Popular Posts

Music

Powered by Blogger.

Movies

Games

Pictures

Slider

Flickr Images

Blog Archive

Sports

Blogger templates

Blogroll

မိုးမျှော် (မင်းတုန်း) ဆိုက်ကလေးကို လာသူများစိတ်၏ချမ်းသာခြင်းနှင့်ပြည့်စုံပါစေခင်ဗျာ

About

Pages - Menu

အခွင့်ရေးမရပါက

ကျွန်တော်အရင်ရေးခဲ့တာကထိုင်းရောက်ရွှေ့ပြောင်းအလုပ်သမားများ၏ အခြေခံအခွင့်ရေးဖြစ်ပါသည်။  

 အခု Post သည် ၎င်းနှင့်ဆက်စပ်နေပေသည်။

ကျွန်တော်သိသလောက် ရေးပေးပါ့မယ်ခင်ဗျာ တစ်ခုသိထားရမှာက အလုပ်သမားများ

အခွင့်ရေးကိုအလုပ်သမားများကသာတောင်းဆိုပိုင်ခွင့်ရှသည်။ ကိုရမယ့်အခွင့်ရေးကို

ဘယ်သူကမှ လာပြီးလုပ်ပေးမည်မဟုတ်ပါ ကိုတိုင်တောင်းဆိုမှာတာ ရမည်ဖြစ်ပါသည်။

ကျွန်တော်အရင်ရေးမှာက နားရက်မှာအလုပ်ဆင်းရရင် ရမည့်အခွင့်ရေးပါခင်ဗျာ

နားရက်များနှင့်အလုပ်ပိတ်ရက်များတွင် နေ့စားခခံစားပိုင်ခွင့်ရှိသည်။ 

နေ့စားခအလုပ်သမားများသည် အလုပ်ပိတ်ရက်များတွင် အလုပ်လုပ်ရပါက

တစ်နေ့ပုံမှန်လုပ်အားခ၏ (၂)ဆ (၃၀၀+၂=၆၀၀)ဘတ်ကို ခံစားပိုင်ခွင့်ရှိပါသည်။

အကယ်၍မိမိအလုပ်ရုံ၌ အထက်ပါဖော်ပြထားသော အခွင့်ရေးများမရရှိပါက                        အလုပ်ရှင်ထံ တောင်းဆိုပိုင်ခွင့်ရှိသည်။


တောင်းဆိုရာတွင် တစ်ဦးတစ်ယောက်တည်းတောင်းဆိုတာထက်

မိမိတို့၏ အလုပ်လုပ်နေကြသော အလုပ်သမားများအားလုံး စုပေါင်းပြီး မိမိတို့၏

အခတ်အခဲများကို အလုပ်ရှင်ထံတင်ပြပြီးတောင်းဆိုခြင်းသည် ပိုပြီးထိရောက်ပါသည်။

သို့သော်တောင်းဆိုမှုများကို အလုပ်ရှင်များက ငြင်းပယ်ခဲ့ပါက သက်ဆိုင်ရာအစိုးရဌါန

(သို့မဟုတ်) အစိုးရမဟုတ်သော (NGO) အဖွဲ့စည်းများဖြစ်ကြသည့် ဥပမာ

HRDF,RUKS Thai, LPN လိုအဖွဲ့စည်းများကို (NGO) အဖွဲ့စည်းလို့ခေါ်သည်။

ထိုင်းနိုင်ငံမဟာချိုင်မြို့မှာတော့ MWRN လို့ခေါ်တဲ့ Migrant Worker Right Network

ရွှေ့ပြောင်းအလုပ်သမားများအတွက်အခွင့်ရေးကွန်ရက်မှ ကူညီပေးနေသည်ဟု

သိရသည် ဒီလိုအဖွဲ့စည်းများနှင့် ပူပေါင်းဆောင်ရွက်ပါက အောင်မြင်မှုပိုမိုရရှိနိုင်ပါသည်။

ထိုင်းဘာသာ စကားကျွမ်းကျင်မှုမရှိလို့ အမှားများရှိပါကထောက်ပြနိုင်ပါသည်။

အလုပ်သမားတစ်ယောက်ဖြစ်သည့်အတွက် အလုပ်သမားများ အခွင့်ရေးကိုတောင်းဆို

ရဲကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

 အားလုံးကိုကျေးဇူးတင်းလျှက် မိုးမျှော် (မင်းတုန်း)
< >
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

Get Update Article on FacebookX

Find Us on Facebook

Get Update Article on Google+X

Follow Us on Google+