဋ္ဌ - သန့်ရှင်းစင်ကြယ်သာယာနာပျော
၂။ မဉ္ဖူ - ညိမ့်ညောင်းသာယာခြင်း ၊
၃။ ၀ိညေယျ - သိလွယ်၊မှတ်သားရလွယ်ခြင်း ၊
၎။ သ၀နီယ - ထပ်ခါထပ်ခါနာချင်ဖွယ်ရှိခြင
၅။ ဗိန္ဒူ - တလုံးတစည်းထည်း ရှိခြင်း ၊
၆။ အ၀ိသာရီ - ပရိသတ်အပြင်သို့ ပြန့်မထွက်ခြင်း ၊
၇။ ဂမ္ဘီရ - နက်နဲခြင်း ၊
၈။ နိန္နာဒိ - ပဲ့တင်ထပ်ခြင်း(echo)အသံတော
ဟူ၍ မြတ်စွာဘုရား၏ ကြည်ညိုဖွယ်ရာ အသံတော်(၈)ပါးဖြစ်ပါသည်။
29. အလွန်ညိုဝန်းကြည်လင်သော မျက်လုံးတော်ရှိမူခြင်းလက္ခဏ
30. အလွန်နူးညံ့သော မျက်မွေးတော်ရှိတော်မူခြင်း
31. မျက်မှောင်တော်(မျက်ခုံး)နှ
32. နဖူးတော်သည် သင်းကျစ်ရွှေပြား တပ်စီထားသကဲ့သို့ လက်ျာတော် တပန်းအစွန်းမှ လက်ဝဲတော် နပန်းအစွန်းအထိ တက်သော နဖူးသင်းကျစ်တော် အသားလွှာပါရှိခြင်းလက္ခဏာတော်
ဤသည်ကား ဘုရားအလောင်းတော်မြတ်၏ မဟာပုရိသလက္ခဏာတော်(၃၂)ပါးတိ
(မှတ်ချက်) မြတ်ဗုဒ္ဓ၏ လက္ခဏာတော်ငယ်(၈၀) နှင့် (၁၀၈)ကွက် စက်လက္ခဏာတော်တို့အား နောင်တွင် အလျင်သင့်သလို့ ရေးသားဖော်ပြပေးပါမည်။
(မိမိအကျိုး၊တပါးသူတို့၏အကျ
လမ်းပြကြယ်တံခွန် ဆိုက်မှ ကူယူဖြန့်ဝေသည်။
facebook မှာလည်း အားပေးပါအုံး
https://www.facebook.com/pages/%E1%80%99%E1%80%AF%E1%80%AD%E1%80%B8%E1%80%B1%E1%80%99%E1%80%BA%E1%80%BD%E1%80%AC%E1%80%B9%E1%80%9B%E1%80%B2-%E1%80%B7%E1%80%99%E1%80%BD%E1%80%90%E1%80%B9%E1%80%85%E1%80%AF%E1%80%B1%E1%80%9C%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8/502443719871530
0 comments:
Post a Comment